Celebrity

မိခင္ျဖစ္သူ စီးခ်င္ ေနတဲ့ သိန္း(၄၁၈)တန္ ကားကို အၾကိဳေမြးေန့ လက္ေဆာင္ အျဖစ္ အမွတ္တရ ဝယ္ေပး ခဲ့တဲ့ ေနေဒြး

Written by Ms Cele

မိခင္ျဖစ္သူ စီးခ်င္ ေနတဲ့ သိန္း(၄၁၈)တန္ ကားကို အၾကိဳေမြးေန့ လက္ေဆာင္ အျဖစ္ အမွတ္တရ ဝယ္ေပး ခဲ့တဲ့ ေနေဒြး

သရုပ္ေဆာင္ ေနေဒြး ကေတာ့ ပရိသတ္ခ်စ္တဲ့ အနုပညာရွင္တစ္ေယာက္ အျဖစ္သာမက အသက္ ငယ္ငယ္ေလးနဲ့ စီးပြားေရးလုပ္ငန္းေတြမွာ ေအာင္ျမင္ေနသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ေနေဒြး ကေတာ့ သူ့မိဘစီးပြားေရးလုပ္ငန္းျဖစ္တဲ့ ဆန္စက္ လုပ္ငန္းကို ဦးစီးလုပ္ကိုင္ေနျပီး လုပ္ငန္း ကလည္း ေနေဒြးရဲ့ လက္ထက္ေရာက္မွာ ပိုျပီးေအာင္ျမင္လာျပီး လုပ္ငန္းေတြ တိုးခ်ဲ့လာနိုင္ ခဲ့တာပဲ ျဖစ္ပါတယ္။ အိမ္ေထာင္ မရိွေသးတဲ့ ေနေဒြး ကေတာ့ သူရွာေဖြလို့ရသမွ် ပစၥည္းဥစၥာ ေတြကို ေက်းဇူးရွင္ေမေမ လိုအပ္တာေတြ ျဖည့္ဆည္းေပးသလို အလွဴအတန္း ကုသိုလ္ ဒါနေတြျပဳလုပ္ရင္း အက်ိဳးရိွရိွ အသံုးခ် သူပဲ ျဖစ္ပါတယ္။

ဒီတစ္ခါ မွာလည္း ေနေဒြးက မၾကာခင္ ဇနန္နဝါရီလ (၆) ရက္ေန့မွာ က်ေရာက္မယ့္ ေက်းဇူးရွင္ ေမေမရဲ့ ေမြးေန့ အတြက္ သိန္းေလးရာေက်ာ္တန္ ကားၾကီး ေမြးေန့လက္ေဆာင္ ေပးခဲ့တာကို ေတြ့ရပါတယ္။ ေနေဒြးက “Pre Happy Birthday Present အတြက္ ခ်စ္ေမေမ စီးခ်င္ေနတဲ့ BEIJING X7 ကားသစ္ႀကီးဝယ္ေပးလိုက္ၿပီ❤️ ေမေမအသက္ရာေက်ာ္ရွည္ပါေစ🙏🏼🙏🏼🙏🏼 ေမြးေန႔လက္ေဆာင္ေနာက္ တစ္ခုက်န္ေသးတယ္ေမေမ🤫” ဆိုျပီး ေမေမစီးခ်င္ေနတဲ့ တန္ဖိုးၾကီး ကားၾကီးကို လက္ေဆာင္ေပးျပီး ေမေမ့ရဲ့ ဆႏၵေလး တစ္ခုကို ျဖည့္စည္းေပး ခဲ့ေၾကာင္း ေျပာလာပါတယ္။

ေနေဒြးကေတာ့ မိခင္သက္ရိွ ထင္ရွားရိွတုန္းေလး သူရိွသမွ်ခြန္အားနဲ့ လုပ္ေကြ်းျပဳစု ေကြ်းေမြးေနတဲ့ သားလိမၼာ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ မိဘကို သိတတ္တဲ့ ေနေဒြး တစ္ေယာက္ အကယ္ဒမီဆုၾကီးေတြ မ်ားစြာလည္းရရိွျပီး ေအာင္ျမင္တဲ့စီးပြားေရး လုပ္ငန္းရွင္ၾကီး တစ္ေယာက္ျဖစ္လို့လာပါေစလို့ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

မိခင်ဖြစ်သူ စီးချင် နေတဲ့ သိန်း(၄၁၈)တန် ကားကို အကြိုမွေးနေ့ လက်ဆောင် အဖြစ် အမှတ်တရ ဝယ်ပေး ခဲ့တဲ့ နေဒွေး

သရုပ်ဆောင် နေဒွေး ကတော့ ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက် အဖြစ်သာမက အသက် ငယ်ငယ်လေးနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ နေဒွေး ကတော့ သူ့မိဘစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဆန်စက် လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေပြီး လုပ်ငန်း ကလည်း နေဒွေးရဲ့ လက်ထက်ရောက်မှာ ပိုပြီးအောင်မြင်လာပြီး လုပ်ငန်းတွေ တိုးချဲ့လာနိုင် ခဲ့တာပဲ ဖြစ်ပါတယ်။ အိမ်ထောင် မရှိသေးတဲ့ နေဒွေး ကတော့ သူရှာဖွေလို့ရသမျှ ပစ္စည်းဥစ္စာ တွေကို ကျေးဇူးရှင်မေမေ လိုအပ်တာတွေ ဖြည့်ဆည်းပေးသလို အလှူအတန်း ကုသိုလ် ဒါနတွေပြုလုပ်ရင်း အကျိုးရှိရှိ အသုံးချ သူပဲ ဖြစ်ပါတယ်။

ဒီတစ်ခါ မှာလည်း နေဒွေးက မကြာခင် ဇနန်နဝါရီလ (၆) ရက်နေ့မှာ ကျရောက်မယ့် ကျေးဇူးရှင် မေမေရဲ့ မွေးနေ့ အတွက် သိန်းလေးရာကျော်တန် ကားကြီး မွေးနေ့လက်ဆောင် ပေးခဲ့တာကို တွေ့ရပါတယ်။ နေဒွေးက “Pre Happy Birthday Present အတွက် ချစ်မေမေ စီးချင်နေတဲ့ BEIJING X7 ကားသစ်ကြီးဝယ်ပေးလိုက်ပြီ❤️ မေမေအသက်ရာကျော်ရှည်ပါစေ🙏🏼🙏🏼🙏🏼 မွေးနေ့လက်ဆောင်နောက် တစ်ခုကျန်သေးတယ်မေမေ🤫” ဆိုပြီး မေမေစီးချင်နေတဲ့ တန်ဖိုးကြီး ကားကြီးကို လက်ဆောင်ပေးပြီး မေမေ့ရဲ့ ဆန္ဒလေး တစ်ခုကို ဖြည့်စည်းပေး ခဲ့ကြောင်း ပြောလာပါတယ်။

နေဒွေးကတော့ မိခင်သက်ရှိ ထင်ရှားရှိတုန်းလေး သူရှိသမျှခွန်အားနဲ့ လုပ်ကျွေးပြုစု ကျွေးမွေးနေတဲ့ သားလိမ္မာ တစ်ယောက်ပဲ ဖြစ်ပါတယ်။ မိဘကို သိတတ်တဲ့ နေဒွေး တစ်ယောက် အကယ်ဒမီဆုကြီးတွေ များစွာလည်းရရှိပြီး အောင်မြင်တဲ့စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်ဖြစ်လို့လာပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment