Celebrity


Written by Ms Cele










Credit:Swelsone News

မိနစ်(၁၂၀) အတွင်းမှာ သိန်းရာချီ တန်တဲ့ကား (၂၃)စီးကို ရောင်းချ ပေးနိုင် ခဲ့တဲ့ ထက်ထက်မိုးဦး

ပရိသတ်ကြီးရေ ဘဝရဲ့ အချိုအကွေ့တွေများ စွာကို ကြုံဆုံ ခဲ့ရပေမယ့် အောင်မြင်တဲ့ ဆန်းတစ်ခုကတော့ လျှော့ကျသွားခြင်း မရှိတဲ့ ထက်ထက်မိုးဦး ကတော့ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေကြား လွှမ်းမိုးမှုရှိနေဆဲ ဖြစ်ပါတယ်။

အနုပညာ အလုပ်တွေလုပ်ကိုင်စဉ်ကလည်း ထိပ်ဆုံးကနေ အောင်မြင်မှု ရရှိခဲ့သလို လက်ရှိ အွန်လိုင်းကနေ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်လည်း Live Sale တွေပြုလုပ်ပေးနေတဲ့ ထက်ထက်မိုးဦးက ပရိသတ်တွေ တောင် မျက်လုံးပြူးရတဲ့ အထိ ဆန်းတစ်ခုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မှာလည်း ထက်ထက်မိုးဦးက မြန်မာနိုင်ငံမှာ တင်သွင်းတာ မကြာသေးတဲ့ MG တံဆိပ် ကားအမျိုးစားတွေကို Live လွှင့်ပြီး ရောင်းချပေးခဲ့ပါတယ်။

ထက်ထက်မိုးဦးကတော့ (၂) နာရီအတွင်းအချိန်ခဏလေးအတွင်းမှာ ကားပေါင်း အများကြီး ရောင်းချနိုင်ခဲ့ကြောင်းကို “ဒီနေ့ ထက် နဲ့ MG Myanmar တို့ Live Sale မှာ ကားတွေအများကြီးရောင်းရတယ်။

2 နာရီ Live အတွင်း မှာပဲ ကား ၂၁ စီး ရောင်းရတယ်။ထက်ကို နေ့တိုင်းလှအောင် ပြင်ပေးတဲ့ လင်းလင်း ကလည်း ၁ စီး ဝယ်သွားတယ်။ လင်း သူငယ်ချင်းတွေ ကလည်း ၂ စီးထပ်ဝယ်ပေးသေးတယ် ။ ၂၃ စီးရောင်းရပြီ ၂၅ စီးပြည့်အောင် လာအားပေးပါ ထက်လည်း ၆ နာရီထိ ရှိဦးမယ် စောင့်နေမယ်နော် ။

ပျော်ရွှင်စရာကောင်းတဲ့ သီတင်းကျွတ်ဖြစ်ကြပါစေရှင်။ ပရိသတ်ကြီး နဲ့ အတူတူ ကုသိုလ်ယူဖို့ အစီအစဉ်တွေရှိတာမို့ စောင့်ကြည့်ပေးဦးနော်။ ဒီည ထက် Live မရှိတော့ဘူး စောင့်မနေနဲ့တော့နော် မီးထွန်းကြမယ် ။” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာပါတယ်။

ထက်ထက်မိုးဦးကတော့ မိနစ်(၁၂၀)အတွင်းမှာ သိန်းရာချီ ကား(၂၃) စီးကို ရောင်းချပေးနိုင်ခဲ့တယ် ဆိုတာ တကယ့်ကို လက်ဖျားခါလောက်တဲ့ စွမ်းရည်ပါပဲနော်။

ပရိသတ်တွေကလည်း ထက်ထက်ကို ချစ်လို့ အားပေးကြတယ်ဆို ပိုလို့တောင်မှန်မယ် ထင်ပါတယ်။ ဖတ်ရှုပေး တဲ့ ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment