Celebrity


Written by Ms Cele





Source : Eint Chit

မိခင် ဖြစ်သူကို သတိရ လို့ ဘန်ကောက် အိမ်လေး ကို ခွဲပြီး အပြေး ပြန်လာ တဲ့ အိမ့်ချစ်

ပရိသတ်အချစ်တော် တေးသံရှင် အိမ့်ချစ် ကတော့ အိမ်ထောင်ကျပြီး နောက်ပိုင်း ချစ်ရတဲ့ ခင်ပွန်း ရဲ့ အချစ်တွေနဲ့ အရမ်းကို ပျော်ရွှင်နေတာပါနော် ။ လတ်တလော မှာတော့ ခင်ပွန်းဖြစ်သူနဲ့ အတူ ဘန်ကောက် ကို ရောက်ရှိနေတာဖြစ်ပြီး မြန်မာ နိုင်ငံကို ပြန်လာဖို့စီစဉ်နေပြီလို့သိရပါတယ် ။

ပြန်မလာခင်ထဲက သူမကို အနုပညာ အလုပ်တွေ ကမ်းလှမ်းနေကြပြီဖြစ်လို့ ပရိသတ် တွေနဲ့ပြန်လည်ဆုံ တွေ့ရမှာကို ရင်ခုန်နေပါပြီတဲ့ ။ Bangkok ကအိမ်လေးကို ခဏခွဲပြီး အမေ့ အိမ်လေးဆီ အပြေးပြန်လာပြီ ဖြစ်ကြောင်းကိုလည်း သူမရဲ့လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အသိပေးလာ ခဲ့ပါတယ် ။ နိုင်ငံခြားက ပြန်လာတာဖြစ်လို့ Q ဝင်ရမယ်ဆိုရင်လည်း အမေ့ကို အရမ်းသတိရနေလို့ဝင်ရမှာပါပဲလို့ ရေးသားဖော်ပြခဲ့ပါတယ် ။

ခင်ပွန်းဖြစ်သူ ကတော့ရုံးနဲ့မို့ လိုက်မရတော့ သူမကိုလေဆိပ် အထိလိုက်ပို့ပြီး မျက်ရည်လေး တေဝဲကာ အိမ်ပြန်သွားရှာလေပြီလို့လည်း ချစ်စဖွယ်ရေးသား ထားပါသေးတယ် ။ အိမ့်ချစ်ကိုလွမ်းနေတဲ့ ပရိသတ်ကြီး ကတော့ ပြန်လာတော့မယ်ဆိုလို့ဝမ်းသာ နေကြမယ်ထင်ပါတယ်နော် ။

Source : Eint Chit
Credit:Emily (Cele Gabar)

About the author

Ms Cele

Leave a Comment