Celebrity


Written by Ms Cele





Credit:Cele Zone
Source:Myo Min Soe

မိခင်ဖြစ်သူရဲ့ မွေးနေ့မှာ ငွေဆယ်သိန်းနဲ့ ဂါရဝပြုခဲ့တဲ့ ဒီဇိုင်နာမျိုးမင်းစိုး

သားသမီးတွေကို ငယ်စဉ်ကတည်းက လမ်းကောင်းညွှန်ပြပြီး လူချွန်လူကောင်းဖြစ်အောင် ပြုစုပေးလာခဲ့တဲ့ မိဘတွေကို သားသမီးတွေကလည်း အဆင်ပြေတဲ့ အချိန်မှာ တလှည့်တပြန်ကျေးဇူးဆပ်ကြတာဟာ တကယ်ကိုကြည်နူးစရာပါ။ ဒီဇိုင်နာမျိုးမင်းစိုးဟာ မိခင်အပေါ်မှာ အရမ်းကိုသိတတ်တဲ့ သားလိမ္မာ တစ်ယောက်ဖြစ်ပြီး မိခင်အတွက် အမြဲတမ်းဦးစားပေးပြီး စဉ်းစားတတ်သူပါ။

ဒီတစ်ခေါက် မှာလည်း မိခင်ရဲ့ (၆၃) နှစ်ပြည့်မွေးနေ့အတွက် ကုသိုလ်ပြုခဲ့တဲ့ ပုံလေးတွေကို ” မေမေ့ရဲ့ (၆၃) နှစ်ပြည့်မွေးနေ့ရက်လေး မှာပျော်ရွှင်ပါစေ။ ကျနော်ကို လောကထဲမှာ မွေးဖွားပေးခဲ့သူ အတတ်ပညာ၊ အသိပညာ၊ အသက်မွေးပညာတို့နဲ့ရှင်သန်စေခဲ့သူ နှစ်ရှည်ခရီးရှည်ကြီးမှာ မိသားစုအတွက် မမောတမ်းဦးဆောင်လျှောက်ပေးခဲ့သူ ”

” ချစ်ရဆုံးမေမေရဲ့မွေးနေ့ အမှတ်တရအဖြစ်လုပ်အားဖြင့် ရတဲ့ငွေလေးများထဲမှ မေမေလှူချင်တာလှူဖို့အတွက်ငွေ (၁၀) သိန်းနဲ့အမှတ်တရ လေးကန်တော့ပါတယ်။ မေမေ အသက်ရှည်ကျန်းမာပါစေ။ နောင်နှစ်ပေါင်း များစွာတိုင် အမေကို လုပ်ကျွေးတဲ့ သားတစ်ယောက် အဖြစ် အမြဲရှိနေနိင်ပါရစေ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Credit:Cele Zone
Source:Myo Min Soe

About the author

Ms Cele

Leave a Comment