Celebrity

မထက္ က စိန္ေရႊ ရတနာ နဲ႔ ကံစပ္ သလို သူ ကေတာ့ အိုးနဲ႔ ကံစပ္တယ္ ဆိုၿပီး အရႊန္းေဖာက္ လာတဲ့ အိမ့္ခ်စ္

Written by Ms Cele

မထက္ က စိန္ေရႊ ရတနာ နဲ႔ ကံစပ္ သလို သူ ကေတာ့ အိုးနဲ႔ ကံစပ္တယ္ ဆိုၿပီး အရႊန္းေဖာက္ လာတဲ့ အိမ့္ခ်စ္

ပရိသတ္ႀကီးေရ လတ္တေလာ မွာေတာ့ ရိုက္ကူးေရးေတြ ပြဲေတြ လေပါင္းမ်ားစြာ ရပ္နားထား ရတာမို႔ အႏုပညာရွင္ ေတာ္ေတာ္ မ်ားမ်ားလည္း အႏုပညာ အလုပ္ေတြနဲ႔ ဝင္ေငြမရွာ နိုင္ေတာ့ေၾကာင့္ အစားအေသာက္ ခ်က္ျပဳတ္ေရာင္းခ်တာ၊ ကုန္ပစၥည္းမ်ိဳးစုံေရာင္းခ်တာ၊ Live လႊင့္ေဈးေရာင္းခ်တာ စတာေတြနဲ႔ ကိုဗစ္ကာလ ကို အဆင္ေျပေအာင္ ျဖတ္သန္း ေနၾကတာကို ေတြ႕ျမင္ရမွာပါ။

ဒိတ္ဒိတ္ၾကဲမင္းသမီးထက္ထက္ တစ္ေယာက္လည္း ကိုဗစ္ကာလမွာ စိန္ေရႊေငြရတနာဆိုင္ ပစၥည္းမ်ိဳးစုံကို နားရက္ မရွိေအာင္ Live လႊင့္ေရာင္းေနရသလို လတ္တေလာ ကုန္ပစၥည္း မ်ိဳးစုံကို ေရာင္းခ်ေနတဲ့ အဆိုေတာ္အိမ့္ခ်စ္ ကလည္း မထက္က စိန္ေရႊေငြနဲ႔ ကံစပ္သလို သူကေတာ့ အိုးနဲ႔ကံစပ္တယ္ ထင္ေၾကာင္း အရႊန္းေဖာက္မၽွေဝ လာပါတယ္။ မမထက္ ကေတာ့ စိန္ေရႊေငြေတြနဲ႔ ကံစပ္သလို ကိုယ္ကလည္း အိုးေတြနဲ႔ ကံစပ္တယ္ထင္ပါ့ … ႏွစ္ရက္ထဲနဲ႔ Set 50 ေလာက္ျဖစ္သြားလို႔ ေအာ္ဒါ ပိတ္လိုက္ရတယ္… မသယ္နိုင္ေတာ့လို႔ေလ ထပ္လက္ခံ ခ်င္ေပမယ့္ ဘူးေတြႀကီးေတာ့ မရ သယ္ရတာ အဆင္မေျပလို႔ ဆိုၿပီး အိုးေတြ ေရာင္းေကာင္းေၾကာင္း မၽွေဝလာပါတယ္။

အိမ့္ခ်စ္ဘယ္အခ်ိန္ေရာင္း လိုက္မွန္းေတာင္ မသိလိုက္ၾကတဲ့ ပရိသတ္ေတြ ကေတာ့ အိုးေတြဝယ္ခ်င္ေၾကာင္း မွတ္ခ်က္ေပးခဲ့ၾက ေပမယ့္ အိမ့္ခ်စ္ကေတာ့ Order ပိတ္သြားပါၿပီေနာ္ ေရာင္းေနတုန္းက မဝယ္ပဲနဲ႔ေနာ္ ဟြန္႔ ဘူးသီးမွအရီးေတာ္ခ်င္နဲ႔ရေတာ့ဘူး စမီးမသယ္နိုင္ ေတာ့ဘူး ဆိုၿပီးေတာ့လည္း ခ်စ္စဖြယ္ ေရးသားခဲ့ပါေသးတယ္။ အိမ့္ခ်စ္ ကေတာ့ အိုးေတြမေရာင္းခင္က အကၤ်ီေတြ ၊ Mask ေတြနဲ႔ အျခားပစၥည္းေတြ ေရာင္းခ်ခဲ့ေပမယ့္ အိုးေရာင္းတဲ့အခ်ိန္မွ ႏွစ္ရက္အတြင္း ေအာ္ဒါေတြ အမ်ားႀကီးရခဲ့တာေၾကာင့္ အိုးနဲ႔ ကံစပ္ေၾကာင္း အရႊန္းေဖာက္ခဲ့တာပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးေရ..

Credit:Cele Gabar

မထက် က စိန်ရွှေ ရတနာ နဲ့ ကံစပ် သလို သူ ကတော့ အိုးနဲ့ ကံစပ်တယ် ဆိုပြီး အရွှန်းဖောက် လာတဲ့ အိမ့်ချစ်

ပရိသတ်ကြီးရေ လတ်တလော မှာတော့ ရိုက်ကူးရေးတွေ ပွဲတွေ လပေါင်းများစွာ ရပ်နားထား ရတာမို့ အနုပညာရှင် တော်တော် များများလည်း အနုပညာ အလုပ်တွေနဲ့ ဝင်ငွေမရှာ နိုင်တော့ကြောင့် အစားအသောက် ချက်ပြုတ်ရောင်းချတာ၊ ကုန်ပစ္စည်းမျိုးစုံရောင်းချတာ၊ Live လွှင့်ဈေးရောင်းချတာ စတာတွေနဲ့ ကိုဗစ်ကာလ ကို အဆင်ပြေအောင် ဖြတ်သန်း နေကြတာကို တွေ့မြင်ရမှာပါ။

ဒိတ်ဒိတ်ကြဲမင်းသမီးထက်ထက် တစ်ယောက်လည်း ကိုဗစ်ကာလမှာ စိန်ရွှေငွေရတနာဆိုင် ပစ္စည်းမျိုးစုံကို နားရက် မရှိအောင် Live လွှင့်ရောင်းနေရသလို လတ်တလော ကုန်ပစ္စည်း မျိုးစုံကို ရောင်းချနေတဲ့ အဆိုတော်အိမ့်ချစ် ကလည်း မထက်က စိန်ရွှေငွေနဲ့ ကံစပ်သလို သူကတော့ အိုးနဲ့ကံစပ်တယ် ထင်ကြောင်း အရွှန်းဖောက်မျှဝေ လာပါတယ်။ မမထက် ကတော့ စိန်ရွှေငွေတွေနဲ့ ကံစပ်သလို ကိုယ်ကလည်း အိုးတွေနဲ့ ကံစပ်တယ်ထင်ပါ့ … နှစ်ရက်ထဲနဲ့ Set 50 လောက်ဖြစ်သွားလို့ အော်ဒါ ပိတ်လိုက်ရတယ်… မသယ်နိုင်တော့လို့လေ ထပ်လက်ခံ ချင်ပေမယ့် ဘူးတွေကြီးတော့ မရ သယ်ရတာ အဆင်မပြေလို့ ဆိုပြီး အိုးတွေ ရောင်းကောင်းကြောင်း မျှဝေလာပါတယ်။

အိမ့်ချစ်ဘယ်အချိန်ရောင်း လိုက်မှန်းတောင် မသိလိုက်ကြတဲ့ ပရိသတ်တွေ ကတော့ အိုးတွေဝယ်ချင်ကြောင်း မှတ်ချက်ပေးခဲ့ကြ ပေမယ့် အိမ့်ချစ်ကတော့ Order ပိတ်သွားပါပြီနော် ရောင်းနေတုန်းက မဝယ်ပဲနဲ့နော် ဟွန့် ဘူးသီးမှအရီးတော်ချင်နဲ့ရတော့ဘူး စမီးမသယ်နိုင် တော့ဘူး ဆိုပြီးတော့လည်း ချစ်စဖွယ် ရေးသားခဲ့ပါသေးတယ်။ အိမ့်ချစ် ကတော့ အိုးတွေမရောင်းခင်က အင်္ကျီတွေ ၊ Mask တွေနဲ့ အခြားပစ္စည်းတွေ ရောင်းချခဲ့ပေမယ့် အိုးရောင်းတဲ့အချိန်မှ နှစ်ရက်အတွင်း အော်ဒါတွေ အများကြီးရခဲ့တာကြောင့် အိုးနဲ့ ကံစပ်ကြောင်း အရွှန်းဖောက်ခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ..

Credit:Cele Gabar

About the author

Ms Cele

Leave a Comment