Celebrity


Written by Ms Cele





မဆုံး ခင် အချိန် လေး မှာ ခင်ပွန်း ဖြစ်သူ အတွက် စာလေး တစ် စောင် ရေးပေး ခဲ့တဲ့ အဆို တော် မီးမီးခဲ

ပြည်သူ ချစ် တေးသံရှင် မီးမီးခဲ ကတော့ အောက်တိုဘာ ၁၆ ရက်နေ့က အားလုံးကို နှုတ်ဆက် ကာ ဘဝတပါးကို ပြောင်းလဲ ကွယ်လွန် ခဲ့ပါတယ်။ မီးမီးခဲကွယ်လွန်သွားတဲ့ အပေါ် အနုပညာရှင် အများအပြား ဝမ်းနည်း စကားဆို ခဲ့ကြသလို သူမနဲ့အမှတ်တရလေးတွေကိုလည်း ပြောကြားခဲ့ကြတာပါ ယနေ့မှာတော့ သူမရဲ့ ခင်ပွန်းဖြစ်သူက မီးမီးခဲ မကွယ်လွန်ခင် နောက်ဆုံးရေးသား ခဲ့တဲ့ စာလေးကို ဝေမျှပေးခဲ့ တာပဲ ဖြစ်ပါတယ်။ ဒါကတော့ ” မျှော်လင့်ချက် ကင်းမဲ့ချိန် ဘေးမှာ အမြဲရှိနေ ပေးတဲ့ ချစ်သူ ” ဆိုပြီး ရေးသား ထားတာကို ဝမ်းနည်းစွာဖြင့် ထုတ်ပြလာတာပဲ ဖြစ်ပါတယ်။

မီးမီးခဲရဲ့ခင်ပွန်းဖြစ်သူက “အယ်တုန်းရေ အယ် ကျွန်‌တော့် အတွက် ဒီစကားလေး ကို‌ နောက်ဆုံး ရေးခဲ့ ပေးတယ်(မျှော်လင့်ချက်ကင်းမဲ့ ချိန်မှာ ဘေးမှာ အမြဲရှိနေပေးတဲ့ ချစ်သူ) တဲ့။ အခု အယ်က ကျွန်တော့် ဘေးမှာ မရှိတော့ဘူး။ဒါပေမယ့် အယ်ကျွန်တော့် အတွက်ရေးပီး ဆိုထားတဲ့ (ငါ့ရဲ့မျက်ဝန်းညို) သီချင်းလေးလိုပဲ တစ်သက်လုံး ကျွန်တော်က အယ့် ရင်ဘတ် ထဲက မျက်ဝန်းညိုပါ I LOVE YOU SO MUCH EH” လို့ သူရဲ့ လူမှုကွန်ယက် စာမျက်နှာက တဆင့်ဝေမျှလာ ခဲ့တာဖြစ်ပါတယ်

မီးမီးခဲကတော့ ကင်ဆာ ရောဂါကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့ဖို့ အားအင်တွေပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူ ကို သူမ မဆုံးခင်မှာ စာလေး တစ်စောင်ချန်ထားခဲ့ပေး တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်း မီးမီးခဲ အတွက် ဆုတောင်းစကားလေး ပြောခဲ့ကြပါအုန်းနော်

About the author

Ms Cele

Leave a Comment