Celebrity

မိတ္ေဆြေတြနဲ႔စုေပါင္းကာ အိမ္ေထာင္စု (၁၀၀)စာအတြက္ အေျခခံစားေသာက္ကုန္မ်ားအား ေရေဘးသင့္ ျပည္သူေတြကို လွဴဒါန္းခဲ့တဲ့ ေန၀င္းတို႕စံုတြဲ

Written by Ms Cele

မိတ္ေဆြေတြနဲ႔စုေပါင္းကာ အိမ္ေထာင္စု (၁၀၀)စာအတြက္ အေျခခံစားေသာက္ကုန္မ်ားအား ေရေဘးသင့္ ျပည္သူေတြကို လွဴဒါန္းခဲ့တဲ့ ေန၀င္းတို႕စံုတြဲ

ခုလတ္တေလာမွာ ဆိုရင္ တစ္ခ်ိဳ႕ ေတာင္တန္း ေဒသေတြမွာ မိုး႐ြာသြန္းမႈ ေတြေၾကာင့္ ေရႀကီး ၊ ေရလွ်ံမႈေတြ ျဖစ္ေပၚေနပါတယ္ ။ ေနအိမ္ေတြ နစ္ျမႇပ္သည္အထိ ေရေဘးကို ႀကဳံေတြ႕ေနရတာေၾကာင့္ ေဒသခံေတြ ခက္ခဲစြာ ေနထိုင္ေနၾကရပါတယ္ ။

ေဆး႐ုံေတြ လည္း ေရေတြဝင္လို႔ ကိုဗစ္လူနာ ေတြကို ေ႐ႊ႕ေျပာင္းေနၾကတဲ့ ပုံေတြက တကယ္ စိတ္မေကာင္းစရာပါ ။ ဒါ့ေၾကာင့္ ၿမိဳ႕ႀကီးေတြက ျပည္သူေတြက တန္ႏိုင္သေလာက္ ေထာက္ပံ့ လႉဒါန္းမႈေတြ ျပဳလုပ္ေပးေနၾကပါတယ္ ။ဒီအထဲမွာ အဆိုေတာ္ ေနဝင္းတို႔ ဇနီးေမာင္ႏွံလည္း အပါအဝင္ပါပဲ ။

မိတ္ေဆြေတြနဲ႔ စုေပါင္းကာ အိမ္ေထာင္စု (၁၀၀) စာအတြက္ အေျခခံစားေသာက္ကုန္ မ်ားစြာကို ေရေဘးသင့္ ျပည္သူေတြကို လႉဒါန္း ခဲ့ပါတယ္ ။ ခက္ခဲေနတဲ့ အခ်ိန္မွာ ခဏတာပဲျဖစ္ျဖစ္ အဆင္ေျပသြားရင္ကို လႉဒါန္းသူေရာ လက္ခံရရွိသူပါ ၾကည္ႏူး ပီတိျဖစ္စရာပါပဲ ။ ပရိသတ္ႀကီးအတြက္ ေနဝင္းတို႔ ဇနီးေမာင္ႏွံရဲ႕ အလႉေလးကို ေဝမွ်ေပးလိုက္ပါတယ္ ။

Credit: Cele Zone
Photo – Nay Win

မိတ်ဆွေတွေနဲ့စုပေါင်းကာ အိမ်ထောင်စု (၁၀၀)စာအတွက် အခြေခံစားသောက်ကုန်များအား ရေဘေးသင့် ပြည်သူတွေကို လှူဒါန်းခဲ့တဲ့ နေဝင်းတို့စုံတွဲ

ခုလတ်တလောမှာ ဆိုရင် တစ်ချို့ တောင်တန်း ဒေသတွေမှာ မိုးရွာသွန်းမှု တွေကြောင့် ရေကြီး ၊ ရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ် ။ နေအိမ်တွေ နစ်မြှပ်သည်အထိ ရေဘေးကို ကြုံတွေ့နေရတာကြောင့် ဒေသခံတွေ ခက်ခဲစွာ နေထိုင်နေကြရပါတယ် ။

ဆေးရုံတွေ လည်း ရေတွေဝင်လို့ ကိုဗစ်လူနာ တွေကို ရွှေ့ပြောင်းနေကြတဲ့ ပုံတွေက တကယ် စိတ်မကောင်းစရာပါ ။ ဒါ့ကြောင့် မြို့ကြီးတွေက ပြည်သူတွေက တန်နိုင်သလောက် ထောက်ပံ့ လှူဒါန်းမှုတွေ ပြုလုပ်ပေးနေကြပါတယ် ။ဒီအထဲမှာ အဆိုတော် နေဝင်းတို့ ဇနီးမောင်နှံလည်း အပါအဝင်ပါပဲ ။

မိတ်ဆွေတွေနဲ့ စုပေါင်းကာ အိမ်ထောင်စု (၁၀၀) စာအတွက် အခြေခံစားသောက်ကုန် များစွာကို ရေဘေးသင့် ပြည်သူတွေကို လှူဒါန်း ခဲ့ပါတယ် ။ ခက်ခဲနေတဲ့ အချိန်မှာ ခဏတာပဲဖြစ်ဖြစ် အဆင်ပြေသွားရင်ကို လှူဒါန်းသူရော လက်ခံရရှိသူပါ ကြည်နူး ပီတိဖြစ်စရာပါပဲ ။ ပရိသတ်ကြီးအတွက် နေဝင်းတို့ ဇနီးမောင်နှံရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။

Credit: Cele Zone
Photo – Nay Win

About the author

Ms Cele

Leave a Comment