Celebrity

မဟာဂီတ စာရင္းဝင္ခဲ့တဲ့ သားေခ်ာ့ေတးမ်ားရဲ႕ သမိုင္းေၾကာင္း ကို ပရိသတ္ေတြ သိရွိေစရန္ မွ်ေ၀ေပးခဲ့တဲ့ G Fatt

Written by Ms Cele

မဟာဂီတ စာရင္းဝင္ခဲ့တဲ့ သားေခ်ာ့ေတးမ်ားရဲ႕ သမိုင္းေၾကာင္း ကို ပရိသတ္ေတြ သိရွိေစရန္ မွ်ေ၀ေပးခဲ့တဲ့ G Fatt

ေတးသံရွင္ ဂ်ီဖတ္ကေတာ့ လူငယ္ႀကိဳက္ ေတးသီခ်င္း ေကာင္းမ်ားစြာကို ကိုယ္တိုင္ ေရးသား သီဆိုၿပီး ေအာင္ျမင္တဲ့အဆိုေတာ္ တေယာက္ အျဖစ္ ဆုတံဆိပ္ေပါင္း မ်ားစြာ ကိုလည္း ရရွိထားသူပါ။ လူငယ္ အဆိုေတာ္ တေယာက္ျဖစ္ေပမဲ့လည္း စာအုပ္စာေပ ဗဟုသုတမ်ား ကိုလည္း ဖတ္ရႈတတ္သူျဖစ္တဲ့အေၾကာင္းကို သူ႔ရဲ႕ သီခ်င္းစာသားမ်ားမွ တဆင့္ သိရွိႏိုင္ပါတယ္။ ဒီတေခါက္ မွာေတာ့ အဆိုေတာ္​ ဂ်ီဖတ္က သားေခ်ာ့ေတး သီခ်င္းမ်ားနဲ႔ ပက္သက္ၿပီး သူသိရွိထားတဲ့ ဗဟုသုတ မ်ားကို မွ်ေဝရင္း ဒီေန႔ေခတ္ရဲ႕ သားေခ်ာ့ေတးေတြ အေၾကာင္းကိုလည္း ေမးခြန္းထုတ္ခဲ့ပါေသးတယ္။

ဂ်ီဖတ္ရဲ႕ ဆိုရွယ္မီဒီယာေပၚက ဗဟုသုတရ ဖြယ္ရာ စာပိုဒ္ကို အခုလိုပဲ ျပန္လည္ေဖာ္ျပေပး လိုက္ ပါတယ္ေနာ္။ ” ကုန္း​ေဘာင္မင္းရဲ႕ အ​ေနာက္နန္း မိဘုရားဟာ မျမက​ေလးျဖစ္တယ္။ အဲ့ဒီ့မျမက​ေလးရဲ႕သမီးဟာ လႈိင္ထိပ္​ေခါင္တင္ (ရတနာ​ေဒဝီ လို႔လဲ​ေခၚတယ္) သူ႔အ​ေမ မျမက​ေလးက ​ေ႐ႊလင္ပန္းနဲ႔အခ်င္း​ေဆးရတဲ့ မဟာႏြယ္ မဟုတ္ဘူး သာမန္ အရပ္သူပဲ ။ ဒါ့​ေၾကာင့္ လႈိင္ထိပ္​ေခါင္တင္ ငယ္ငယ္က ပုခက္အတြင္းမွာ အထိန္း​ေတာ္​ေတြ ​ေခ်ာ့သိပ္တဲ့ နန္းတြင္းသုံးသား​ ေခ်ာ့​ေတး​ေတြ​ေရာ သူ႔အ​ေမ မျမက​ေလး ​ ​ေခ်ာ့သိပ္တဲ့ အရပ္သုံးသား​ေခ်ာ့​ေတး ​​ေတြ​ေရာနား​ေထာင္ဖူးခဲ့သတဲ့ ။

နန္း​ေတာ္အတြင္းက သား​ေခ်ာ့​ေတး​ေတြနဲ႔ အရပ္သူေတြသုံးတဲ့ သား​ေခ်ာ့​ ေတး​ေတြက မတူဘူး။ အရပ္သုံးသား ​ေခ်ာ့​ေတး​ေတြက အရပ္သူ​ေတြ စပ္ထားတာ ဆို​ေတာ့ အ​ေျမႇာက္အပင့္​ေတြ မပါပဲ႐ိုး႐ိုး​ေလး​ေပါ့ ။ နန္း​ေတာ္အတြင္းက သား​ေခ်ာ့​ေတး​ေတြက​ေတာ့ စာဆိုပညာရွိေတြရဲ႕ ထီးသုံးနန္းသုံး​​စကားလုံး​ေတြ လကၤာ​ေတြနဲ႔ စပ္ထားတဲ့ ကဗ်ာဂီတ​ေတြဆို​ေတာ့ အရပ္သုံးသားေခ်ာ့ေတး​ေတြထပ္အဆင့္ျမင့္တယ္​ေပါ့ ။ အရပ္သုံးသား​ေခ်ာ့​ေတး​ေတြဟာ ထီးတြင္းနန္းတြင္းသုံး သား​ေခ်ာ့​ေတး​ေတြနဲ႔ယွဥ္ရင္ မ်က္ႏွာငယ္ခဲ့ရသတဲ့

အဲလိုနဲ႔ လႈိင္ထိပ္​ေခါင္တင္ ​က ထန္းတပင္မင္းသားကို လဲ​ေမြးေရာ ျမပုခက္နဲ႔ မဂၤလာယူတဲ့အခ်ိန္မွာ အရပ္သုံး သား​ေခ်ာ့​ေတးသုံးပုဒ္ကို နန္းတြင္းသုံးသား​ေခ်ာ့​ေတး​ေတြနဲ႔ ယွဥ္ၿပီးဆိုႏိုင္​ေအာင္ Update လုပ္ခဲ့သတဲ့ (မဟာဂီတစာရင္း​ေတာင္ဝင္ခဲ့သတဲ့) အဲ့သုံးပုဒ္မွာ ​` ေၾကာင္ဖားႀကီးရဲ႕မွီးတံတို’ ဆို ကြၽန္​ေတာ္ငယ္ငယ္က အဖြား​ေတြ​ေခ်ာ့သိပ္တဲ့သီခ်င္းစာရင္းအထဲပါခဲ့တယ္ ။ ‘လူက​ေလးရဲ႕အိပ္ခ်ိန္တန္ ဗ်ိဳင္း​ေရွ႕ကပ်ံ ‘ စတဲ့သီခ်င္း​ေတြနဲ႔လဲ အဖြား​ေတြ ​ေခ်ာ့သိပ္တာခံခဲ့ရတယ္ အဲ့တာ​​ေတြ​ေၾကာင့္လဲ ဂီတပိုးပါခဲ့တယ္ထင္ရဲ႕ ၊ ကြၽန္​ေတာ္္ငယ္္္္ငယ္က အဖြား​ေတြလက္ထဲႀကီးျပင္းခဲ့ရတာ ၊

အ​ေမက ဆရာမဆို​ေတာ့ မနက္ အ​ေစာႀကီး​ ေက်ာင္းသြား မိုးခ်ဳပ္မွအိမ္ျပန္​ေရာက္​ေပါ့ ထားပါ။ ​​ေျပာခ်င္ တာက အခုကြၽန္​ေတာ့္ တူ​ေတာ္​ေမာင္နဲ႔ တူမ​ေလးဆို ဘယ္သား​ေခ်ာ့​ေတး​ ေတြနဲ႔ အိပ္ယာဝင္​ေနရလဲ ​ေပါ့ ..အခု​ေခတ္က​ေလး​ေလး​ေတြ​ေရာ ဘယ္သား​ေခ်ာ့​ေတး​ေတြနဲ႔ ​ေခ်ာ့သိပ္ခံရလဲ​ေပါ့ မိခင္​ေတြအဖိုးအဖြား​ေတြအ​ေနနဲ႔လဲ သား​ေခ်ာ့​ေတး​ေတြ ဆိုၾက​ေသးရဲ႕လား စဥ္းစားမိတာပါ ဂီတကိုကြၽန္​ေတာ္တို႔ပုခက္အတြင္းမွာတည္းက ရင္းႏွီးခဲ့ရင္ ႏွလုံးသား​ေတြႏူးညံ့ႏိုင္မယ္လို႔ ထင္ျမင္​မိေၾကာင္း Covid ကာလ ျမဴထ​ေသာအခါ ဒီးဒုတ္ဦးဘခ်ိဳရဲ႕ အလကၤာဂီတ ဖတ္ရင္း ​ေတြးမိတာ​ေလး လွ်ာရွည္လိုက္ရပါတယ္ 😁” ဆိုကာ သားေခ်ာ့ေတးမ်ားနဲ႔ ပက္သက္ၿပီး မွတ္သားဖြယ္ရာ အျဖစ္အပ်က္ေလးကို မွ်ေဝခဲ့ပါတယ္။ အဆုံးထိ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။ ပရိတ္သတ္ႀကီးလည္း ယေန႔ခတ္ ကေလးငယ္ေတြကို ေခ်ာ့သိပ္တဲ့အခါ ဘယ္လို သားေခ်ာ့ေတးေတြကို အသုံးျပဳလဲဆိုတာ သိရင္ ေျဖခဲ့ပါဦးေနာ္။

Crd:San Kyi Par

မဟာဂီတ စာရင်းဝင်ခဲ့တဲ့ သားချော့တေးများရဲ့ သမိုင်းကြောင်း ကို ပရိသတ်တွေ သိရှိစေရန် မျှဝေပေးခဲ့တဲ့ G Fatt

တေးသံရှင် ဂျီဖတ်ကတော့ လူငယ်ကြိုက် တေးသီချင်း ကောင်းများစွာကို ကိုယ်တိုင် ရေးသား သီဆိုပြီး အောင်မြင်တဲ့အဆိုတော် တယောက် အဖြစ် ဆုတံဆိပ်ပေါင်း များစွာ ကိုလည်း ရရှိထားသူပါ။ လူငယ် အဆိုတော် တယောက်ဖြစ်ပေမဲ့လည်း စာအုပ်စာပေ ဗဟုသုတများ ကိုလည်း ဖတ်ရှုတတ်သူဖြစ်တဲ့အကြောင်းကို သူ့ရဲ့ သီချင်းစာသားများမှ တဆင့် သိရှိနိုင်ပါတယ်။ ဒီတခေါက် မှာတော့ အဆိုတော်​ ဂျီဖတ်က သားချော့တေး သီချင်းများနဲ့ ပက်သက်ပြီး သူသိရှိထားတဲ့ ဗဟုသုတ များကို မျှဝေရင်း ဒီနေ့ခေတ်ရဲ့ သားချော့တေးတွေ အကြောင်းကိုလည်း မေးခွန်းထုတ်ခဲ့ပါသေးတယ်။

ဂျီဖတ်ရဲ့ ဆိုရှယ်မီဒီယာပေါ်က ဗဟုသုတရ ဖွယ်ရာ စာပိုဒ်ကို အခုလိုပဲ ပြန်လည်ဖော်ပြပေး လိုက် ပါတယ်နော်။ ” ကုန်း​ဘောင်မင်းရဲ့ အ​နောက်နန်း မိဘုရားဟာ မမြက​လေးဖြစ်တယ်။ အဲ့ဒီ့မမြက​လေးရဲ့သမီးဟာ လှိုင်ထိပ်​ခေါင်တင် (ရတနာ​ဒေဝီ လို့လဲ​ခေါ်တယ်) သူ့အ​မေ မမြက​လေးက ​ရွှေလင်ပန်းနဲ့အချင်း​ဆေးရတဲ့ မဟာနွယ် မဟုတ်ဘူး သာမန် အရပ်သူပဲ ။ ဒါ့​ကြောင့် လှိုင်ထိပ်​ခေါင်တင် ငယ်ငယ်က ပုခက်အတွင်းမှာ အထိန်း​တော်​တွေ ​ချော့သိပ်တဲ့ နန်းတွင်းသုံးသား​ ချော့​တေး​တွေ​ရော သူ့အ​မေ မမြက​လေး ​ ​ချော့သိပ်တဲ့ အရပ်သုံးသား​ချော့​တေး ​​တွေ​ရောနား​ထောင်ဖူးခဲ့သတဲ့ ။

နန်း​တော်အတွင်းက သား​ချော့​တေး​တွေနဲ့ အရပ်သူတွေသုံးတဲ့ သား​ချော့​ တေး​တွေက မတူဘူး။ အရပ်သုံးသား ​ချော့​တေး​တွေက အရပ်သူ​တွေ စပ်ထားတာ ဆို​တော့ အ​မြှောက်အပင့်​တွေ မပါပဲရိုးရိုး​လေး​ပေါ့ ။ နန်း​တော်အတွင်းက သား​ချော့​တေး​တွေက​တော့ စာဆိုပညာရှိတွေရဲ့ ထီးသုံးနန်းသုံး​​စကားလုံး​တွေ လင်္ကာ​တွေနဲ့ စပ်ထားတဲ့ ကဗျာဂီတ​တွေဆို​တော့ အရပ်သုံးသားချော့တေး​တွေထပ်အဆင့်မြင့်တယ်​ပေါ့ ။ အရပ်သုံးသား​ချော့​တေး​တွေဟာ ထီးတွင်းနန်းတွင်းသုံး သား​ချော့​တေး​တွေနဲ့ယှဉ်ရင် မျက်နှာငယ်ခဲ့ရသတဲ့

အဲလိုနဲ့ လှိုင်ထိပ်​ခေါင်တင် ​က ထန်းတပင်မင်းသားကို လဲ​မွေးရော မြပုခက်နဲ့ မင်္ဂလာယူတဲ့အချိန်မှာ အရပ်သုံး သား​ချော့​တေးသုံးပုဒ်ကို နန်းတွင်းသုံးသား​ချော့​တေး​တွေနဲ့ ယှဉ်ပြီးဆိုနိုင်​အောင် Update လုပ်ခဲ့သတဲ့ (မဟာဂီတစာရင်း​တောင်ဝင်ခဲ့သတဲ့) အဲ့သုံးပုဒ်မှာ ​` ကြောင်ဖားကြီးရဲ့မှီးတံတို’ ဆို ကျွန်​တော်ငယ်ငယ်က အဖွား​တွေ​ချော့သိပ်တဲ့သီချင်းစာရင်းအထဲပါခဲ့တယ် ။ ‘လူက​လေးရဲ့အိပ်ချိန်တန် ဗျိုင်း​ရှေ့ကပျံ ‘ စတဲ့သီချင်း​တွေနဲ့လဲ အဖွား​တွေ ​ချော့သိပ်တာခံခဲ့ရတယ် အဲ့တာ​​တွေ​ကြောင့်လဲ ဂီတပိုးပါခဲ့တယ်ထင်ရဲ့ ၊ ကျွန်​တော််ငယ််််ငယ်က အဖွား​တွေလက်ထဲကြီးပြင်းခဲ့ရတာ ၊

အ​မေက ဆရာမဆို​တော့ မနက် အ​စောကြီး​ ကျောင်းသွား မိုးချုပ်မှအိမ်ပြန်​ရောက်​ပေါ့ ထားပါ။ ​​ပြောချင် တာက အခုကျွန်​တော့် တူ​တော်​မောင်နဲ့ တူမ​လေးဆို ဘယ်သား​ချော့​တေး​ တွေနဲ့ အိပ်ယာဝင်​နေရလဲ ​ပေါ့ ..အခု​ခေတ်က​လေး​လေး​တွေ​ရော ဘယ်သား​ချော့​တေး​တွေနဲ့ ​ချော့သိပ်ခံရလဲ​ပေါ့ မိခင်​တွေအဖိုးအဖွား​တွေအ​နေနဲ့လဲ သား​ချော့​တေး​တွေ ဆိုကြ​သေးရဲ့လား စဉ်းစားမိတာပါ ဂီတကိုကျွန်​တော်တို့ပုခက်အတွင်းမှာတည်းက ရင်းနှီးခဲ့ရင် နှလုံးသား​တွေနူးညံ့နိုင်မယ်လို့ ထင်မြင်​မိကြောင်း Covid ကာလ မြူထ​သောအခါ ဒီးဒုတ်ဦးဘချိုရဲ့ အလင်္ကာဂီတ ဖတ်ရင်း ​တွေးမိတာ​လေး လျှာရှည်လိုက်ရပါတယ် 😁” ဆိုကာ သားချော့တေးများနဲ့ ပက်သက်ပြီး မှတ်သားဖွယ်ရာ အဖြစ်အပျက်လေးကို မျှဝေခဲ့ပါတယ်။ အဆုံးထိ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ ပရိတ်သတ်ကြီးလည်း ယနေ့ခတ် ကလေးငယ်တွေကို ချော့သိပ်တဲ့အခါ ဘယ်လို သားချော့တေးတွေကို အသုံးပြုလဲဆိုတာ သိရင် ဖြေခဲ့ပါဦးနော်။

Crd:San Kyi Par

About the author

Ms Cele

Leave a Comment