Celebrity


Written by Ms Cele





Credit:Swelsone News

မင်းသမီး ဖြစ်ပြီး ရုပ်မချောလို့ ဝေဖန်ခံ နေရတဲ့ အကြောင်းကို ဝမ်းနည်းစွာနဲ့ ပြောပြ လာတဲ့ ဝေလာရီ

အနုပညာ အလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ရင်း ပရိသတ် တွေပေးတဲ့ နေရာတစ်နေရာ ရရှိပိုင်ဆိုင်ထား သူကတော့ သရုပ်ဆောင် မင်းသမီး ချောလေး ဝေလာရီပဲ ဖြစ်ပါတယ်။ သူမဟာ ရုပ်သံ ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ရာမှ တစ်ဆင့် အနုပညာ လောကထဲကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ရိုးရိုးယဉ်ယဉ် ဝတ်စား တတ်တဲ့ ဝေလာရီရဲ့ ပုံစံလေးကို ပရိသတ်တွေက ချစ်မဝ ဖြစ်နေကြ တာလည်း ဖြစ်ပါတယ်။

ဝေလာရီက မင်းသမီးဖြစ်ပြီး ရုပ်မချောလို့ ဝေဖန်ခံရတဲ့ အကြောင်းကို ဝမ်းနည်း မျက်ရည်တွေနဲ့ ပြောပြလာတာ ပဲဖြစ်ပါတယ်။ ဝေလာရီက ” “ဘဝမှာ မင်းသမီး နေရာကနေ သရုပ်ဆောင်ခွင့် ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ အလုပ်တွေ အများကြီး လုပ်ရပြီး၊ ဝင်ငွေတွေ ရှာနိုင်လိမ့်မယ် လို့လည်း မထင်ထားဘူး။ မင်းသမီး ဖြစ်ပြီး ရုပ်လည်း မချော၊ ခန္ဓာကိုယ်လည်း မလှတော့ အရမ်း ဝေဖန်ခံ ခဲ့ရတယ်။ မျက်လုံး စောင်းနေတယ်.. ခါးတုတ် တယ် လို့ အမျိုးမျိုး Shaming လုပ်ကြတော့ စိတ်ထိခိုက် ခဲ့ရတယ်” လို့ ပြောလာခဲ့ပါတယ်။

လတ်တလော မှာတော့ ဝေလာရီက MRTV4 နဲ့ ဇာတ်လမ်းတွဲ အသစ်တစ်ခု ရိုက်နေကြောင်းကို လဲပြောခဲ့ပါသေးတယ်။ ပရိသတ်ကြီး အတွက် ဝေလာရီရဲ့ interview ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက် ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment