Celebrity

မသန္စြမ္းမိခင္ တစ္ဦးမွ တရားခြင္က အျပန္ ႏွလုံးရပ္ၿပီး ေသဆုံးသြား တာေၾကာင့္ က်န္ရစ္တဲ့( ၆)လ အရြယ္ သမီးေလးကို ေမြးစားခဲ့တဲ့ ခိုင္ႏွင္းေဝ

Written by Ms Cele

မသန္စြမ္းမိခင္ တစ္ဦးမွ တရားခြင္က အျပန္ ႏွလုံးရပ္ၿပီး ေသဆုံးသြား တာေၾကာင့္ က်န္ရစ္တဲ့( ၆)လ အရြယ္ သမီးေလးကို ေမြးစားခဲ့တဲ့ ခိုင္ႏွင္းေဝ

အႏုပညာ အလုပ္ေတြကို ဆက္လက္ လုပ္ကိုင္ရင္း တစ္ဖက္မွာလည္း ပရဟိတအလုပ္ေတြကို အားႀကိဳး မာန္တက္ ႀကိဳးစား လုပ္ေဆာင္ေနတဲ့ သူကေတာ့ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝ ျဖစ္ပါတယ္။သူမက ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ား ေဂဟာကို တည္ေထာင္ထားသူ ျဖစ္ၿပီး ကေလးေတြကို မိခင္စိတ္အျပည့္နဲ႔ ခ်စ္ခင္ၾကင္နာစြာ ထိန္းသိမ္း ေစာင့္ေရွာက္ေပးေနတာ ပဲျဖစ္ပါတယ္။

ယခု ျဖစ္ေပၚေနတဲ့ နိုင္ငံေရး အေျခအေနေတြေၾကာင့္ စားဝတ္ေနေရး အခက္အခဲ ျဖစ္ေနသူမ်ားကိုလည္း အေျခခံ စားေသာက္ကုန္ ေတြကို သြားေရာက္ ကူညီလႉဒါန္းေပးခဲ့တာလည္း ေတြ႕ရပါတယ္။ ဒါ့အျပင္ ဒီလို အရာရာ ခက္ခဲေနတဲ့ ကာလေတြမွာေတာင္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ စြန႔္ပစ္ခံရတဲ့ ကေလးငယ္ေတြကို ေခၚယူေမြးစားခဲ့ပါတယ္ ။

အခုလည္း (၆) လ အရြယ္ ကေလးငယ္ေလး တစ္ေယာက္ ကို ကယ္တင္ ေမြးစားခဲ့ျပန္ ပါတယ္။ ေခၚယူေမြးစား ျဖစ္ခဲ့တဲ့ အေၾကာင္းအရင္းကိုရလည္း ” ေကာင္းရာမြန္ရာကို သြားပါေတာ့ ရွင္..အမႈ ႐ုံးခ်ိန္းလဲ ပီးျပတ္ၿပီး သမီးေလးကိုက်မတို႔ ေဂဟာ ရဲ့ မိသားစုဝင္ အျဖစ္ သတ္မွတ္လို႔ အပီး ေခၚသြားပါပီေနာ္..ေနာက္ဘဝ မွာ က်န္းမာ သန္စြမ္းလို႔ အနိုင္က်င့္ ေစာ္ကား ခံရမႈမွ ကင္းေဝးၿပီး ဘဝ အဆက္ဆက္ စိတ္ေရာ ကိုယ္ပါ က်န္းမာ ခ်မ္းသာပါေစ..သမီးေလးကို စိတ္ခ် လက္ခ် ထားၿပီး ကၽြတ္ရာ လြတ္ရာ သြားပါေတာ့ရွင္..အမၽွ..အမၽွ..အမၽွ……ကြမ္းၿခံကုန္း ၿမိဳ႕နယ္ မွ မတရားက်င့္ခံရ၍ ကိုယ္ဝန္ေဆာင္ခဲ့ရေသာ မသန္စြမ္း အမ်ိဳးသမီးတစ္ဦး တရားခြင္မွ အျပန္ ႏွလုံးရပ္ၿပီး ေသဆုံးသြား၍ က်န္ရစ္ခဲ့ေသာ (၆)လ အရြယ္ သမီးေလးကို က်မတို႔ “ခိုင္” မိသားစု မွ ေခၚယူေမြးစားခဲ့ပါတယ္ရွင္).” ေရးသားေဖာ္ျပထားရာ စိတ္မေကာင္းျဖစ္မိတာ အမွန္ပါပဲေနာ္ ။

Credit:Cele Zone
Photo – Khine Hnin Wai

မသန်စွမ်းမိခင် တစ်ဦးမှ တရားခွင်က အပြန် နှလုံးရပ်ပြီး သေဆုံးသွား တာကြောင့် ကျန်ရစ်တဲ့( ၆)လ အရွယ် သမီးလေးကို မွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ပရဟိတအလုပ်တွေကို အားကြိုး မာန်တက် ကြိုးစား လုပ်ဆောင်နေတဲ့ သူကတော့ သရုပ်ဆောင် ခိုင်နှင်းဝေ ဖြစ်ပါတယ်။သူမက ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာကို တည်ထောင်ထားသူ ဖြစ်ပြီး ကလေးတွေကို မိခင်စိတ်အပြည့်နဲ့ ချစ်ခင်ကြင်နာစွာ ထိန်းသိမ်း စောင့်ရှောက်ပေးနေတာ ပဲဖြစ်ပါတယ်။

ယခု ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေသူများကိုလည်း အခြေခံ စားသောက်ကုန် တွေကို သွားရောက် ကူညီလှူဒါန်းပေးခဲ့တာလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဒီလို အရာရာ ခက်ခဲနေတဲ့ ကာလတွေမှာတောင် အကြောင်း အမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေကို ခေါ်ယူမွေးစားခဲ့ပါတယ် ။

အခုလည်း (၆) လ အရွယ် ကလေးငယ်လေး တစ်ယောက် ကို ကယ်တင် မွေးစားခဲ့ပြန် ပါတယ်။ ခေါ်ယူမွေးစား ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကိုရလည်း ” ကောင်းရာမွန်ရာကို သွားပါတော့ ရှင်..အမှု ရုံးချိန်းလဲ ပီးပြတ်ပြီး သမီးလေးကိုကျမတို့ ဂေဟာ ရဲ့ မိသားစုဝင် အဖြစ် သတ်မှတ်လို့ အပီး ခေါ်သွားပါပီနော်..နောက်ဘဝ မှာ ကျန်းမာ သန်စွမ်းလို့ အနိုင်ကျင့် စော်ကား ခံရမှုမှ ကင်းဝေးပြီး ဘဝ အဆက်ဆက် စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာပါစေ..သမီးလေးကို စိတ်ချ လက်ချ ထားပြီး ကျွတ်ရာ လွတ်ရာ သွားပါတော့ရှင်..အမျှ..အမျှ..အမျှ……ကွမ်းခြံကုန်း မြို့နယ် မှ မတရားကျင့်ခံရ၍ ကိုယ်ဝန်ဆောင်ခဲ့ရသော မသန်စွမ်း အမျိုးသမီးတစ်ဦး တရားခွင်မှ အပြန် နှလုံးရပ်ပြီး သေဆုံးသွား၍ ကျန်ရစ်ခဲ့သော (၆)လ အရွယ် သမီးလေးကို ကျမတို့ “ခိုင်” မိသားစု မှ ခေါ်ယူမွေးစားခဲ့ပါတယ်ရှင်).” ရေးသားဖော်ပြထားရာ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲနော် ။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment