Celebrity

မိဘမဲ့ ကေလးငယ္ေလး (၃)ေယာက္ကို တစ္ရက္ထဲမွာပဲ ေမြးစား ေစာင့္ေရွာက္ေပး ခဲ့တဲ့ ခိုင္ႏွင္းေဝ

Written by Ms Cele

မိဘမဲ့ ကေလးငယ္ေလး (၃)ေယာက္ကို တစ္ရက္ထဲမွာပဲ ေမြးစား ေစာင့္ေရွာက္ေပး ခဲ့တဲ့ ခိုင္ႏွင္းေဝ

ျဖဴစင္တဲ့ ပရဟိတႏွလုံးသားေလးကို ပိုင္ဆိုင္ ထားၿပီးေတာ့ ပရိသတ္ေတြအားလုံး ေလးစားခ်စ္ခင္ ေနရတဲ့ ခိုင္ႏွင္းေဝဆိုတာ ဒိတ္ဒိတ္ၾကဲ မင္းသမီးေလး တစ္လက္ပါပဲေနာ္။ အခုအခ်ိန္မွာဆိုရင္သူမဟာ လူမႈကူညီေရးပရဟိတေလးေတြ တင္သာမက မိဘမဲ့ ကေလးေလးေတြ အတြက္လည္း မိခင္အရင္းသဖြယ္ ခ်စ္ျခင္းေမတၱာေတြနဲ႔ စြမ္းသေလာက္ ေစာင့္ေရွာက္မႈေတြေပးေနခဲ့ပါတယ္။

ခိုင္ႏွင္းေဝရင္ေသြးေလး မ်ားေဂဟာ ဆိုၿပီး ေဂဟာေလးတစ္ခုကို တည္ေထာင္ထားကာ အကူအညီလိုအပ္ေနတဲ့ ကေလးေလးေတြကို ေမတၱာနဲ႔ေဖးမၿပီး ေႏြးေထြးတဲ့ရင္ခြင္ တစ္စုံကိုေပးကာ ေစာင့္ေရွာက္ေပးေနတာပါ ။ကေလးေလးေတြရဲ့ ပညာေရး က်န္းမာေရး စတဲ့ ကိစၥအ၀၀ မွန္သမၽွကို ခိုင္ႏွင္းေဝက တာဝန္ယူၿပီး ျပဳစုပ်ိဳးေထာင္ေပး ေနတာပဲျဖစ္ပါတယ္။

အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ စြန႔္ပစ္ခံရတဲ့ ကေလးေလးေတြကို ၾကင္နာတဲ့ႏွလုံးသား အျပည့္နဲ႔ ေမြးစား ကယ္ဆယ္ခဲ့ တာျဖစ္ၿပီးအခုလည္း တစ္ရက္ထဲမွာပဲ ကေလးငယ္ေလး (၃) ေယာက္ကို ေမြးစားေစာင့္ေရွာက္ျဖစ္ ခဲ့ေၾကာင္းခုလိုပုံေလးေတြနဲ႔တကြေဖာ္ျပထားတာ ျဖစ္ပါတယ္။” ဒီေန႔ တရက္ထဲ သားသမီး (၃) ေယာက္ ေမြးစားျဖစ္ပါတယ္ရွင္…..သားေလး (၂) ေယာက္ နဲ႔ သမီးေလး (၁) ေယာက္ပါ…လူမ်ိဳးမေရြး၊ ဘာသာမေရြး ဆိုးသည္ ေကာင္းသည္ မေရြးပဲ လူ႔အသက္ တေခ်ာင္းကို တန္ဘိုးထား၍ ကယ္တင္ျခင္းမွာ က်မ ခံယူခ်က္ျဖစ္ပါတယ္..ကေလးေတြ အနာဂတ္ အတြက္ ျပဳစုပ်ိဳးေထာင္ဘို႔ အားေမြးရင္း ဒီေန႔ေတာ့ က်မ ကေလး (၃) ေယာက္ေတာင္ ေမြးစားပစ္လိုက္ပါၿပီ ရွင္..”ဆိုတဲ့စာေလးကို ေရးသားေဝမၽွခဲ့ရာ ေလးစားမိ လြန္းတာေၾကာင့္ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပး လိုက္ပါတယ္။

Credit:Cele Zone
Photo – Khine Hnin Wai

မိဘမဲ့ ကလေးငယ်လေး (၃)ယောက်ကို တစ်ရက်ထဲမှာပဲ မွေးစား စောင့်ရှောက်ပေး ခဲ့တဲ့ ခိုင်နှင်းဝေ

ဖြူစင်တဲ့ ပရဟိတနှလုံးသားလေးကို ပိုင်ဆိုင် ထားပြီးတော့ ပရိသတ်တွေအားလုံး လေးစားချစ်ခင် နေရတဲ့ ခိုင်နှင်းဝေဆိုတာ ဒိတ်ဒိတ်ကြဲ မင်းသမီးလေး တစ်လက်ပါပဲနော်။ အခုအချိန်မှာဆိုရင်သူမဟာ လူမှုကူညီရေးပရဟိတလေးတွေ တင်သာမက မိဘမဲ့ ကလေးလေးတွေ အတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေနဲ့ စွမ်းသလောက် စောင့်ရှောက်မှုတွေပေးနေခဲ့ပါတယ်။

ခိုင်နှင်းဝေရင်သွေးလေး များဂေဟာ ဆိုပြီး ဂေဟာလေးတစ်ခုကို တည်ထောင်ထားကာ အကူအညီလိုအပ်နေတဲ့ ကလေးလေးတွေကို မေတ္တာနဲ့ဖေးမပြီး နွေးထွေးတဲ့ရင်ခွင် တစ်စုံကိုပေးကာ စောင့်ရှောက်ပေးနေတာပါ ။ကလေးလေးတွေရဲ့ ပညာရေး ကျန်းမာရေး စတဲ့ ကိစ္စအဝ၀ မှန်သမျှကို ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစုပျိုးထောင်ပေး နေတာပဲဖြစ်ပါတယ်။

အကြောင်း အမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးလေးတွေကို ကြင်နာတဲ့နှလုံးသား အပြည့်နဲ့ မွေးစား ကယ်ဆယ်ခဲ့ တာဖြစ်ပြီးအခုလည်း တစ်ရက်ထဲမှာပဲ ကလေးငယ်လေး (၃) ယောက်ကို မွေးစားစောင့်ရှောက်ဖြစ် ခဲ့ကြောင်းခုလိုပုံလေးတွေနဲ့တကွဖော်ပြထားတာ ဖြစ်ပါတယ်။” ဒီနေ့ တရက်ထဲ သားသမီး (၃) ယောက် မွေးစားဖြစ်ပါတယ်ရှင်…..သားလေး (၂) ယောက် နဲ့ သမီးလေး (၁) ယောက်ပါ…လူမျိုးမရွေး၊ ဘာသာမရွေး ဆိုးသည် ကောင်းသည် မရွေးပဲ လူ့အသက် တချောင်းကို တန်ဘိုးထား၍ ကယ်တင်ခြင်းမှာ ကျမ ခံယူချက်ဖြစ်ပါတယ်..ကလေးတွေ အနာဂတ် အတွက် ပြုစုပျိုးထောင်ဘို့ အားမွေးရင်း ဒီနေ့တော့ ကျမ ကလေး (၃) ယောက်တောင် မွေးစားပစ်လိုက်ပါပြီ ရှင်..”ဆိုတဲ့စာလေးကို ရေးသားဝေမျှခဲ့ရာ လေးစားမိ လွန်းတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment