Celebrity

မိဘအေပၚသိတတ္တဲ့ ျမင့္ျမတ္ အေၾကာင္းကို အတြင္းသိမလို႕ ေျပာျပတာပါလို႕ ဆိုလာတဲ့ သူငယ္ခ်င္း ျဖစ္သူ ဂ်ဴးဂ်ဴးပန္ထြာ

Written by Ms Cele

မိဘအေပၚသိတတ္တဲ့ ျမင့္ျမတ္ အေၾကာင္းကို အတြင္းသိမလို႕ ေျပာျပတာပါလို႕ ဆိုလာတဲ့ သူငယ္ခ်င္း ျဖစ္သူ ဂ်ဴးဂ်ဴးပန္ထြာ

ပရိသတ္ႀကီးေရ သဘာဝ မင္းသားလို႔ပရိသတ္ေတြ တင္စားေခၚေဝၚၾကတဲ့ မင္းသားေခ်ာျမင့္ျမတ္ ကေတာ့ သာယာေပ်ာ္ရႊင္စရာ မိသားစုဘဝေလးကို တည္ေထာင္ ထားတာျဖစ္ၿပီး ပရိသတ္ေတြ အားက်ခ်စ္ခင္ရတဲ့ သူေလးျဖစ္ ပါတယ္။ သူဟာက်ရာ ဇာတ္႐ုပ္ကိုလည္း အပီအျပင္ သ႐ုပ္ေဆာင္နိုင္တဲ့သူေလးျဖစ္ၿပီး အကယ္ဒမီ ထူးခၽြန္ဆုႀကီးကိုလည္း ရရွိထားသူ တစ္ေယာက္ပါေနာ္။

ျမင့္ျမတ္ဟာ အႏုပညာေလာကမွာလည္း ႏွစ္ေပါင္း အေတာ္ၾကာ ရပ္တည္ေအာင္ျမင္ေန တာလည္းျဖစ္ၿပီး ဒိတ္ဒိတ္ၾကဲမင္းသား တစ္ေယာက္ဆိုလည္း မမွားပါဘူး။ယမန္ေန႔ ကေတာ့ ျမင့္ျမတ္ရဲ့ဖခင္ ဦးျမင့္ေက်ာ္က သူဖုန္းေခၚရင္ ျမင့္ျမတ္အေနနဲဲ့ဖုန္းကိုင္ေစခ်င္တဲ့ အေၾကာင္း မီဒီယာက တဆင့္ ေျပာၾကားခဲ့တာေၾကာင့္ ျမင့္ျမတ္အေနနဲ႔ ေဝဖန္မႈေတြနဲ႔ရင္ဆိုင္ ခဲ့ရတာျဖစ္ပါတယ္

ယေန႔မွာေတာ့ သ႐ုပ္ေဆာင္ ဂ်ဴးဂ်ဴးပန္ထြာက သူမရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာမွာ မိဘေတြအေပၚသိတတ္လိမၼာလြန္းတဲ့ သူငယ္ခ်င္းျဖစ္သူ ျမင့္ျမတ္ရဲ့ အေၾကာင္းစုံကို အခုလိုပဲ ဖြင့္ဟေျပာျပလာတာပဲ ျဖစ္ပါတယ္။ ” မင္းသားမျဖစ္ခင္ကတည္းက သူငယ္ခ်င္းေတြ ။ ကိုယ့္ထက္အသက္ႀကီးေပမယ့္ ေမာင္ႏွမအရင္းလိုေနလာခဲ့ေတာ့ အေၾကာင္းသိေတြ ။ ျမင့္ျမတ္တို႔ ေျမာက္ဒဂုံမွာ အိမ္ပိုင္နဲ႔ ေနနိုင္တာေတာင္ မၾကာေသးဘူး။ အရမ္းႀကိဳးစားၿပီး အရမ္းရိုးသားတဲ့ ဇနီးေမာင္နံ မိသားစုကိုလည္း သိတတ္လိုက္တာ။

ကိုယ္ဘာလို႔ သိလည္း သူတို႔နဲ႔ ၆ လေလာက္တစ္အိမ္ထဲ မိသားစုလို ေနခဲ့လို႔သိတာ ။ အရင္ထဲက ရြာမမွာ အေခြဆိုင္ဖြင့္ဖ်က္ၿပီး စတိုးဆိုင္ ထပ္ဖြင့္ေပးထားတာ အင္းစိန္ ရြာမမွာေနတဲ့ လူတိုင္းသိပါတယ္ဦးေလးက Taxi ေမာင္းတယ္ ။ေနာက္ပိုင္းမင္းသားျဖစ္လာေတာ့ မိဘကို ကြန္ဒိုေတြ ကားေတြ ဝယ္ေပးတယ္ ေမာင္းေနတဲ့ Taxi ကိုလည္း ဝယ္ေပးထားတယ္ မေမာင္းဖို႔ ေျပာေပမယ့္မရေတာ့ မိဘ စိတ္ခ်မ္းသာပါေစဆို လႊတ္ေပးထားတယ္ ခုလိုျဖစ္လာမွာကိုလည္း ႀကိဳသိၿပီးသားပါ ။

တစ္ကယ္ ေပးဆပ္ခဲ့တဲ့ သားသမီးေကာင္းေတြပါ။ မိသားစုဝင္လိုျဖစ္ေနလို႔ အားလုံးသိ ေနတာပါ။ Fighting မ်ိဳးမင္းဟိန္း ခင္သူေအာင္ တစ္ေန႔ ဒီလိုျဖစ္လာလိမ့္မယ္ ထင္သားပါ။ တစ္လ သိန္း ၃၀ ေပးၿပီးတဲ့ အျပင္ဝယ္ေပး ထားတဲ့ တိုက္ခန္းေတြ ကြန္ဒိုေတြ ကားေတြ လည္းရွိပါတယ္။ မိဘကို သိန္းေထာင္ခ်ီေတြလည္း ေပးေနတာပါ။

လိုအပ္မွ ဝင္ေျပာေပး ေတာ့မယ္ဟာ fighting သူငယ္ခ်င္းတို႔ ဘာပဲျဖစ္ျဖစ္ နင္တို႔ႏွစ္ေယာက္လုံး သားသမီးေကာင္းေတြပါ ဘယ္သူမွ မသိခ်င္ေယာင္ေဆာင္ေနၾကရင္ေတာင္ ဘုရားသိပါတယ္ Fighting ေနာ္ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းေလးကို တစ္ဆင့္ ျပန္လည္ ကူးယူတင္ဆက္ ေပးလိုက္ ရပါတယ္ေနာ္။

Credit:Shwe Yaung Myanmar

မိဘအပေါ်သိတတ်တဲ့ မြင့်မြတ် အကြောင်းကို အတွင်းသိမလို့ ပြောပြတာပါလို့ ဆိုလာတဲ့ သူငယ်ချင်း ဖြစ်သူ ဂျူးဂျူးပန်ထွာ

ပရိသတ်ကြီးရေ သဘာဝ မင်းသားလို့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ် ကတော့ သာယာပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ထောင် ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ် ပါတယ်။ သူဟာကျရာ ဇာတ်ရုပ်ကိုလည်း အပီအပြင် သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီ ထူးချွန်ဆုကြီးကိုလည်း ရရှိထားသူ တစ်ယောက်ပါနော်။

မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်း အတော်ကြာ ရပ်တည်အောင်မြင်နေ တာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသား တစ်ယောက်ဆိုလည်း မမှားပါဘူး။ယမန်နေ့ ကတော့ မြင့်မြတ်ရဲ့ဖခင် ဦးမြင့်ကျော်က သူဖုန်းခေါ်ရင် မြင့်မြတ်အနေနဲဲ့ဖုန်းကိုင်စေချင်တဲ့ အကြောင်း မီဒီယာက တဆင့် ပြောကြားခဲ့တာကြောင့် မြင့်မြတ်အနေနဲ့ ဝေဖန်မှုတွေနဲ့ရင်ဆိုင် ခဲ့ရတာဖြစ်ပါတယ်

ယနေ့မှာတော့ သရုပ်ဆောင် ဂျူးဂျူးပန်ထွာက သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ မိဘတွေအပေါ်သိတတ်လိမ္မာလွန်းတဲ့ သူငယ်ချင်းဖြစ်သူ မြင့်မြတ်ရဲ့ အကြောင်းစုံကို အခုလိုပဲ ဖွင့်ဟပြောပြလာတာပဲ ဖြစ်ပါတယ်။ ” မင်းသားမဖြစ်ခင်ကတည်းက သူငယ်ချင်းတွေ ။ ကိုယ့်ထက်အသက်ကြီးပေမယ့် မောင်နှမအရင်းလိုနေလာခဲ့တော့ အကြောင်းသိတွေ ။ မြင့်မြတ်တို့ မြောက်ဒဂုံမှာ အိမ်ပိုင်နဲ့ နေနိုင်တာတောင် မကြာသေးဘူး။ အရမ်းကြိုးစားပြီး အရမ်းရိုးသားတဲ့ ဇနီးမောင်နံ မိသားစုကိုလည်း သိတတ်လိုက်တာ။

ကိုယ်ဘာလို့ သိလည်း သူတို့နဲ့ ၆ လလောက်တစ်အိမ်ထဲ မိသားစုလို နေခဲ့လို့သိတာ ။ အရင်ထဲက ရွာမမှာ အခွေဆိုင်ဖွင့်ဖျက်ပြီး စတိုးဆိုင် ထပ်ဖွင့်ပေးထားတာ အင်းစိန် ရွာမမှာနေတဲ့ လူတိုင်းသိပါတယ်ဦးလေးက Taxi မောင်းတယ် ။နောက်ပိုင်းမင်းသားဖြစ်လာတော့ မိဘကို ကွန်ဒိုတွေ ကားတွေ ဝယ်ပေးတယ် မောင်းနေတဲ့ Taxi ကိုလည်း ဝယ်ပေးထားတယ် မမောင်းဖို့ ပြောပေမယ့်မရတော့ မိဘ စိတ်ချမ်းသာပါစေဆို လွှတ်ပေးထားတယ် ခုလိုဖြစ်လာမှာကိုလည်း ကြိုသိပြီးသားပါ ။

တစ်ကယ် ပေးဆပ်ခဲ့တဲ့ သားသမီးကောင်းတွေပါ။ မိသားစုဝင်လိုဖြစ်နေလို့ အားလုံးသိ နေတာပါ။ Fighting မျိုးမင်းဟိန်း ခင်သူအောင် တစ်နေ့ ဒီလိုဖြစ်လာလိမ့်မယ် ထင်သားပါ။ တစ်လ သိန်း ၃၀ ပေးပြီးတဲ့ အပြင်ဝယ်ပေး ထားတဲ့ တိုက်ခန်းတွေ ကွန်ဒိုတွေ ကားတွေ လည်းရှိပါတယ်။ မိဘကို သိန်းထောင်ချီတွေလည်း ပေးနေတာပါ။

လိုအပ်မှ ဝင်ပြောပေး တော့မယ်ဟာ fighting သူငယ်ချင်းတို့ ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက်လုံး သားသမီးကောင်းတွေပါ ဘယ်သူမှ မသိချင်ယောင်ဆောင်နေကြရင်တောင် ဘုရားသိပါတယ် Fighting နော် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment