Celebrity
Written by Ms Cele
Credit:Yin Khat Pan
မမဆောင်း အတွက် တစ်ခု ဆုတောင်း ပေးလိုက် တဲ့ သရုပ်ဆောင် ခန့်စည် သူ
ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ပြည်သူ့အချစ်တော် ခန့်စည်သူဟာ ဆိုရင် ခန့်ညားတဲ့ ရုပ်ရည်ကိုပိုင်ဆိုင် ထားပြီး အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင် ကျော်ကြားနေတဲ့ အကယ်ဒမီမင်းသား ချောတစ်လက်ပဲဖြစ်ပါတယ်နော်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး အလှူအတန်း နဲ့ပရဟိတလုပ်ငန်းတွေ မှာလည်း ပါဝင်ကူညီလှူဒါန်းမှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။
ယခုလည်း သီတင်းကျွတ် ကာလမှာ မမဆောင်းက ခန့်စည်သူကို လေးစားစွာနဲ့ ဂါရဝခြင်းလေးတွေ ပို့ပေးခဲ့ပါတယ်။ခန့်စည်သူကလည်း မမဆောင်း ကို ကျေးဇူးတင်တဲ့ အနေနဲ့ ဆုမွန်ကောင်း တွေတောင်းပေးလိုက် ပါတယ်နော်။ခန့်စည်သူကမမဆောင်းအတွက် ဆုမွန်ကောင်းတောင်း ပေးထားတာကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ပြထားပါတယ်။
ခန့်စည်သူက”မမဆောင်း တစ်ယောက် …စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပါစေ။အကယ်ဒမီတွေလည်းရပါစေ။ရှားလဇောင်းဇပတ်တွေလိမ်းပြီး အလှတွေတိုးလာပါစေ။
ဖူးစာရှင် (ဆရာဝန်၊အင်ဂျင်နီယာ၊ဗိုလ်မှူး၊စီးပွားရေးလုပ်ငန်းရှင် top 10၊ဘောလုံးအသင်းဥက္ကဌ) နှင့်လည်း ဘယ်ဘဝရောက်ရောက် လက်တွဲနိုင်ပါစေ။ ဒါနဲ့…..ဝါကျွတ်ပြီဆိုတော့ မမဆောင်းကို ကြိတ်ခရက်ရှ်နေတဲ့ သဘောကောင်းတဲ့ နာမည်(၃)လုံးနဲ့အညိုစင်ဗိုလ်မှူးကိုရွေးမှာလား၊ နာမည် (၂)လုံးနဲ့ပြည်သူ့အချစ်တော် အဖြူစင် မင်းသားကိုရွေးမှာလား သိချင်ပါတယ်နော်”လို့ အရွှန်းဖောက်ရေးသားထားတာကိုတွေ့ရပါတယ်။
ခန့်စည်သူရဲ့ ဆုမွန်ကောင်းတွေနဲ့ မမဆောင်း တစ်ယောက် လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ။ပရိသတ်ကြီးလည်း ခန့်စည်သူကိုရော ချစ်စရာကောင်း တဲ့ မမဆောင်းကိုရော ဆက်လက်အားပေးပြီး ချစ်ပေးကြပါအုံးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင် ပါတယ်နော်။
Credit:Yin Khat Pan
About the author
Ms Cele
Leave a Comment