Celebrity


Written by Ms Cele





Credit:Swelsone News

မမဆောင်းရဲ့ အသံကို နောက်ခံထားပြီး အခွီတလိုင်း ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့တဲ့ နိုင်လူ

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် နိုင်လူကတော့ လူကြမ်းမင်းသား တစ်ဦးဖြစ်သလို ဗီလိန်ဇာတ်ရုပ်တွေ ကိုလည်း ပီပြင်ပြောင် မြောက်အောင် ဖန်တီးစွမ်းရှိသူ ဖြစ်ပါတယ် ။ သရုပ်ဆောင်တော်လွန်းလို့ ပရိသတ်တွေရဲ့ ချီးကျူးမှုကိုပါရရှိနေတဲ့ နိုင်လူက ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားကို ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း နိုင်လူက သူကိုယ်တိုင်ဒါရိုက်တာအဖြစ်ပါ ဆောင်ရွက်ပြီး ကြော်ငြာတွေရိုက်ကူးနေတာပဲ ဖြစ်ပါတယ် ။

အခုချိန်အထိ တည်ကြည် ခန့်ညားနေဆဲဖြစ်တဲ့ နိုင်လူကတော့ ချစ်ရတဲ့ မိသားစုနဲ့အတူ သာယာပျော်ရွှင် ဖွယ်ကောင်းတဲ့ ဘဝလေးတစ်ခုကို တည်ဆောက် ထားတာ ဖြစ်ပါတယ် ။ လတ်တလောမှာဆိုရင် နိုင်လူက Tik Tok ဗီဒီယိုလေးတွေ မကြာခဏရိုက်ကူးပြီး အောင်မြင်နေတာ ဖြစ်ပါတယ် ။ သူများတွေနဲ့မတူအောင် အိုင်ဒီယာအသစ်တွေနဲ့ အပီအပြင်သရုပ်ဆောင်ပြီး ရိုက်ကူးလေ့ရှိတဲ့ နိုင်လူ့ရဲ့Tik Tok ဗီဒီယိုတွေက ပရိသတ်တွေကြားမှာ ကြည့်ရှုသူများပြားနေတာလည်း ဖြစ်ပါတယ် ။

အခုလည်း နိုင်လူက မင်းသမီးချောလေး မမဆောင်းရဲ့ အသံကို နောက်ခံထားပြီး အခွီတလိုင်း ဗီဒီယိုလေး တစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာ မမဆောင်းက မကြာသေးခင်ကပဲ ပုံတင်ရင်းနဲ့ မပေါ်သင့်တာပေါ်သွားလို့ ပရိသတ်တွေကို ပြန်ရှင်းပြနေတဲ့အသံကို နိုင်လူကနားထောင်နေတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း ရုတ်တရက်ကြီး မမဆောင်းပြောချလိုက်တဲ့ စကားတစ်ခွန်းကြောင့် နိုင်လူပါ မျက်လုံးပြူးသွား ခဲ့ရတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်နိုင်လူရဲ့ဟာသ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment