Celebrity

မိဘကို အရမ္းခ်စ္တတ္တဲ့ သူမရဲ႕ရင္တြင္းခံစားခ်က္ေတြအေၾကာင္း ပရိသတ္ႀကီးကို ေျပာျပလာတဲ့ ဟန္နာယူရီ

Written by Ms Cele

မိဘကို အရမ္းခ်စ္တတ္တဲ့ သူမရဲ႕ရင္တြင္းခံစားခ်က္ေတြအေၾကာင္း ပရိသတ္ႀကီးကို ေျပာျပလာတဲ့ ဟန္နာယူရီ

မိဘကို မခ်စ္တဲ့သားသမီးဆိုတာ မရွိသေလာက္ရွားပါတယ္။ ဟန္နာယူရီ ကေတာ့ သူမရဲ့အေမကိုသိပ္ခ်စ္တဲ့ အေၾကာင္း ” ကၽြန္မနဲ႔အေမနဲ႔ အမွတ္တရျဖစ္ရပ္ေလး ေတြေပါ့ ကၽြန္မတို႔ေမာင္ႏွမေတြအေမ့ကို ဘယ္ေလာက္ခ်စ္ခင္တြယ္လည္း ဆိုတာ မားမားထည့္ေပးတဲ့မုန႔္ ထမင္းေလးေတြဆို မကုန္ရင္ေတာင္မပစ္ရက္ဘူး မုန႔္ခြံေလးေတြကအစျပန္သယ္တာ။ အခုလဲတူတူပါပဲ။ ငယ္တုန္းကမားမားက ေမာင္ေလးေမြးၿပီးအဆုတ္တစ္ျခမ္းေရျပည့္တာေကာအရမ္းေနမေကာင္းျဖစ္တာ ခဏခဏမႏၲေလးထိ ဆင္းကုရတာ အဲ့တုန္းက Nurse ေျပာသံ ၾကားတာအသက္ရႈသံေစာင့္ၾကည့္တဲ့ ကၽြန္မကမားမားအသက္ရႈသံရပ္သြားမွာ ေၾကာက္လြန္းလို႔ ေက်ာင္းလဲမသြားခ်င္ ညေတြလည္းမအိပ္ေတာ့ဘူး ပါးပါးရွိေနေတာင္ မားမားကို လာေခ်ာင္းၾကည့္ ေဘးနားမွာမားမားအသက္ရႈသဲၿငိမ္သြားရင္လႈပ္နိုးရတာ။ ေမာင္ေလးကလည္း ပိန္ပိန္ေလး ရင္ဘက္ရိုးေလးေတြနဲ႔ စာကေလးပိန္ေလးလို အသက္ရႈရပ္သြားမလားေပါ့ ”

” အဲ့အခ်ိန္ေတြေသေလာက္ေအာင္ေၾကာက္ၿပီး ဆုေတာင္းခဲ့တာ မားမား ျပန္ေနေကာင္းလာဖို႔ အရင္လိုမားမားနဲ႔ မိသားစုအတူ ျပန္ေနရဖို႔ပဲ ကၽြန္မက အခုအရြယ္ရလာတဲ့အခ်ိန္ အက်င့္ျဖစ္တာက ေဘးနားကအိပ္ေနရင္ အသက္ရႈၿငိမ္သြားရင္ အရမ္းလႈပ္နိုး တတ္တာ ေဘးလူအေႏွာက္ယွက္ျဖစ္လို႔ သူငယ္ခ်င္းေတြနဲ႔လည္း အတူမအိပ္ဘူး ေနာက္တစ္ခု အေမနဲ႔ ပတ္သတ္ၿပီး မားမားယိမ္းတို႔ ငယ္ထဲကဆံပင္ရွည္ႀကီးအရမ္းလွတာ မားမားဆံပင္ညႇပ္မွာ အရမ္းေၾကာက္တာ မွတ္မွတ္ရရ ေက်ာင္းျပန္လာတဲ့အခါ မားကိုရွာတာ ေနာက္ေဖးၿခံဝန္းထဲ အဝတ္ေတြလွမ္းထားတဲ့ၾကားမွာ မားမားက ဂုတ္ေထာက္ဆံပင္တိုေလးနဲ႔ ခ်ဳံးပြဲခ်ငိုလိုက္ရတာ။ မားမားက မေန႔က ဆံပင္တိုေလးျပန္ညႇပ္တာဒီေန႔မနက္အိမ္မက္ထဲမွာအဲ့လိုခ်ိန္ကို ျပန္ေရာက္သြားတယ္ ငိုၿပီးနိုးလာတာ။ မားမားက တရားအရမ္းနာတယ္ တရားသေဘာေတြသိေတာ့ အဲ့လိုအေမအေပၚခ်စ္တာမွန္ေပမဲ့ အစြဲေတြအရမ္းမ်ားတာမေကာင္းဘူး ဆုံးမတယ္ ခုထိလည္းတရားမသိနိုင္ေသးဘူး ”

” ဒီဘဝမွာတန္ဖိုးအရွိဆုံးက ဒီမိဘႏွစ္ပါးမွာလူလာျဖစ္ရတာပဲ ဘဝရဲ့ေလာကဒဏ္ေတြ ရႈံးနိမ့္မႈေတြမွာလည္း အလိုအပ္ဆုံး အားကိုးတႀကီးနားခိုရာ မိဘရင္ခြင္ကလြဲ အျခားမရွိခဲ့ဖူးဘူး ဘယ္ေတာ့မွလည္းရွိလာမွာမဟုတ္ဘူး။ ဘဝမွာ လမ္းေပ်ာက္ေနတဲ့ အခ်ိန္တိုင္း ပါးပါးမားမား ရွိေနေသးတယ္ဆိုတဲ့အသိေလးကိုက အရာရာျပန္အားျဖစ္ေစတာ မားမားတို႔မရွိရင္ ယိမ္းဘယ္လိုမွ မရပ္တည္နိုင္ဘူးထင္တယ္ ကၽြန္မကေမြးေန႔ေတြကို သိပ္မုန္းတာ ကၽြန္မေမြးေန႔တိုင္းပါးပါးမားမား အသက္တစ္ႏွစ္ႀကီးလာၿပီဆိုတဲ့ အသိနဲ႔ဝမ္းနည္းရလို႔ သားသမီးတိုင္းေလ မိဘေတြကိုအသက္ျပန္ငယ္ရင္ေကာင္းမယ္ ေတြးဖူးၾကမယ္ထင္တယ္ေနာ္။အျမဲဆုေတာင္းတယ္ ပါးပါးမားမား အခ်ိန္ေတြအၾကာႀကီးက်န္းမာေပ်ာ္ရြင္စြာ မိသားစုနဲ႔အတူ ရွိခြင့္ရပါေစ မိဘကိုအျပည့္အဝ လုပ္ေကၽြးခြင့္ရခ်င္ပါတယ္ ” ဆိုၿပီး ေျပာျပလာခဲ့ပါတယ္။

Credit:Cele Zone
Source: Hanna Yuri

မိဘကို အရမ်းချစ်တတ်တဲ့ သူမရဲ့ရင်တွင်းခံစားချက်တွေအကြောင်း ပရိသတ်ကြီးကို ပြောပြလာတဲ့ ဟန်နာယူရီ

မိဘကို မချစ်တဲ့သားသမီးဆိုတာ မရှိသလောက်ရှားပါတယ်။ ဟန်နာယူရီ ကတော့ သူမရဲ့အမေကိုသိပ်ချစ်တဲ့ အကြောင်း ” ကျွန်မနဲ့အမေနဲ့ အမှတ်တရဖြစ်ရပ်လေး တွေပေါ့ ကျွန်မတို့မောင်နှမတွေအမေ့ကို ဘယ်လောက်ချစ်ခင်တွယ်လည်း ဆိုတာ မားမားထည့်ပေးတဲ့မုန့် ထမင်းလေးတွေဆို မကုန်ရင်တောင်မပစ်ရက်ဘူး မုန့်ခွံလေးတွေကအစပြန်သယ်တာ။ အခုလဲတူတူပါပဲ။ ငယ်တုန်းကမားမားက မောင်လေးမွေးပြီးအဆုတ်တစ်ခြမ်းရေပြည့်တာကောအရမ်းနေမကောင်းဖြစ်တာ ခဏခဏမန္တလေးထိ ဆင်းကုရတာ အဲ့တုန်းက Nurse ပြောသံ ကြားတာအသက်ရှုသံစောင့်ကြည့်တဲ့ ကျွန်မကမားမားအသက်ရှုသံရပ်သွားမှာ ကြောက်လွန်းလို့ ကျောင်းလဲမသွားချင် ညတွေလည်းမအိပ်တော့ဘူး ပါးပါးရှိနေတောင် မားမားကို လာချောင်းကြည့် ဘေးနားမှာမားမားအသက်ရှုသဲငြိမ်သွားရင်လှုပ်နိုးရတာ။ မောင်လေးကလည်း ပိန်ပိန်လေး ရင်ဘက်ရိုးလေးတွေနဲ့ စာကလေးပိန်လေးလို အသက်ရှုရပ်သွားမလားပေါ့ ”

” အဲ့အချိန်တွေသေလောက်အောင်ကြောက်ပြီး ဆုတောင်းခဲ့တာ မားမား ပြန်နေကောင်းလာဖို့ အရင်လိုမားမားနဲ့ မိသားစုအတူ ပြန်နေရဖို့ပဲ ကျွန်မက အခုအရွယ်ရလာတဲ့အချိန် အကျင့်ဖြစ်တာက ဘေးနားကအိပ်နေရင် အသက်ရှုငြိမ်သွားရင် အရမ်းလှုပ်နိုး တတ်တာ ဘေးလူအနှောက်ယှက်ဖြစ်လို့ သူငယ်ချင်းတွေနဲ့လည်း အတူမအိပ်ဘူး နောက်တစ်ခု အမေနဲ့ ပတ်သတ်ပြီး မားမားယိမ်းတို့ ငယ်ထဲကဆံပင်ရှည်ကြီးအရမ်းလှတာ မားမားဆံပင်ညှပ်မှာ အရမ်းကြောက်တာ မှတ်မှတ်ရရ ကျောင်းပြန်လာတဲ့အခါ မားကိုရှာတာ နောက်ဖေးခြံဝန်းထဲ အဝတ်တွေလှမ်းထားတဲ့ကြားမှာ မားမားက ဂုတ်ထောက်ဆံပင်တိုလေးနဲ့ ချုံးပွဲချငိုလိုက်ရတာ။ မားမားက မနေ့က ဆံပင်တိုလေးပြန်ညှပ်တာဒီနေ့မနက်အိမ်မက်ထဲမှာအဲ့လိုချိန်ကို ပြန်ရောက်သွားတယ် ငိုပြီးနိုးလာတာ။ မားမားက တရားအရမ်းနာတယ် တရားသဘောတွေသိတော့ အဲ့လိုအမေအပေါ်ချစ်တာမှန်ပေမဲ့ အစွဲတွေအရမ်းများတာမကောင်းဘူး ဆုံးမတယ် ခုထိလည်းတရားမသိနိုင်သေးဘူး ”

” ဒီဘဝမှာတန်ဖိုးအရှိဆုံးက ဒီမိဘနှစ်ပါးမှာလူလာဖြစ်ရတာပဲ ဘဝရဲ့လောကဒဏ်တွေ ရှုံးနိမ့်မှုတွေမှာလည်း အလိုအပ်ဆုံး အားကိုးတကြီးနားခိုရာ မိဘရင်ခွင်ကလွဲ အခြားမရှိခဲ့ဖူးဘူး ဘယ်တော့မှလည်းရှိလာမှာမဟုတ်ဘူး။ ဘဝမှာ လမ်းပျောက်နေတဲ့ အချိန်တိုင်း ပါးပါးမားမား ရှိနေသေးတယ်ဆိုတဲ့အသိလေးကိုက အရာရာပြန်အားဖြစ်စေတာ မားမားတို့မရှိရင် ယိမ်းဘယ်လိုမှ မရပ်တည်နိုင်ဘူးထင်တယ် ကျွန်မကမွေးနေ့တွေကို သိပ်မုန်းတာ ကျွန်မမွေးနေ့တိုင်းပါးပါးမားမား အသက်တစ်နှစ်ကြီးလာပြီဆိုတဲ့ အသိနဲ့ဝမ်းနည်းရလို့ သားသမီးတိုင်းလေ မိဘတွေကိုအသက်ပြန်ငယ်ရင်ကောင်းမယ် တွေးဖူးကြမယ်ထင်တယ်နော်။အမြဲဆုတောင်းတယ် ပါးပါးမားမား အချိန်တွေအကြာကြီးကျန်းမာပျော်ရွင်စွာ မိသားစုနဲ့အတူ ရှိခွင့်ရပါစေ မိဘကိုအပြည့်အဝ လုပ်ကျွေးခွင့်ရချင်ပါတယ် ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

Credit:Cele Zone
Source: Hanna Yuri

About the author

Ms Cele

Leave a Comment