Celebrity


Written by Ms Cele





Credit:Cele Gabar

မင်းသား မဖြစ်ခင် အချိန်က ဟိန်းဝေယံနဲ့ တူလို့လိုက်ငေးတာခံခဲ့ ရကြောင်း ပြောပြလာတဲ့ ဇေရဲထက်

ပရိသတ် အချစ်တော် မင်းသားချောလေး ဇေရဲထက် ကတော့ လွန်ခဲ့တဲ့ ၂၀၁၀ မင်းသား မဖြစ်ခင်က အမှတ်တရတွေကို ပရိသတ်တွေ ကို မျှဝေပေးလာခဲ့ပါတယ် ။ သင်တန်း သွားရင်း သူငယ်ချင်းတွေနဲ့ ပုလဲကွန်ဒိုအောက် က ထိုင်းစားလေး တွေနဲ့ ရန်ကင်းစင်တာရှေ့က ကြက်ကင်စား ခဲ့ကြသလို လိုင်းကား (၃၃)ကားစီးရင်း မူးနောက်အိပ်ပျော်သွား ပြီး ဂိတ်ဆုံးထိ ပါသွားခဲ့ဖူးတဲ့ ငယ်ဘဝ အမှတ်တရတွေကိုပြောပြလာခဲ့တာပါ ။

ပျော်စရာတွေရော ငိုခဲ့ရတာ တွေရော စိတ်ညစ်စရာတွေရော ကြုံခဲ့ရပြီး ပိုက်ဆံ မရှိလို့ သူငယ်ချင်းက model showက ရတဲ့ပိုက်ဆံနဲ့ ငါးကင်တွေဝယ် ကျွေးခဲ့ရတယ်လို့လည်း မအောင်မြင်ခင်က အမှတ်တရတွေကို ပြောပြခဲ့ပါတယ် ။ လှည်းတန်းမှာ ဘောင်းဘီတို တီရှပ်နဲ့ သွားရင် ဟိန်းဝေယံနဲ့တူလို ့ဆိုပြီး လူတကာ ငေးခဲ့ကြတာလည်း ငယ်ဘဝ အမှတ်တရတွေထဲက တစ်ခုပါတဲ ပရိသတ်ကြီးရေ ..။

အရင်က မြို့ထဲ လမ်းလျှောက် သွားပြီး ဆူးလေးဘုရားပေါ်သွား ကုန်းတံတားတွေ ဆင်း ခဲ့ရတာကို အဲ့ဒီအချိန်တုန်းက ပင်ပန်းခဲ့တယ် ထင်ရပေမယ့် အခုချိန်အဲဒီ အရသာတွေမရတော့ သလို ပျော်ရွှင်လွှတ်လပ်စွာ မိုးရေထဲ ခုန်ပေါက်ပြေးဆော့လို့လည်း မရတော့ တဲ့အတွက် တစ်ခါက မေ့မရနိုင်တဲ့ အမှတ်တရလေးတွေကို တမ်းတမ်း တတနဲ့ ပြန်လည်ပြောပြခဲ့တာဖြစ်ပါတယ် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment