Celebrity


Written by Ms Cele







ထက်ထက်မိုးဦးကတော့ မလှတော့ဘူး၊ အိုသွားပြီလို့ တစ်ချို့လူတွေက ဝိုင်းပြောကြတဲ့အပေါ် သူမရဲ့ ခံစားချက်ကိုဖွင့်ဟလာခဲ့ တာပဲဖြစ်ပါတယ်နော် ထက်ထက် အတွက် အားပေးစကားလေးပြောခဲ့ကြ ပါအုန်းနော်


မလှတော့ ဘူး၊ အိုသွားပြီ လို့ တစ်ချို့လူ တွေက ဝိုင်းပြောကြတဲ့ အပေါ် ခံစားချက် ကို ပြောပြလာတဲ့ ထက်ထက်မိုး ဦး

ပရိတ်သတ်ကြီးရေ တစ်ခေတ် တစ်ခါက အောင်မြင်ကျော် ကြားခဲ့တဲ့ မင်းသမီး ချော ထက်ထက်မိုးဦး ကိုပရိသတ်ကြီးသိကြမှာပါ။တစ်ခေတ်တစ်ခါ ထဲကနာမည်တစ်လုံးနဲ့ရပ်တည် လာခဲ့တဲ့ ထက်ထက်မိုးဦး ဟာဆိုရင်တော့ ယနေ့ထက်တိုင် အောင်အောင်မြင်မြင် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ယခုကိုဗစ်ကာလမှာ ထက်ထက်မိုးဦး ဟာ သူမကို ချစ်ကြသူတွေက အားပေး ကြတဲ့ Live Sales တွေကြောင့် တောက်လျှောက်အောင်မြင်မှုတွေ ရရှိနေခဲ့တာပါ မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ထက်ထက်မိုးဦး က သူမကို အိုသွားပြီလို့ပြောနေကြတဲ့ အပေါ် သူမရဲ့ ခံစားချက်ကို ပြောပြလာခဲ့ တာဖြစ်ပါတယ်

အရင်ကတည်းက စပြီး လူရယ်လို့ဖြစ်လာ ကတည်းက အမတို့က မိသားစုစုံစုံလင်လင်နဲ့ ပြည့်စုံပြီးတော့ မွေးဖွားလာ ခဲ့ရတာ မဟုတ်တဲ့အတွက် ကိုယ့်ဘဝကိုယ်ရပ်တည်ရမယ် ဆိုတဲ့စိတ်က အသိစိတ်စရှိတဲ့ ၇ နှစ် ၈ နှစ်သမီးလောက်ကနေ ကိုယ်ရုန်းကန်ရမယ် ဆိုတာကိုသိနေတယ် အဲ့ဒီအတွက် အခုအချိန်မှာလည်း ကိုယ့်ဟာကိုယ်ပဲ ပြန်ရပ်တည်ရမယ်ဆိုတာ သိနေတော့ မကျန်းမာဘူး ကိုယ့်ကိုကိုယ်သိတယ် လူတွေကိုယ်မကျန်းမာဘူးဆိုတာ သိချင်မှသိမယ်

အော် မလှတော့ဘူး အော် အိုသွားပြီ သူတောင်ဒီပုံဖြစ်သွားပြီ အဲ့လိုပဲလူတွေက မြင်ကြတာပေါ့ အဲဒီအတွက် အဲ့ဒါတွေကို ကာကွယ်ရင်းနဲ့ပဲ အဓိကက အလုပ်တွေကို ပြန်လုပ်ရမှာပေါ့ ဖြစ်ခဲ့တာတွေ အတွက်လည်း ဘယ်သူ့ကိုမှတော့ အပြစ်တင်လို့ မရဘူးပေါ့နော် ကိုယ့်ကံဇာတာနဲ့ သူများကံဇာတာနဲ့တူချင်မှတူမယ် ကိုယ်ရပ်တည်တဲ့ပုံစံနဲ့ သူများရပ်တည်တာနဲ့က တူချင်မှတူမယ် လူတွေကအမျိုးမျိုး ဘဝတွေကအမျိုးမျိုးပေါ့ ဒါပေမယ့် အကောင်းဆုံး ကိုယ် အလုပ်လုပ်နိုင်မှ လက်ထဲမှာ ပိုက်ဆံရှိနေမှ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာမှာပေါ့နော်

ကိုယ့်ရှေ့လျှောက် ကျန်းမာရေး အတွက်လည်းရှိသေးတယ် ခုခေတ်မှာ မကျန်းမာဘူးဆိုလည်း ပိုက်ဆံအရမ်း ကုန်တယ် အမဆိုတောက်လျှောက် နှလုံးခွဲ ဗိုက်တွေ ခနခနခွဲ လည်ပင်းခွဲ ပိုက်ဆံတွေက ကိုယ်ရှာထားသမျှတောက်လျှောက်ကုန်နေတာပဲ အခုချိန် မှာတော့ အလုပ်ကိုပဲ အတတ်နိုင်ဆုံး ကြိုးစားလုပ်နေပါတယ် ” လို့ ဆိုလာ ခဲ့တာဖြစ်ပါတယ်

ထက်ထက်မိုးဦးကတော့ မလှတော့ဘူး၊ အိုသွားပြီလို့ တစ်ချို့လူတွေက ဝိုင်းပြောကြတဲ့အပေါ် သူမရဲ့ ခံစားချက်ကိုဖွင့်ဟလာခဲ့ တာပဲဖြစ်ပါတယ်နော် ထက်ထက် အတွက် အားပေးစကားလေးပြောခဲဲ့ကြ ပါအုန်းနော်

Credit: Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment