Local News

မိတၳီလာ ၿမိဳ႕မ ေစ်း ရွိ ေရႊဆိုင္တစ္ ဆိုင္ ကို ထူးဆန္း ေသာ နည္းျဖင့္ ေဖာက္ထြင္း ရန္ ႀကိဳးစား မႈ

Written by Ms Cele

မိတၳီလာ ၿမိဳ႕မ ေစ်း ရွိ ေရႊဆိုင္တစ္ ဆိုင္ ကို ထူးဆန္း ေသာ နည္းျဖင့္ ေဖာက္ထြင္း ရန္ ႀကိဳးစား မႈ

မႏၲေလး တိုင္းေဒသႀကီး မိတၳီလာၿမိဳ႕ ၿမိဳ႕မေဈး အနီးရွိ ကိုဗစ္ ျဖစ္ပြား ေနစဥ္ ကာလအတြင္း ယာယီပိတ္ ထားေသာ ေရႊဆိုင္တစ္ဆိုင္တြင္ တံခါးကို မီးရွို႔ကာ ေဖာက္ထြင္း ရန္ လုပ္ေဆာင္ထား သည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း အဆိုပါ ေရႊဆိုင္ ပိုင္ရွင္က ေျပာပါတယ္။ မိတၳီလာၿမိဳ႕ ေဈးအေရွ႕ျပင္ရပ္၊ မိတၳီလာၿမိဳ႕မေဈးႀကီး၏ အေရွ႕ေတာင္ဘက္ ရွိ ပိတ္ထား ေသာ ေရႊဆိုင္သို႔ ယေန႔ ေအာက္တိုဘာ(၁၀)ရက္ နံနက္ပိုင္းတြင္ ဆိုင္ပိုင္ရွင္က သြားေရာက္ၾကည့္ရႈရာမွ စြပ္က်ယ္အကၤ်ီ တစ္ထည္ကို ပလတ္စတစ္ ႀကိဳးႏွင့္ခ်ည္ကာ ေရႊဆိုင္ တံခါးတြင္ ညႇပ္၍ မီးရွိ့ထားသည္ကို ေတြ႕ရွိခဲ့ရသည္ဟု အဆိုပါ ေရႊဆိုင္ ပိုင္ရွင္ ဦးေက်ာ္စြာမိုးက ေျပာပါတယ္။

“ကိုဗစ္ကာလ ဆိုေတာ့ ဆိုင္ေတြ ကလည္း ပိတ္ထားရတာေပါ့။ မေန႔ကလည္း ဥပုသ္ေန႔ျဖစ္ တာရယ္၊ ဆိုင္ေတြကလည္း ဖြင့္လိုက္ ပိတ္လိုက္ လုပ္ၾကတာေပါ့။ ဒီေန႔ မနက္ခင္းမွာ တံခါးေပါက္မွာ စြပ္က်ယ္ တစ္ထည္ ညႇပ္ေနေတာ့ ကိုယ္က သမာရိုးက်ပဲ ဆိုၿပီးေတာ့ တံခါးဖြင့္လိုက္တာ အဲဒီမွာ စြပ္က်ယ္မွာ မီးစြဲတာ ေတာ္ေတာ္မ်ားတာကို ေတြ႕တယ္။ တံခါးေပါက္မွာပါ ဆက္ၿပီးေတာ့ စြဲသြားတာ။ ေျပာရရင္ ရွို႔တာေပါ့။ မေန႔ကလည္း တေနကုန္ ဆိုင္ပိတ္ထားတာ”ဟု ဦးေက်ာ္စြာမိုးက ေျပာပါတယ္။ တံခါးေသ့ဖ်က္လၽွင္ အနီးဝန္းက်င္မွ အသံၾကားနိုင္သျဖင့္ မီးရွို႔ကာ ေဖာက္ထြင္းရန္ ႀကံစည္ျခင္း ျဖစ္နိုင္ေၾကာင္း၊ အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနႏွင့္ ရဲစခန္းသို႔ အေၾကာင္းၾကားခဲ့ေသာ္လည္း အမႈဖြင့္မည္ မဟုတ္ဟု ၎က ဆိုပါတယ္။

ကၽြန္ေတာ္က ရ.ယ.က ကို အေၾကာင္းၾကား တယ္။ အမွတ္(၂) ရဲစခန္းကိုလည္း အေၾကာင္း ၾကားတယ္။ စစ္ခ်က္လာ ယူတယ္။ အမႈ ဖြင့္မလား ဆိုေတာ့ ကၽြန္ေတာ္က မဖြင့္ေတာ့ပါဘူး။ ဆိုင္ေဖာက္တယ္ လို႔ပဲ ျမင္ပါတယ္။ ဆိုင္တံခါးကို ဆြဲတယ္။ မရဘဲနဲ႔ ေသာ့ဖ်က္ရင္လည္း အသံၾကားရမွာေပါ့။ စြပ္က်ယ္ကို ႂကြပ္ႂကြပ္ႀကိဳးနဲ႔ ခ်ည္ၿပီး ေသခ်ာကို ထိုးထဲ့ၿပီးေတာ့ ရွို႔တာ။ အဲဒီစြပ္က်ယ္မွာ ဓာတ္ဆီမပါတာ ကံေကာင္းတာေပါ့”ဟု ဦးေက်ာ္စြာမိုးက ေျပာပါတယ္။

ၿပီးခဲ့သည့္ ၂၀၁၃ ကလည္း အဆိုပါေရႊဆိုင္ ေဖာက္ထြင္း ခိုးယူ ခံခဲ့ရဖူးၿပီး က်ပ္သိန္း (၅၀)ခန႔္ တန္ဖိုးရွိ ေက်ာက္မ်က္ရတနာ မ်ား ေပ်ာက္ဆုံး ခဲ့သည္ဟု ၎က ဆိုပါတယ္။ ကိုဗစ္ ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ အေထာက္ အကူ ျဖစ္စေရန္အတြက္ဟုဆိုကာ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားအားလုံးတြင္ ယခုႏွစ္ ဧၿပီလဆန္းမွ စတင္ကာ ညမထြက္ရ အမိန႔္ ထုတ္ျပန္ထားပါတယ္

မိတ္ထီလာ မြို့မ စျေး ရှိ ရွှေဆိုင်တစ် ဆိုင် ကို ထူးဆန်း သော နည်းဖြင့် ဖောက်ထွင်း ရန် ကြိုးစား မှု

မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့ မြို့မဈေး အနီးရှိ ကိုဗစ် ဖြစ်ပွား နေစဉ် ကာလအတွင်း ယာယီပိတ် ထားသော ရွှေဆိုင်တစ်ဆိုင်တွင် တံခါးကို မီးရှို့ကာ ဖောက်ထွင်း ရန် လုပ်ဆောင်ထား သည်ကို စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါ ရွှေဆိုင် ပိုင်ရှင်က ပြောပါတယ်။ မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်၊ မိတ္ထီလာမြို့မဈေးကြီး၏ အရှေ့တောင်ဘက် ရှိ ပိတ်ထား သော ရွှေဆိုင်သို့ ယနေ့ အောက်တိုဘာ(၁၀)ရက် နံနက်ပိုင်းတွင် ဆိုင်ပိုင်ရှင်က သွားရောက်ကြည့်ရှုရာမှ စွပ်ကျယ်အင်္ကျီ တစ်ထည်ကို ပလတ်စတစ် ကြိုးနှင့်ချည်ကာ ရွှေဆိုင် တံခါးတွင် ညှပ်၍ မီးရှိ့ထားသည်ကို တွေ့ရှိခဲ့ရသည်ဟု အဆိုပါ ရွှေဆိုင် ပိုင်ရှင် ဦးကျော်စွာမိုးက ပြောပါတယ်။

“ကိုဗစ်ကာလ ဆိုတော့ ဆိုင်တွေ ကလည်း ပိတ်ထားရတာပေါ့။ မနေ့ကလည်း ဥပုသ်နေ့ဖြစ် တာရယ်၊ ဆိုင်တွေကလည်း ဖွင့်လိုက် ပိတ်လိုက် လုပ်ကြတာပေါ့။ ဒီနေ့ မနက်ခင်းမှာ တံခါးပေါက်မှာ စွပ်ကျယ် တစ်ထည် ညှပ်နေတော့ ကိုယ်က သမာရိုးကျပဲ ဆိုပြီးတော့ တံခါးဖွင့်လိုက်တာ အဲဒီမှာ စွပ်ကျယ်မှာ မီးစွဲတာ တော်တော်များတာကို တွေ့တယ်။ တံခါးပေါက်မှာပါ ဆက်ပြီးတော့ စွဲသွားတာ။ ပြောရရင် ရှို့တာပေါ့။ မနေ့ကလည်း တနေကုန် ဆိုင်ပိတ်ထားတာ”ဟု ဦးကျော်စွာမိုးက ပြောပါတယ်။ တံခါးသေ့ဖျက်လျှင် အနီးဝန်းကျင်မှ အသံကြားနိုင်သဖြင့် မီးရှို့ကာ ဖောက်ထွင်းရန် ကြံစည်ခြင်း ဖြစ်နိုင်ကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရဲစခန်းသို့ အကြောင်းကြားခဲ့သော်လည်း အမှုဖွင့်မည် မဟုတ်ဟု ၎င်းက ဆိုပါတယ်။

ကျွန်တော်က ရ.ယ.က ကို အကြောင်းကြား တယ်။ အမှတ်(၂) ရဲစခန်းကိုလည်း အကြောင်း ကြားတယ်။ စစ်ချက်လာ ယူတယ်။ အမှု ဖွင့်မလား ဆိုတော့ ကျွန်တော်က မဖွင့်တော့ပါဘူး။ ဆိုင်ဖောက်တယ် လို့ပဲ မြင်ပါတယ်။ ဆိုင်တံခါးကို ဆွဲတယ်။ မရဘဲနဲ့ သော့ဖျက်ရင်လည်း အသံကြားရမှာပေါ့။ စွပ်ကျယ်ကို ကြွပ်ကြွပ်ကြိုးနဲ့ ချည်ပြီး သေချာကို ထိုးထဲ့ပြီးတော့ ရှို့တာ။ အဲဒီစွပ်ကျယ်မှာ ဓာတ်ဆီမပါတာ ကံကောင်းတာပေါ့”ဟု ဦးကျော်စွာမိုးက ပြောပါတယ်။

ပြီးခဲ့သည့် ၂၀၁၃ ကလည်း အဆိုပါရွှေဆိုင် ဖောက်ထွင်း ခိုးယူ ခံခဲ့ရဖူးပြီး ကျပ်သိန်း (၅၀)ခန့် တန်ဖိုးရှိ ကျောက်မျက်ရတနာ များ ပျောက်ဆုံး ခဲ့သည်ဟု ၎င်းက ဆိုပါတယ်။ ကိုဗစ် ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက် အကူ ဖြစ်စရေန်အတွက်ဟုဆိုကာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် ယခုနှစ် ဧပြီလဆန်းမှ စတင်ကာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားပါတယ်

About the author

Ms Cele

Leave a Comment