Celebrity
Written by Ms Cele
“မနှုတ်ဆက်ချင်ဘူး”သီချင်း MV ထဲက အတိုင်း သရုပ်ဆောင် ပြီး အိမ့်ချစ် ကို စနောက် ခဲ့တဲ့ မိစန္ဒီ ရဲ့ ဗီဒီယို
လူငယ်ကြိုက် Rap သီချင်း တွေကို ကိုယ်တိုင်ရေးပြီး သီဆိုတဲ့ အဆိုတော်မလေး မိစန္ဒီ ကတော့ ဂီတသက်တမ်း ဆယ်စု နှစ်နီးပါးတိုင် အောင်မြင်မှုတွေ ရရှိပိုင်ဆိုင် နေဆဲပဲ ဖြစ်ပါတယ်။ ။ မိစန္ဒီကတော့ ပျော်ပျော်နေ တတ်ပြီး ဟန်ဆောင်မှုမရှိပဲ ပွင့်ပွင့်လင်းလင်းသာ နေထိုင်တတ်တာကြောင့် ပရိသတ်တွေ သာမက အနုပညာ အသိုင်းအဝိုင်းတစ်ခုလုံးက ချစ်ကြသူလေးပဲ ဖြစ်ပါတယ်။ မိစန္ဒီကလည်း သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေကို တန်ဖိုးထားမြတ်နိုးသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။
ပျော်ပျော်နေတတ်သူလေး တစ်ယောက်ပီပီ အနုပညာရှင် လုပ်ဖော်ကိုင်ဖက် တွေနဲ့လည်း မောင်နှမသဖွယ် စစနောက်နောက်ရှိတဲ့ မိစန္ဒီက ဒီတစ်ခေါက် မှာလည်း သူ့ရဲ့ စီနီယာအစ်မ တစ်ယောက်ဖြစ်သူ အိမ့်ချစ်ကို စနောက်ခဲ့တာ တွေ့ရပါတယ်။ မိစန္ဒီက အိမ့်ချစ်နဲ့ ရဲလေးတို့ရဲ့ “မနှုတ်ဆက်ချင်ဘူး”သီချင်း MV ထဲကအတိုင်း သရုပ်ဆောင်ပြီး အိမ့်ချစ်ကို စနောက်ကျီစယ်ခဲ့ရာ အခုလိုပဲ ဗီဒီယိုလေးအတိုင်း တွေ့ရပါတယ်။
မိစန္ဒီကတော့ အိမ့်ချစ်ကို စနောက်သလို အိမ့်ချစ်ကလည်း မိစန္ဒီရဲ့ အိုက်တင် အမူအယာအတိုင်း ချက်ချင်းတုံ့ပြန်ပြီး လုပ်ခဲ့တာ အရမ်းချစ်စရာ ကောင်းတာပါပဲ။ ပရိသတ်ကြီးလည်း မိစန္ဒီနဲ့ အိမ့်ချစ်တို့ နှစ်ယောက် ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေး ကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။
Credit:Cele Connections
About the author
Ms Cele
Leave a Comment