Celebrity


Written by Ms Cele





Credit:CELELUCKY

မိတ်ကပ်မေဦးမောင် ဖမ်းဆီးခံလိုက်ရတဲ့ အကြောင်းကို ဝမ်းနည်းစွာနဲ့ ပြောလာတဲ့ မိတ်ကပ်မေဦး

ပရိတ်သတ်ကြီးရေ…မိတ်ကပ်လောကမှာ အောင်မြင်မှုတွေကို အပြည့်အဝရရှိထားတဲ့အပြင် စကားပြောပွင့်လင်း ရိုးသားတာကြောင့် ပရိသတ်တွေ အားပေး ချစ်ခင်ကြတဲ့ မိတ်ကပ်ပညာရှင် မေဦးဟာဆိုရင် တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ အင်တိုက်အားတိုက်ပါဝင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်နော်..။အရေးတော်ပုံ အောင်မြင်ဖို့အတွက် တစ်ထောင့်တစ်နေရာကေ နတတ်နိုင်သလောက်အစွမ်းကုန်ပါဝင်နေတဲ့ မေဦးကတော့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံ ထားရသလို လက်ရှိမှာလည်း Gen Z Burma အဖွဲ့ဝင်အဖြစ် နယ်စပ်တစ်နေရာကို ရောက်ရှိနေတာ ဖြစ်ပါ တယ်..။ဒီကနေ့မှာဆိုရင်လည်း မေဦးက မိတ်ကပ်လောကမှာ သူ့ရဲ့ဆရာတစ်ဆူလိုရော အမေလိုပါချစ်ရခင်ရတဲ့ မိတ်ကပ်မေဦးမောင် ဖမ်းဆီးခံလိုက်ရတဲ့အကြောင်းကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။

မိတ်ကပ်မေဦးမောင်ဟာ ဆိုရင်လည်း နွေဦးတော်လှန်ရေးစတင်ကတည်းကပြည်သူလူထုနဲ့အတူတက်ကြွစာပါဝင်ခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။မေဦးမောင်က စကစမှကျင်းပခဲ့တဲ့ သင်္ကြန်ပွဲတော်ကိုသွားရောက်ခဲ့တဲ့ပုံတွေတက်လာခဲ့တဲ့အတွက် ပြည်သူတွေရဲ့အထင်လွဲမှားမှုခံခဲ့ရတာပဲဖြစ်ပါတယ်နော်။အခုလက်ရှိမှာတော့ မေဦးမောင်ကမသမာသူလူတစ်စုကြောင့်ထောင်ထဲရောက်သွားခဲ့ရတာပဲဖြစ် ပါတယ်..။မေဦးမောင်ဖမ်းဆီးခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေဦးကအခုလိုပဲစိတ်မကောင်းစွာနဲ့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်..။

မေဦးက “အရမ်းသတိရတယ် အမေမေဦးမောင်ဆိုတာ နိုင်ငံရေးတည်ငြိမ်သလို အခြေအနေကတည်းက အမှန်တရားဘက်ကအမြဲရပ်တည်ခဲ့သူပါနိုင်ငံကြီးတခုလုံး ဒုက္ခတွင်းထဲကြရောက်သွားတဲ့ အချိန်အခါ မှာလည်း နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကျေပွန် ကာလမ်းမတွေပေါ်မှာ တစ်ရက်မှမနား ဆန္ဒထုတ်ဖော်ခဲ့တဲ့အပြင်ပြည်သူတွေ အားလုံးနဲ့ တစ်သားတည်းရှိခဲ့တာ မေဦးသက်သေပါ အခုတော့မသမာ လူတစ်စုကြောင့် ထောင်ထဲရောက်သွားခဲ့ရတဲ့အပြင် ပြည်သူတွေ အားလုံးရဲ့ အထင်လွဲမှားပြီးအထင်သေးခြင်းကိုပါခံခဲ့ရတယ် အမေ့အတွက် အရမ်းဝမ်းနည်းရသလို မခံမရပ်နိုင်ဖြစ်မိတယ် အမေအားလုံးရဲ့အထင်လွဲမှားမှုကိုလည်းနောင်တချိန်မှာ အမေ့အရှေ့ကနေပြီးမားမားမတ်မတ် ရပ်တည်ကာဖြေရှင်းပေးဖို့ အဆင်သင့်ရှိနေတယ် အမေအမေနေကောင်း ကျန်းမာရှိပါစေလို့ဆုတောင်းပေးပါတယ်” ဆိုပြီးမေဦးမောင်အတွက် အရမ်းစိတ်မကေင်းဖြစ်ရကြောင်းကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်..။မေဦးမောင်တစ်ယောက် အန္တရယ်ကင်းစွာနဲ့အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိ ပါတယ်။

Source ; May Oo Facebook Acc
Credit:CELELUCKY

About the author

Ms Cele

Leave a Comment