Celebrity


Written by Ms Cele





#Crd

မိခင်ဖြစ်သူရဲ့မွေးနေ့မှာ ဆုတောင်း စကားလေးနဲ့အတူ အရမ်းချစ်ကြောင်း ပြောပြလိုက်တဲ့ ရွှေမှုံရတီ

ပရိသတ်ကြီးရေ မင်းသမီးချောလေး ရွှေမှုံရတီဟာဆိုရင် လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့ နိုင်ငံကျော်မင်းသမီးလေးပဲဖြစ်ပါတယ်နော်။လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး အဆိုတော်ရွှေထူးနဲ့သာယာပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး အရမ်းကိုချစ်ကြတဲ့ ဇနီးမောင်နှံတွေပဲဖြစ်ပါတယ်နော်။

ရွှေမှုံရတီဟာ ငယ်ရွယ်ပြီးအောင်မြင်နေတဲ့အချိန်ကာလမှာ အိမ်ထောင်ပြုလိုက်တဲ့အတွက် ပရိသတ်တွေက သူမကိုနှမြောနေကြတာလည်းဖြစ်ပါတယ်။ ရွှေမှုံဟာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုများစွာ ရရှိထားတဲ့ မင်းသမီးလေးလည်း ဖြစ်ပြီး သူမရဲ့ မေမေဟာလည်း ချစ်သမီးလေးကိုအမြဲပံ့ပိုးပေးတဲ့ မိခင်ကောင်းတစ်ဦးလည်းဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၁ရက်နေ့မှာကျရောက်တဲ့ ရွှေမှုံရတီ့မေမေရဲ့ မွေးနေ့လေးမှာ ရွှေမှုံက “Happy birthday ပါအမေ အရမ်းချစ်တယ်” ဆိုတဲ့ စာသားလေးနဲ့အတူ မေမေ့ကိုအချွဲပိုထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံလေးကိုဆက်လက်အားပေးပြီး ချစ်ပေးကြပါအုံးနော်။ ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Shwe Mhone Yati’s FB
#Crd

About the author

Ms Cele

Leave a Comment