Celebrity

မိဘေတြရဲ့ လူမဆန္တဲ့ လုပ္ရပ္ေၾကာင့္ ဒုကၡေရာက္ေနတဲ့ (၈)လအရြယ္ သမီးငယ္ေလးကို ကယ္တင္ခဲ့တဲ့ ခိုင္ႏွင္းေ၀

Written by Ms Cele

မိဘေတြရဲ့ လူမဆန္တဲ့ လုပ္ရပ္ေၾကာင့္ ဒုကၡေရာက္ေနတဲ့ (၈)လအရြယ္ သမီးငယ္ေလးကို ကယ္တင္ခဲ့တဲ့ ခိုင္ႏွင္းေ၀

ခိုင္နွင္းေဝကေတာ့ အနုပညာ ေလာကမွာ ေတာက္ပတဲ့ ၾကယ္ပြင့္ေလး တစ္ပြင့္ ျဖစ္သလို ပရဟိတလုပ္ငန္းေတြ လည္း ၾကိဳးစား ပန္းစား လုပ္ကိုင္ေနတဲ့ ေမတၱာရွင္မေလး တစ္ေယာက္ ပဲ ျဖစ္ပါတယ္။ ခိုင္နွင္းေဝက အမ်ားအက်ိဳး ကို သယ္ပိုးေဆာင္ရြက္ ေပးေနတဲ့ “ခိုင္နွင္းေဝ ပရဟိတလူငယ္မ်ား အသင္း”နဲ့ မိဘမဲ့ ကေလးငယ္ေလးေတြကို ေစာင့္ေရွာက္ေပးေနတဲ့ “ခုိင္မိသားစု ေဂဟာ” ကို ဦးစီးရင္း သူမရဲ့ တစ္ေန့တာ အခ်ိန္ေတြကို ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ခိုင္နွင္းေဝက ေငြ(၁)သိန္းနဲ့ ေရာင္းစားျခင္းခံေနရတဲ့ (၈)လအရြယ္သမီးေလးကို သူမရဲ့ ေဂဟာမွာ ေခၚယူေမြးစားျဖစ္ခဲ့ေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

“အေမက ေနာက္ေယာက်ာ္း ယူသြားၿပီး ဖခင္မွွ အရက္မူးေနခ်ိန္ (၈)လအရြယ္ သမီးေလး အား ေငြတစ္သိန္းျဖင့္ လိုက္ေရာင္း ေန၍ အင္းစိန္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး မ်ားမွ ကေလးႏွင့္ ဖခင္အား ထိန္းသိမ္းျပီး ကြ်န္မဆီသို႔ ဆက္သြယ္ အပ္ႏွံသျဖင့္ သြားေရာက္ ေခၚယူ ခ့ဲပါတယ္ရွင္။ သမီးေလး အရိပ္တစ္ခုရဖို့ အတြက္ တတ္ႏိုင္တ့ဲဘက္က ေစာင့္ေရွာက္ခြင့္ရတ့ဲအတြက္ ပီတိျဖစ္ရသလို စိတ္လဲမေကာင္းျဖစ္ရပါတယ္။ ဒီလိုန႔ဲပဲ ကြ်န္မတို႔ “ခိုင္ ” ေဂဟာမွာ မိသားစုဝင္တစ္ဦး တိုးျပန္ပါျပီရွင္…” ဆိုျပီး စိတ္မေကာင္းျဖစ္စြာနဲ့ ေျပာလာပါတယ္။

ခိုင္နွင္းေဝကေတာ့ မိဘမဲ့ကေလး ေတြကိုသာ ေစာင့္ေရွာက္ေလ့ရိွ ေပမယ့္ ဒီတစ္ခါ သူမေခၚယူ ေမြးစားခဲ့တဲ့ ကေလးငယ္ေလး ကေတာ့ အေဖေရာ အေမ ပါရိွပါလ်က္နဲ့ မျဖစ္သင့္တဲ့အျဖစ္မ်ိဳးနဲ့ ၾကံဳဆံုေနရတာမို့ ခိုင္နွင္းေဝက ေခၚယူေမြးစား ခဲ့တာပဲ ျဖစ္ပါတယ္။ သမီးေလးလည္း ခိုင္နွင္းေဝရဲ့ ေအးျမတဲ့အရိပ္ေအာက္မွာ ထာဝရေပ်ာ္ရႊင္ခ်မ္းေျမ့ပါေစလို့ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit: Cele Connections

မိဘတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်ကြောင့် ဒုက္ခရောက်နေတဲ့ (၈)လအရွယ် သမီးငယ်လေးကို ကယ်တင်ခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ အနုပညာ လောကမှာ တောက်ပတဲ့ ကြယ်ပွင့်လေး တစ်ပွင့် ဖြစ်သလို ပရဟိတလုပ်ငန်းတွေ လည်း ကြိုးစား ပန်းစား လုပ်ကိုင်နေတဲ့ မေတ္တာရှင်မလေး တစ်ယောက် ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အများအကျိုး ကို သယ်ပိုးဆောင်ရွက် ပေးနေတဲ့ “ခိုင်နှင်းဝေ ပရဟိတလူငယ်များ အသင်း”နဲ့ မိဘမဲ့ ကလေးငယ်လေးတွေကို စောင့်ရှောက်ပေးနေတဲ့ “ခိုင်မိသားစု ဂေဟာ” ကို ဦးစီးရင်း သူမရဲ့ တစ်နေ့တာ အချိန်တွေကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခိုင်နှင်းဝေက ငွေ(၁)သိန်းနဲ့ ရောင်းစားခြင်းခံနေရတဲ့ (၈)လအရွယ်သမီးလေးကို သူမရဲ့ ဂေဟာမှာ ခေါ်ယူမွေးစားဖြစ်ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“အမေက နောက်ယောကျာ်း ယူသွားပြီး ဖခင်မှှ အရက်မူးနေချိန် (၈)လအရွယ် သမီးလေး အား ငွေတစ်သိန်းဖြင့် လိုက်ရောင်း နေ၍ အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူး များမှ ကလေးနှင့် ဖခင်အား ထိန်းသိမ်းပြီး ကျွန်မဆီသို့ ဆက်သွယ် အပ်နှံသဖြင့် သွားရောက် ခေါ်ယူ ခဲ့ပါတယ်ရှင်။ သမီးလေး အရိပ်တစ်ခုရဖို့ အတွက် တတ်နိုင်တဲ့ဘက်က စောင့်ရှောက်ခွင့်ရတဲ့အတွက် ပီတိဖြစ်ရသလို စိတ်လဲမကောင်းဖြစ်ရပါတယ်။ ဒီလိုနဲ့ပဲ ကျွန်မတို့ “ခိုင် ” ဂေဟာမှာ မိသားစုဝင်တစ်ဦး တိုးပြန်ပါပြီရှင်…” ဆိုပြီး စိတ်မကောင်းဖြစ်စွာနဲ့ ပြောလာပါတယ်။

ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေး တွေကိုသာ စောင့်ရှောက်လေ့ရှိ ပေမယ့် ဒီတစ်ခါ သူမခေါ်ယူ မွေးစားခဲ့တဲ့ ကလေးငယ်လေး ကတော့ အဖေရော အမေ ပါရှိပါလျက်နဲ့ မဖြစ်သင့်တဲ့အဖြစ်မျိုးနဲ့ ကြုံဆုံနေရတာမို့ ခိုင်နှင်းဝေက ခေါ်ယူမွေးစား ခဲ့တာပဲ ဖြစ်ပါတယ်။ သမီးလေးလည်း ခိုင်နှင်းဝေရဲ့ အေးမြတဲ့အရိပ်အောက်မှာ ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit: Cele Connections

About the author

Ms Cele

Leave a Comment