Celebrity


Written by Ms Cele






မင်းမော်ကွန်းရဲ့ သမီးလေး မွေးနေ့မှာ ကိုယ်တိုင် ဗီဒီယိုလေးရိုက်ပြီး ဆုတောင်းပေး လိုက်တဲ့ ထွန်းထွန်း

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားချော နှစ်ယောက်ဖြစ်တဲ့ ထွန်းထွန်း နဲ့ မင်းမော်ကွန်း က အနုပညာ အလုပ်တွေကို အတူတူ တွဲဖက် လုပ်ကိုင်ခဲ့ကြပြီး နောက်ဆုံး ရိုက်ကူး ခဲ့တဲ့ “လေးပါးကျော့ရှိန် ဝရဇိန်” ရုပ်ရှင်ဇာတ်ကား မှာလည်း ပရိသတ်တွေ ရဲ့ ချီးကျူးခြင်း ကို ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ထွန်းထွန်းနဲ့ မင်းမော်ကွန်းက နှင်းဆီ အဖွဲ့နဲ့အတူတူ လူရွှင်တော် တွေအဖြစ် ပါဝင်ေ နကြပြီး တစ်ယောက်နဲ့ တစ်ယောက် ညီအစ်ကိုရင်းတွေလို ခင်မင်ရင်းနှီးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၂၁) ရက်နေ့ ကတော့ မင်းမော်ကွန်း ရဲ့ တစ်ဦးတည်းသော သမီးလေး လေပြေသွေးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ထွန်းထွန်း ကလည်း သူလေးစား ချစ်ခင်ရတဲ့ မင်းမော်ကွန်းရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးအတွက် သူကိုယ်တိုင် ဗီဒီယိုလေး ကို ရိုက်ကူးပြီး လေပြေသွေးအတွက် ဖြစ်စေချင်တဲ့ ဆန္ဒတွေနဲ့အ တူတူ မွေးနေ့ဆုမွန် ကောင်းတောင်း ပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

လေပြေသွေးလေး ကတော့ ဖေဖေမင်းမော်ကွန်းနဲ့ မေမေ သင်ဇာတို့ရဲ့ အချောအလှတွေ စုပြုံထားသလား မှတ်ရအောင် နိုင်ငံခြားသူလေးလို လှသွေးကြွယ် လာခဲ့ပြီပဲ ဖြစ်ပါတယ်။ လေပြေသွေးလေး လည်း ဦးဦးထွန်းထွန်းရဲ့ ဆုတောင်းခြင်းတွေနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေး လိုက်ပါ တယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး လည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment