Celebrity

မိခင္ျဖစ္သူကို ဂုဏ္ျပဳတဲ့အေနနဲ႔ Mom ဆိုတဲ့ တက္တူးေလး ထိုးခဲ့တဲ့ ခင္ရတနာစိုး

Written by Ms Cele

မိခင္ျဖစ္သူကို ဂုဏ္ျပဳတဲ့အေနနဲ႔ Mom ဆိုတဲ့ တက္တူးေလး ထိုးခဲ့တဲ့ ခင္ရတနာစိုး

ဝါသနာရွင္ ရြက္ပုန္းသီး အဆိုဝါသနာ ရွင္ေလးေတြကို ေျမေတာင္ေျမႇာက္ေပးေနတဲ့ The Voice Myanmar သီခ်င္းဆိုၿပိဳင္ပြဲ ကေန ျမန္မာသံ ေတးသီခ်င္းေလးနဲ႔ ဒိုင္ေတြရဲ့ခ်ီးက်ဴးစကား ေတြေရာ ပရိသတ္ေတြရဲ့တခဲနက္ အားေပးမႈကို ပါရရွိခဲ့တဲ့ ခင္ရတနာစိုးဆိုတဲ့ ၿပိဳင္ပြဲဝင္ေလးကေတာ့ ၿပိဳင္ပြဲ ၿပိဳင္ေနစဥ္ ကာလမွာထဲက ပရိသတ္ အားေပးဝန္းရံမႈေတြ အမ်ားႀကီးရခဲ့တဲ့ အႏုပညာရွင္ တစ္ေယာက္ပါ ။

သူမကိုခ်စ္ခင္ အားေပး ၾကတဲ့ အမာခံပရိသတ္ေတြ ကေတာ့ လတ္တေလာမွာ သူမရဲ့တက္တူး အသစ္ေလးကို တခဲနက္အားေပးခဲ့ၾကတာပါ ။ မိခင္ျဖစ္သူ ကို ဂုဏ္ျပဳတဲ့အေနနဲ႔ Mom ဆိုတဲ့ တက္တူးေလး ကို သူမရဲ့ ေက်ာေပၚမွာ ထိုးခဲ့ၿပီး ဒီတက္တူးေလးကို အားေပး ၾကည့္ရႈသူ ပရိသတ္ေတြ ငါးေသာင္းေတာင္ ေက်ာ္ခဲ့တာပါ ။

တက္တူးထိုးတာကို မႀကိဳက္ တဲ့ ပရိသတ္ေတြကိုလည္း သူမ က အက်ိဳးမရွိတာ မ်ိဳးမထိုးပါဘူးလို႔ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္ ။ ခင္ရတနာစိုးကို ခ်စ္တဲ့ ပရိသတ္ႀကီးကေတာ့ သူမ ဘာလုပ္လုပ္ အားေပးၾကဖို႔ အဆင္သင့္ပဲ ဆိုေတာ့ သူမရဲ့ တက္တူးသစ္ေလး ကိုလည္း အရမ္းအဓိပၸါယ္ ရွိေၾကာင္း ခ်ီးက်ဴးေနၾကတာလည္း ေတြ႕ရပါတယ္ ။

ခရက္ဒစ္-ဆယ္လီကမၻာ

မိခင်ဖြစ်သူကို ဂုဏ်ပြုတဲ့အနေနဲ့ Mom ဆိုတဲ့ တက်တူးလေး ထိုးခဲ့တဲ့ ခင်ရတနာစိုး

ဝါသနာရှင် ရွက်ပုန်းသီး အဆိုဝါသနာ ရှင်လေးတွေကို မြေတောင်မြှောက်ပေးနေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ ကနေ မြန်မာသံ တေးသီချင်းလေးနဲ့ ဒိုင်တွေရဲ့ချီးကျူးစကား တွေရော ပရိသတ်တွေရဲ့တခဲနက် အားပေးမှုကို ပါရရှိခဲ့တဲ့ ခင်ရတနာစိုးဆိုတဲ့ ပြိုင်ပွဲဝင်လေးကတော့ ပြိုင်ပွဲ ပြိုင်နေစဉ် ကာလမှာထဲက ပရိသတ် အားပေးဝန်းရံမှုတွေ အများကြီးရခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပါ ။

သူမကိုချစ်ခင် အားပေး ကြတဲ့ အမာခံပရိသတ်တွေ ကတော့ လတ်တလောမှာ သူမရဲ့တက်တူး အသစ်လေးကို တခဲနက်အားပေးခဲ့ကြတာပါ ။ မိခင်ဖြစ်သူ ကို ဂုဏ်ပြုတဲ့အနေနဲ့ Mom ဆိုတဲ့ တက်တူးလေး ကို သူမရဲ့ ကျောပေါ်မှာ ထိုးခဲ့ပြီး ဒီတက်တူးလေးကို အားပေး ကြည့်ရှုသူ ပရိသတ်တွေ ငါးသောင်းတောင် ကျော်ခဲ့တာပါ ။

တက်တူးထိုးတာကို မကြိုက် တဲ့ ပရိသတ်တွေကိုလည်း သူမ က အကျိုးမရှိတာ မျိုးမထိုးပါဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ် ။ ခင်ရတနာစိုးကို ချစ်တဲ့ ပရိသတ်ကြီးကတော့ သူမ ဘာလုပ်လုပ် အားပေးကြဖို့ အဆင်သင့်ပဲ ဆိုတော့ သူမရဲ့ တက်တူးသစ်လေး ကိုလည်း အရမ်းအဓိပ္ပါယ် ရှိကြောင်း ချီးကျူးနေကြတာလည်း တွေ့ရပါတယ် ။

ခရက်ဒစ်-ဆယ်လီကမ္ဘာ

About the author

Ms Cele

Leave a Comment