Celebrity


Written by Ms Cele





Credit:Celelucky

မိခင်ဖြစ်သူမှ စားချင်တာစားဖို့မုန့်ဖိုးပေးလိုက်တာကို ပရိသတ်တွေသိအောာင် ထုတ်ကြွားလိုက်တဲ့ နေဒွေး

ပရိသတ်ကြီးရေ သရုပ်ဆောင် နေဒွေးဟာ အမေတစ်ခု သားတစ်ခု ဘဝဖြစ်တဲ့ အတွက် သူ့မေမေကို လိုလေသေး မရှိအောင် ထားပေးနေသူပါနော်။ မေမေမကြိုက်တာ ဘာတစ်ခုမှ မလုပ်တဲ့ သားလိမ္မာလေးဖြစ်အောင် နေထိုင်နေသူပါနော်။

ရှာဖွေသမျှ ပိုက်ဆံတွေ ကိုလည်း မိခင်ကိုသာ အပ်လေ့ရှိပြီး ဝယ်ချင်တာရှိမှသာ တောင်းသုံးလေ့ရှိသူ ပါနော်။ အခုမှာတော့ ချစ်မေမေ မုန့်ဖိုးပေးတာကို ဖောက်သည်ချလာ ပါပြီနော်။ရွှေဖြူတွေ ဝယ်နေတဲ့ မေမေ့ကို သူ့အတွက် ဝယ်ပေးဖို့ တောင်းဆိုပေမယ့် မဝယ်ပေးတာကြောင့် ငွေတစ်သောင်း မုန့်ဖိုးပေးလိုက်တာကြောင့် story တင်ပြီး ပြောပြခဲ့တာပါနော်။

” ငါ့သားလေးက အသားညိုတော့ ရွှေဖြူနဲ့ မလိုက်ဘူးတဲ့ ရော့ တစ်သောင်းယူ စားချင်တာ ဝယ်စားတဲ့ အလုပ်မရှိတဲ့ဘဝက ဆိုးပါ့” လို့ သူ့အခြေအနေကို ပြောပြလာတာပါနော်။သားအမိနှစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ နေထိုင်တဲ့ ဘဝလေးက သိပ်ကို သာယာလှ ပါတယ်နော်။ နေဒွေးကို ရည်းစားဟောင်းနဲ့ ပြသနာတက်တဲ့ ကိစ္စနဲ့ လူမုန်းများခဲ့ပေမယ့် အကြောင်းစုံသိရတဲ့နောက်ပိုင်းမှာ ပရိသတ်တွေ အကုန်လုံး ပြန်ကြည်ဖြူလာကြပါပြီနော်။

Credit:Celelucky

About the author

Ms Cele

Leave a Comment