Celebrity

မန်နေဂျာက ရွှေငွေ လက်ဝတ် ရတနာတွေနဲ့ ပိုက်ဆံတွေ သိန်း (၇၀၀)ကျော် ဖိုးလောက် ခိုးသွားတဲ့ အကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် စွမ်းဇာနည်

Written by Ms Cele

မန်နေဂျာက ရွှေငွေ လက်ဝတ် ရတနာတွေနဲ့ ပိုက်ဆံတွေ သိန်း (၇၀၀)ကျော် ဖိုးလောက် ခိုးသွားတဲ့ အကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် စွမ်းဇာနည်




Credit:Swelsone News

မန်နေဂျာက ရွှေငွေ လက်ဝတ် ရတနာတွေနဲ့ ့ပိုက်ဆံတွေ သိန်း (၇၀၀)ကျော် ဖိုးလောက် ခိုးသွားတဲ့ အကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် စွမ်းဇာနည်

ပရိသတ်ကြီးရေ မင်းသားချာလေး စွမ်းဇာနည် ကတော့ အနုပညာ အလုပ်တွေကို ဟိုးအရင်ကတည်းက တစိုက်မက်မက် လုပ်ဆောင် လာခဲ့တာဖြစ်ပါတယ် ။စွမ်းဇာနည်က”စွမ်းဇာတ်သဘင်”ကိုလည်း တည်ထောင်ထားပြီး အမြို့မြို့၊အနယ်နယ်မှာ ကပြဖျော်ဖြေတာကြောင့် ပရိသတ်တွေကလည်း မိုးလင်းအထိကို အားပေးကြတာဖြစ်ပါတယ်နော်။ အခုခေတ်မှာဆိုရင် ဇာတ်သဘင်လောကက အရမ်းမတွင်ကျယ် တော့ပေမယ့် ပရိသတ်တွေကတော့ မြန်မာ့အငွ့အသက်တွေ လွှမ်းခြုံနေတဲ့ ဇာတ်ပွဲတွေကို မျှော်လင့် နေဆဲဖြစ် ပါတယ်။

စွမ်းဇာနည် ကလည်း အခုချိန်မှာဆိုရင် အေးအေးချမ်းချမ်း နေထိုင်နေပြီး အနုပညာ အလုပ်တွေကို ခဏနား ထားတာဖြစ် ပါတယ်။ စွမ်းဇာနည်က သိန်း (၇၀၀)ကျော်ဖိုးလောက် မန်နေဂျာက ခိုးတာခံလိုက်ရကြောင်း ပရိသတ်ကြီးကို ပြောပြလာခဲ့ပါတယ်။ စွမ်းဇာနည်က “”အရင်တုန်းက သိန်း (၃၀၀) ကနေ (၅၀၀) တန်လောက် အထိတန်တဲ့ စိန်နားကပ်တွေ ဝတ်ဖူးတယ်။ အခုတော့ မရှိတော့ဘူး.. အခိုးခံရလို့ ကုန်ပြီ။ မင်းသား မန်နေဂျာ/ ကိုယ့် မန်နေဂျာ က လက်ဝတ်ရတနာတွေ ၊ ပိုက်ဆံတွေရော၊ တန်ဖိုးကြီးတာတွေ အကုန် ခိုးသွားတယ်။ စုစုပေါင်း သိန်း (၇၀၀) ကျော်ဖိုးလောက် ပါသွားတယ်” လို့ ပြောခဲ့ပါတယ်။

လတ်တလော မှာတော့ စွမ်းဇာနည်ဟာ စိန်ပစ္စည်း တွေကို Live လွှင့်ရောင်းနေတာ ပဲဖြစ်ပါတယ်။ ပရိသတ်ကြီး အတွက် စွမ်းဇာနည်ရဲ့ interview ဗီဒီယိုဖိုင်လေး ကိုဖော်ပြပေး လိုက်ပါတယ်။ ပရိသတ်ကြီးကလဲ စွမ်းဇာနည်ကို အားပေး စကားလေးပြောပေးခဲ့ ကြပါဦးနော်။ ဖတ်ရှုအားပေးကြတဲ့ ပရိသတ် အားလုံးကို ကျေးဇူးတင်ပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment