Celebrity


Written by Ms Cele





Source – Hein Min Thu
Credit:Cele Zone

မိန်းကလေးပရိသတ်တွေရဲ့ အသဲကျော်လေး ဟိန်းမင်းသူရဲ့ အလှူအတန်းနဲ့ကောင်းမှုကုသိုလ်တွေပြုလုပ်နေတဲ့ ပုံရိပ်များ

ပရိသတ်တွေရဲ့ အချစ်တော် မော်ဒယ်လ် သရုပ်ဆောင် မင်းသားချော ဟိန်းမင်းသူ ကတော့ မနေ့က သြဂုတ်လ (၂၁)ရက်နေ့မှာ စားသောက်ကုန်တွေ လှူဒါန်းတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဟိန်းမင်းသူကတော့ အခုလတ်တလော ကာလမှာ ပြည်သူတွေလိုအပ်နေတဲ့ ပစ္စည်းတွေကို သူတတ်နိုင် သလောက် ကာလဒါနအလှူလေးအဖြစ် လိုက်လံလှူဒါန်းပေးနေခဲ့ ပါသေးတယ်။

မနေ့က သြဂုတ်လ (၂၁)ရက်နေ့ကလည်း ဟိန်းမင်းသူက အခုကာလ ကပ်ရောဂါဘေး တွေကြောင့် စီးပွားရေးအခက်အခဲတွေ ရှိနေခဲ့ပြီး စားဝတ်နေရေး ခက်ခဲနေတဲ့ မိသားစုတွေရှိနေတဲ့အတွက် စားသောက်ကုန်တွေ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဆန်၊ဆီ၊ကြက်ဥ၊ကြက်သွန်၊ခေါက်ဆွဲခြောက်ထုပ် စတဲ့ အခြေခံစားသောက်ကုန် တွေကို သူကိုယ်တိုင် လိုအပ်နေတဲ့သူတွေဆီကို လိုက်လံလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဟိန်းမင်းသူ ကတော့ အခုလို အလှူလေးပြုလုပ် လှူဒါန်းခဲ့တာကတော့ သူကိုယ်တိုင်လည်း ပိုက်ဆံချမ်းသာနေလို့ မဟုတ်ပေမဲ့ ကိုယ်ချင်းစာတရားကြောင့် ခက်ခဲနေတဲ့သူတွေ အဆင်ပြေအောင် တတ်နိုင်သလောက် လှူဒါန်းပေးခဲ့တာပါတဲ့။ ပရိသတ်ကြီးရေ ဟိန်းမင်းသူတို့ရဲ့ ကာလဒါန အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Hein Min Thu
Credit:Cele Zone

About the author

Ms Cele

Leave a Comment