Celebrity


Written by Ms Cele





Credit:Swelsone News

မင်းသားချောလေး Francis Leo နဲ့တွဲဖက်ပြီး ခပ်မိုက်မိုက် ပုံရိပ်လေးတွေကို ပရိသတ်တွေဆီ ချပြလာတဲ့ဖြူဖြူထွေး

ပရိသတ်ကြီးတို့ရဲ့ အချစ်တော် သရုပ်ဆောင်ကြော်ငြာ မင်းသမီးချောလေး ဖြူဖြူထွေး ကတော့ သရုပ်ဆောင် ကောင်းသလို ချစ်စရာလည်းကောင်းပြီး နာမည်လေးလိုက်အောင် ဖြူစင်သူလေးမို့ ပရိသတ်တွေ အားလုံးက အချစ်ပိုနေကြတာပါ..။
ဟာသဗီဒီယိုလေးတွေ နဲ့အတူ ပရိသတ်အားပေးမှုတွေကို ရရှိခဲ့တဲ့ ဖြူဖြူထွေးလေး ကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးကာ ကြော်ငြာတွေလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးနေပြီး အောင်မြက်ကျော်ကြားတဲ့ အနုပညာရှင် တစ်ယောက်အဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်နော်..။

ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်ပြီး ချစ်စရာကောင်းတဲ့ ဖြူဖြူထွေး ကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ ရှိသလို အခုတစ်ခါမှာလည်း ကြည်နူးစရာကောင်းပြီး လိုက်ဖက်လွန်းတဲ့ စုံတွဲပုံလေးကို ချပြလာပါတယ်နော်..။”MTV ရိုက်ကူးရေးထဲက ပုံရိပ်လေးများ🌸..” ဆိုပြီး ပရိသတ်တွေ အံသြသွားအောင်ကို မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေး Francis Leo နဲ့အတူ MTV ရိုက်ကွင်းပေါ်က ကြည်နူးစရာကောင်းပြီး လိုက်ဖက်လွန်းတဲ့ စုံတွဲပုံရိပ်လေးတွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

ရိုက်ကွင်းပုံရိပ်လေးတွေ မှာတော့ တစ်ယောက်နဲ့ တစ်ယောက်ကြင်ကြင်နာနာလေးနဲ့ ချစ်စရာကောင်းပြီး ကြည်ကြည်နူးနူးလေးနဲ့ လိုက်ဖက်လွန်းပြီး မြင်သူတိုင်းကို အချစ်ပိုသဘောကျစေတာကိုလည်း ပရိသတ်တွေ မြင်တွေ့ရမှာပါနော်..။ကဲ.. ဒီကနေ့လေးမှာတော့ ပရိသတ်တွေအံ့သြသွား လောက်အောင်ကို လိုက်ဖက်ညီညီနဲ့ MTV လေးရိုက်ကူးနေကြတဲ့ မင်းသားချောလေး Francis Leo နဲ့ ဖြူဖြူထွေးတို့ရဲ့ ကြည်နူးပျော်စရာ ပုံရိပ်လေးတွေကို ဝေမျှလိုက်တာမို့ အားလုံးပဲ သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Credit:Swelsone News

About the author

Ms Cele

Leave a Comment