Celebrity

မတရားမႈကို ဆက္လက္ေတာ္လွန္ဖို႔ က်န္းမာေရးေကာင္းမြန္ ေနဖို႔ကလည္း အေရးႀကီးတဲ့အခ်က္ဆိုတာ မေမ့ေစခ်င္ဘူးလို႕ သတိေပးလိုက္တဲ့ မင္းေမာ္ကြန္း

Written by Ms Cele

မတရားမႈကို ဆက္လက္ေတာ္လွန္ဖို႔ က်န္းမာေရးေကာင္းမြန္ ေနဖို႔ကလည္း အေရးႀကီးတဲ့အခ်က္ဆိုတာ မေမ့ေစခ်င္ဘူးလို႕ သတိေပးလိုက္တဲ့ မင္းေမာ္ကြန္း

သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း ကေတာ့ ျမန္မာနိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ ရွားမႈမ်ားတြင္ ျပည္သူေတြနဲ႔အတူ ပူးေပါင္းပါဝင္ ခဲ့တဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။ အခုလိုပါဝင္ ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ (က) ျဖင့္တရားစြဲဆိုခံထားရတာ ျဖစ္ပါတယ္။ အေျခအေန အရပ္ရပ္ေၾကာင့္ တိမ္းေရွာင္ေနရေပမယ့္လည္း လူမႈကြန္ယက္မ်ားမွ တစ္ဆင့္ တတ္နိုင္ သေလာက္ speak out လုပ္ေပးေနတာ ျဖစ္ပါတယ္။

ပရိသတ္ေတြ ကေတာ့ မင္းေမာ္ကြန္းရဲ့ အားႀကိဳးမာန္တက္ ပါဝင္ေဆာင္ရြက္ ခဲ့တာကို ေလးစားအားက်ေနၾကတာ ျဖစ္ပါတယ္။ တိက်တဲ့ သတင္းအခ်က္မ်ားကိုလည္း အားလုံးကို ျပန္လည္ ေဝမၽွေပးေလ့ ရွိရာ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း မင္းေမာ္ကြန္းရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာမွာ ကိုဗစ္နဲ႔ပတ္သက္ၿပီး သတိေပး စကားေျပာၾကားလာတာ ျဖစ္ပါတယ္။ သူကေတာ့ လူထုလႈပ္ရွားမႈမ်ားတြင္ တက္ႂကြစြာ ပါဝင္ေဆာင္ရြက္ေနၾကသကဲ့သို႔ ကမၻာကိုၿခိမ္းေျခာက္ေနတဲ့ ကိုဗစ္တတိယလွိုင္းကို ဂ႐ုစိုက္ သင့္ေၾကာင္းကို

” ေတာ္လွန္သင့္တာ ေတာ္လွန္သလို ကာကြယ္သင့္တာကို ကာကြယ္ၾကမယ္​မတရားမႈကို ဆက္လက္ေတာ္ လွန္ဖို႔က်န္းမာေရး ေကာင္းမြန္ ေနဖို႔ကလည္းအေရးႀကီးတဲ့ အခ်က္ဆိုတာ မေမ့ေစခ်င္ပါ​ကၽြန္ေတာ္တို႔ အာဏာရွင္ကို ‌ေတာ္လွန္ၿပီးသူတို႔ထိုးေပးတဲ့ ကာကြယ္ေဆးေတြကို မထိုးပဲေနခဲ့ၾကတယ္ဒီအထိကအိုေကပါတယ္ ကၽြန္ေတာ္တို႔မိသားစု အားလုံးလည္း မထိုးပါထိုးလည္း ေဆးကိုသိုေလွာင္သိမ္းဆည္းပုံ မမွန္ကန္တဲ့အတြက္ ဘယ္လိုဆိုးႀကိဳးေတြရလာမလဲ မသိနိုင္ပါဒါေပမယ့္အရွိန္အဟုန္ ျပင္းျပင္းနဲ႔ကမၻာကိုၿခိမ္းေျခာက္ေန တဲ့တတိယလွိုင္းကိုေတာ့ ဂ႐ုမစိုက္လို႔မရပါဘူး ဒါဟာနိုင္ငံ့အေရး တိုင္းျပည္အေရးသာမကဘဲ လူသားမ်ိဳးႏြယ္အားလုံးရဲ့အသက္ရွင္က်န္းမာေရးျဖစ္လို႔အေရးႀကီးပါ တယ္ခင္မ်ာ

ေတာ္လွန္ေရးက ပိုအေရးႀကီးတယ္ ကိုဗစ္ကိုဂ႐ုစိုက္စရာ မလိုဘူးလို႔မေတြးေစခ်င္ပါဘူးႏွစ္ခုစလုံးက အေရးႀကီးပါတယ္ကၽြန္ေတာ္တို႔တိုင္းျပည္မွာ ပထမလွိုင္းနဲ႔ဒုတိယလွိုင္းကိုေအာင္ျမင္စြာေက်ာ္ျဖတ္နိုင္တာ ဘယ္သူေတြရဲ့ေက်းဇူးေၾကာင့္လည္းလူတိုင္းသိမွာ ပါအခုတတိယလွိုင္းကိုရင္ ဆိုင္ဖို႔အရင္တုန္းကလိုမ်ိဳးပံ့ပိုးမႈေတြ မရနိုင္ပါျပည့္ဝတဲ့က်န္းမာေရးေစာင့္ေရွာက္မႈေတြ လူတန္းစားမခြဲျခားတဲ့ကို ဗစ္စင္တာေတြေဆးကုသစရိတ္ အကုန္အက်ခံေပးမယ့္အစိုးရဒါေတြမပါဘဲ ရင္ဆိုင္ၾကရမွာပါ

အဲ့ဒီေတာ့ ကိုယ့္က်န္းမာေရးကို ဂ႐ုစိုက္ဖို႔လိုပါတယ္က်န္းမာမွလုပ္ခ်င္တာ ကိုလုပ္လို႔ရမယ္ ေတာ္လွန္ေရးမၿပီးေသးတဲ့အတြက္က်န္းမာေရးေကာင္းေနဖို႔ ပိုလိုအပ္ပါတယ္က်န္းမာေရးအသိ က်န္းမာေရးသတိနဲ႔ ကာကြယ္ၾကပါလို႔ေလးေလးနက္နက္အသိ ေပးခ်င္ပါတယ္ေတာ္လွန္သင့္ တာကိုေတာ္လွန္နိင္ဖို႔ ကာကြယ္သင့္ တာကို ကာကြယ္ၾကပါစို႔က်န္းမာေဘးကင္းၾကပါေစ ” ဆိုၿပီး ေရးသားထားတာ ျဖစ္ၿပီး ပရိသတ္ေတြ သတိျပဳကာကြယ္နိုင္ဖို႔ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ရပါ တယ္ေနာ္။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account
Credit

မတရားမှုကို ဆက်လက်တော်လှန်ဖို့ ကျန်းမာရေးကောင်းမွန် နေဖို့ကလည်း အရေးကြီးတဲ့အချက်ဆိုတာ မမေ့စေချင်ဘူးလို့ သတိပေးလိုက်တဲ့ မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်း ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ် ရှားမှုများတွင် ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင် ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အခုလိုပါဝင် ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ အခြေအနေ အရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း လူမှုကွန်ယက်များမှ တစ်ဆင့် တတ်နိုင် သလောက် speak out လုပ်ပေးနေတာ ဖြစ်ပါတယ်။

ပရိသတ်တွေ ကတော့ မင်းမော်ကွန်းရဲ့ အားကြိုးမာန်တက် ပါဝင်ဆောင်ရွက် ခဲ့တာကို လေးစားအားကျနေကြတာ ဖြစ်ပါတယ်။ တိကျတဲ့ သတင်းအချက်များကိုလည်း အားလုံးကို ပြန်လည် ဝေမျှပေးလေ့ ရှိရာ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်းရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ကိုဗစ်နဲ့ပတ်သက်ပြီး သတိပေး စကားပြောကြားလာတာ ဖြစ်ပါတယ်။ သူကတော့ လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသကဲ့သို့ ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ ကိုဗစ်တတိယလှိုင်းကို ဂရုစိုက် သင့်ကြောင်းကို

” တော်လှန်သင့်တာ တော်လှန်သလို ကာကွယ်သင့်တာကို ကာကွယ်ကြမယ်​မတရားမှုကို ဆက်လက်တော် လှန်ဖို့ကျန်းမာရေး ကောင်းမွန် နေဖို့ကလည်းအရေးကြီးတဲ့ အချက်ဆိုတာ မမေ့စေချင်ပါ​ကျွန်တော်တို့ အာဏာရှင်ကို ‌တော်လှန်ပြီးသူတို့ထိုးပေးတဲ့ ကာကွယ်ဆေးတွေကို မထိုးပဲနေခဲ့ကြတယ်ဒီအထိကအိုကေပါတယ် ကျွန်တော်တို့မိသားစု အားလုံးလည်း မထိုးပါထိုးလည်း ဆေးကိုသိုလှောင်သိမ်းဆည်းပုံ မမှန်ကန်တဲ့အတွက် ဘယ်လိုဆိုးကြိုးတွေရလာမလဲ မသိနိုင်ပါဒါပေမယ့်အရှိန်အဟုန် ပြင်းပြင်းနဲ့ကမ္ဘာကိုခြိမ်းခြောက်နေ တဲ့တတိယလှိုင်းကိုတော့ ဂရုမစိုက်လို့မရပါဘူး ဒါဟာနိုင်ငံ့အရေး တိုင်းပြည်အရေးသာမကဘဲ လူသားမျိုးနွယ်အားလုံးရဲ့အသက်ရှင်ကျန်းမာရေးဖြစ်လို့အရေးကြီးပါ တယ်ခင်မျာ

တော်လှန်ရေးက ပိုအရေးကြီးတယ် ကိုဗစ်ကိုဂရုစိုက်စရာ မလိုဘူးလို့မတွေးစေချင်ပါဘူးနှစ်ခုစလုံးက အရေးကြီးပါတယ်ကျွန်တော်တို့တိုင်းပြည်မှာ ပထမလှိုင်းနဲ့ဒုတိယလှိုင်းကိုအောင်မြင်စွာကျော်ဖြတ်နိုင်တာ ဘယ်သူတွေရဲ့ကျေးဇူးကြောင့်လည်းလူတိုင်းသိမှာ ပါအခုတတိယလှိုင်းကိုရင် ဆိုင်ဖို့အရင်တုန်းကလိုမျိုးပံ့ပိုးမှုတွေ မရနိုင်ပါပြည့်ဝတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ လူတန်းစားမခွဲခြားတဲ့ကို ဗစ်စင်တာတွေဆေးကုသစရိတ် အကုန်အကျခံပေးမယ့်အစိုးရဒါတွေမပါဘဲ ရင်ဆိုင်ကြရမှာပါ

အဲ့ဒီတော့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုပါတယ်ကျန်းမာမှလုပ်ချင်တာ ကိုလုပ်လို့ရမယ် တော်လှန်ရေးမပြီးသေးတဲ့အတွက်ကျန်းမာရေးကောင်းနေဖို့ ပိုလိုအပ်ပါတယ်ကျန်းမာရေးအသိ ကျန်းမာရေးသတိနဲ့ ကာကွယ်ကြပါလို့လေးလေးနက်နက်အသိ ပေးချင်ပါတယ်တော်လှန်သင့် တာကိုတော်လှန်နိင်ဖို့ ကာကွယ်သင့် တာကို ကာကွယ်ကြပါစို့ကျန်းမာဘေးကင်းကြပါစေ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေ သတိပြုကာကွယ်နိုင်ဖို့ ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါ တယ်နော်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account
Credit

About the author

Ms Cele

Leave a Comment