Celebrity


Written by Ms Cele






မိခင်ဖြစ်သူရဲ့ မွေးနေ့မှာ တန်ဖိုးကြီး Gucci ပုဝါလေး လက်ဆောင်ပေးပြီး မိသားစုတွေ စုံစုံလင်လင်နဲ့ မွေးနေ့ပွဲကျင်းပပေးခဲ့တဲ့ အိချောပို

အိချောပိုကတော့ “အနုပညာပျိုးခင်း” မင်းသမီး အဖြစ် ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးရင်း တဖြည်းဖြည်း မြန်မာနိုင်ငံ က ထိပ်တန်း မင်းသမီးအဖြစ် အောင်မြင်မှု ရရှိလာတာ ဖြစ်ပါတယ်။ ရှင်းလင်း ပြေပြစ်တဲ့ သူမရဲ့ မျက်နှာလေးနဲ့ စွဲမက်ဖွယ် ကောင်းတဲ့ သူမရဲ့ ကောက်ကြောင်းအလှကတော့ ပုရိသတွေ ရင်ခုန်စရာဖြစ်ပြီး မိန်းကလေး ပရိသတ်တွေရဲ့ အားကျခြင်းခံရတာမို့ ပရိသတ် အကြိုက် မင်းသမီး တစ်လက်လို့ ဆိုလည်းမှားမယ် မထင်ပါဘူး။ လက်ရှိမှာတော့ အိချောပိုက အနုပညာ လှုပ်ရှားမှုတွေကို ရပ်နား ထားပြီး မိသားစုနဲ့သာ အတူတူ အချိန်ကုန်ဆုံးနေလျက်ရှိပါတယ်။

အိမ်ထောင် မရှိတဲ့ တစ်ကိုယ်တည်း Single တစ်ယောက်ပီပီ မိသားစု ကို အရမ်းချစ်တဲ့ အိချောပို ကတော့ သူမရဲ့ အချိန်တွေ တော်တော် များများကို အိမ်သားတွေနဲ့အတူတူ အချိန်ကုန်ဆုံးလေ့ရှိတာပဲ ဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ (၃) ရက်နေ့ကတော့ အိချောပိုမေမေရဲ့ အသက် (၅၅) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ အိချောပိုက မေမေ့ရဲ့ မွေးနေ့မှာ တန်ဖိုးကြီး Gucci ပုဝါလေး လက်ဆောင်ပေးခဲ့ပြီး မောင်နှမတွေနဲ့အတူတူ အိမ်မှာပဲ မွေးနေ့ပွဲလေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အိချောပိုကတော့ အချစ်ရဆုံး တစ်ဦးတည်းသော မေမေရဲ့ မွေးနေ့ကို နေအိမ်မှာပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ အိချောပိုတို့ မိသားစုလေး အခုလိုပဲ အမြဲထာဝရ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment