Celebrity


Written by Ms Cele





Credit:Cele Zone

မိခင်ရဲ့ ခြေရာကို အမြတ်တနိုးနဲ့တန်ဖိုးထားပြီး ဧည့်ခန်းထဲမှာ ဂုဏ်ယူစွာနဲ့ ချိတ်ဆွဲထားခဲ့တဲ့ နွေးနွေးချစ်ဖွယ်

မိဘတွေဟာ သူမငယ်စဉ် ကတည်းက ကွဲကွာသွားကြပေမယ့် မိခင်ကိုရော ဖခင်ကိုပါ ဝတ္တရားမပျက်ဘဲ အမြဲတမ်းစောင့်ရှောက်သလို ဖခင်ရဲ့ဒုတိယ ဇနီးကိုပါ သူမရှာထားတဲ့ ငွေကြေးနဲ့တတ်နိုင်သလောက်ထောက်ပံ့တတ်တဲ့ စေတနာရှင်လေးနွေးနွေးးချစ်ဖွယ်ဟာ မိဘတွေကို အရမ်းသိတတ်သူတစ်ယောက်ပါ။ ဖခင်ရဲ့ဒုတိယဇနီးဆုံးပါးသွားတော့လည်း ဖခင်ကိုနှစ်သိမ့်ပေးပြီး အနားမှာအချိန်ကြာကြာရှိနေပေးတတ်ပါတယ်။

မိဘနှစ်ပါးရဲ့ပြန်လည်ဆုံဆည်းမယ့် အချိန်လေးကိုမျှော်လင့်နေပြီး နှစ်ယောက်လုံး အတူတူ ပြန်ပေါင်းနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားပေး ခဲ့ပါတယ်။ မိခင်ကိုလည်း သူမ ကြိုးစားပြီးရှာထားတဲ့ ငွေကြေးတွေနဲ့ တင့်တောင့်တင့်တယ်ဖြစ်အောင်ထောက်ပံ့ပသလို ဖခင်အတွက်လည်း လိုလေးသေးမရှိ ထောင့်စေ့အောင် ဂရုစိုက်တတ်ပါသေးတယ်။

မိခင်များနေ့မှာတော့ အမေ့ခြေရာကို ယူထားတဲ့ပုံရိပ်လေးကို ” အမေ့စကား ခရေစေ့တွင်းကြ နားထောင်နိုင်အောင် ကြိုးစားနေထိုင်ရင်း အပိုတွေသိပ်မပြောတတ်လို့ ချစ်တယ်မေမေ အသက်ရှည်ကျန်းမာ ချမ်းသာပါစေ ကမ္ဘာပေါ်မှာရှိတဲ့ အမေများအားလုံးလည်း အသက်ရှည် ကျန်းမာ ချမ်းသာကြပါစေ ” ဆိုပြီးဝေမျှခဲ့ပါတယ်။ မိဘကိုသိတတ်တဲ့ သားသမီးမို့ ဒီထက်မက အများကြီးအောင်မြင်ဦးမှာပါနွေးရေ။

Credit:Cele Zone
Source:Nway Nway Chit Phwal

About the author

Ms Cele

Leave a Comment