Celebrity


Written by Ms Cele






မိခင်ဖြစ်သူရဲ့ မွေးနေ့ကို အိမ်မှာပဲ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ကျင်းပပေးခဲ့တဲ့ သင်ဇာဝင့်ကျော်

မင်းသမီးချောလေး သင်ဇာဝင့်ကျော် ကတော့ အနုပညာ လောကမှာ ဆယ်စုနှစ် တစ်စုကျော်တိုင် အောင်အောင်မြင်မြင် ရပ်တည်ခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော် က နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကား တွေထက် ကြော်ငြာနဲ့ ပွဲတက်တွေ ကိုသာ အများဆုံးလက်ခံ ပေးနေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သင်ဇာဝင့်ကျော် က ကပ်ရောဂါအခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို လျော့ချပြီး နေအိမ်မှာပဲ မိသားစုနဲ့အတူတူ အချိန်တွေ ကုန်ဆုံးနေလျက်ရှိပါတယ်။

မနေ့က အောက်တိုဘာလ (၁၄) ရက်နေ့ ကတော့ သင်ဇာဝင့်ကျော်ရဲ့ တစ်ဦး တည်းသော အချစ်ဆုံးမေမေ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော် ကတော့ မေမေ့ရဲ့မွေးနေ့မှာ ဘယ်ကိုမှ မသွားဖြစ်ပဲ အိမ်မှာပဲ မိသားစုနဲ့ အတူတူ ကိတ်မုန့်လေးခွဲရင်း ပျော်ရွှင်စရာ ကောင်းတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး အတွက် သင်ဇာဝင့်ကျော်တို့ မိသားစုတွေရဲ့ ကြည်နူးစရာ အခိုက်အတန့်လေး တွေကို မျှဝေပေးလိုက်ပါ တယ်နော်။

သင်ဇာဝင့်ကျော် ကတော့ စိတ်လွတ်ကိုယ်လွတ် နေထိုင်တတ်သူ တစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ မိဘနှစ်ပါး အပေါ်ကိုတော့ ဂရုတစိုက်နဲ့ အရမ်းချစ်ရှာသူ တစ်ယောက် ဖြစ်ပါတယ်။ သင်ဇာတို့ မိသားစုလေး အခုလိုပဲ အစဉ်ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment