Celebrity


Written by Ms Cele





Credit:Cele Zone
Source:Phway Phway

မာမီကွတ်ရဲ့ဂေဟာအတွက် အလှူငွေ ၉သိန်းကျပ်ကို သွားရောက်လှူဒါန်းခဲ့တဲ့ ဖွေးစိန်လေး

အလှူအတန်းတွေ လုပ်တိုင်း အမြဲတမ်းအကျယ်တဝင့် မလုပ်ဘဲ တိတ်တဆိတ်လေးတွေ လှူတတ်တဲ့ ဖွေးစိန်လေးဟာ ဒီနေ့မှာတော့ မာမီကွတ်ရဲ့ဂေဟာ အတွက် ငွေကျပ် (၉) သိန်း သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ မွေးကင်းစ ကလေးလေးတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ မာမီကွတ်ဟာ တကယ့်ကိုပရဟိတစိတ် အပြည့်ရှိသူပါ။

ဖွေးစိန်ဟာ သူမရဲ့ အလှူတွေအကြောင်းသိပ်မပြောပေမယ့် ဒီနေ့အတွက် ကြည်နူးစရာ အလှူလေးရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကိုတော့ သူမရဲ့ Facebook Myday မှာ ” နတ်လူသာဓုခေါ်စေသောဝ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ စိတ်ထားဖြူစင်ပြီး ပွင့်လင်းတဲ့ ဖွေးစိန်လေးဟာ အလုပ်တွေလည်းကြိုးစားသလို အလှူဆိုလည်း လက်မနှေးတတ်သူပါ။

နှစ်ဦးအလှူအဖြစ်နဲ ့ဒီလိုကုသိုလ်လေးကိုပြုခဲ့တာဖြစ်ပြီး ဖွေးစိန်ရဲ့ ပရိသတ်တွေ ကတော့ သူမရဲ့အလှူအတွက် သာဓုအကြိမ်ကြိမ် ခေါ်ဆိုနေကြမှာပါ။ နောက်လည်း ဒီထက်မက လှူဒါန်းနိုင်ပြီး အနုပညာ လမ်းကြောင်းပေါ်မှာလည်း အတိုင်းအဆမရှိ အောင်မြင်မှုတွေ ထွန်းပေါက်ပါစေဖွေးစိန်ရေ။

Credit:Cele Zone
Source:Phway Phway

About the author

Ms Cele

Leave a Comment