Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Htet Aung Shine

မိဘနှစ်ပါးလုံး ကိုဗစ်ရောဂါကူးစက်ခံရပြီး ယခုလက်ရှိကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ ထက်အောင်ရှိုင်း

မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ နိုင်ငံကျော် မင်းသားချောလေး ထက်အောင်ရှိုင်းကို အထူးတလည် မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ် ။ ချောမောခန့်ညားပြီး ယောကျာ်း ပီသတဲ့ အမူအရာတွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ထက်အောင်ရှိုင်း ကတော့ မနေ့ညက သတင်းကောင်းလေး တစ်ခုကို ဝေမျှလာပါတယ် ။ ဒါကတော့ မိဘနှစ်ပါးလုံး ကိုဗစ်ရောဂါကူးစက်ခံခဲ့ ရပေမယ့် ပျောက်ကင်းအောင် အနိုင်တိုက်နိုင်ခဲ့လို့ ပျော်ရွှင်နေရတဲ့ အကြောင်းပဲဖြစ်ပါတယ် ။ ဒါ့အပြင် မိဘတွေကို ပြုစုလုပ်ကိုင်ပေးခဲ့ပုံတွေကိုလည်း ဗဟုသုတအနေနဲ့ ရေးသားဝေမျှထားပါသေးတယ် ။

” အဖေနဲ့ အမေ ရောဂါကပ်ဆိုးကြီးကို အနိုင်တိုက်လိုက်နိုင်ပါပီ.. အခု အောက်စီဂျင်လည်းမကျတော့ဘူး ဂေါင်းလည်းမကိုက်တော့ဘူး အစားလည်းအရင်လိုပြန်စားနိုင်ပါပီ 😁😁 အရေးကြီးဆုံးက “စိတ်ဓာတ်ခွန်အားပါ” ဒီရောဂါက စိတ်အားလျှော့လိုက်တာနဲ့ဂိမှာပါ..အဖေရောအမေရောကို အချိန်တိုင်းပျော်အောင်ထားတယ် .. အစာနဲ့ဆေးကိုအချိန်မှန်အောင်ကျွေးတယ် တိုက်တယ်..မစားချင်လည်း မရရအောင်ကျွေးတယ်(သားကိုချစ်ရင်စားတို့ဘာတို့ 😆 ငယ်ငယ်ကသူတို့လုပ်တဲ့အကွက်တွေ😂) အဆိုးဆုံးအခြေအနေကို ၅ရက် တစ်ပတ်တော့ အနည်းဆုံးကျော်ဖြတ်ခဲ့ရပါတယ်.. စိတ်ခွန်အား အစာအဟာရနဲ့ဆေးပုံမှန်တိုက်တာကြောင့် နှစ်ပတ်ကျော်တဲ့အချိန်မှာ ပုံမှန်အတိုင်းပြန်စားနိုင်အိပ်နိုင်လာပါတယ် ချောင်းဆိုးတာတော့ကျန်နေပါသေးတယ် ကျတော် အဆင်မပြေတဲ့အချိန်မှာ စာလေးနဲ့ဖုန်းလေးနဲ့ပဲဖြစ်ဖြစ် အစစအရာရာကူညီပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် ဘယ်တော့မှမမေ့ပါဘူးဗျာ ” ဆိုပြီးဖော်ပြထားရာ စာလေးဖတ်ပြီး ထပ်တူ ကြည်နူးမိတာကြောင့် ပြန်လည်ဝေမျှပေးရင်း ပြည်သူအားလုံးလည်း ခုလို ကိုဗစ်ကို အနိုင်တိုက်နိုင်ကြပါစေ ဆုတောင်းပေး လိုက်ပါတယ် ။

Credit:Cele Zone
Photo – Htet Aung Shine

About the author

Ms Cele

Leave a Comment