Celebrity


Written by Ms Cele









မိဘ တွေလို စီးပွား ရေး မသောင်း ကျန်း ချင်ဘူး ဆိုတဲ့ စိန်နန်း တော် ပိုင်ရှင် ရဲ့ သမီးလေး သက်ရတနာ ကျော်ဝင်း (G Vocals )

G( ခေါ် ) သက်ရတနာကျော်ဝင်း ဟာ The Voice Myanmar (Season 3) Blind Auditions သီချင်းဆို ပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်စဉ်တုန်းက မြန်မာ လူမျိုးဖြစ်ပြီး မြန်မာစကား ကို ကျွမ်းကျွမ်း ကျင်ကျင် မပြောတတ် ဖူးလို့ ပြောခဲ့မိ တာကြောင့် တချို့သော သူတွေနဲ့ ဝေဖန်မှုတွေ ကိုလည်း ခံခဲ့ပါသေးတယ်။ ဒါပေမယ့် လည်း သက်ရတနာကျော်ဝင်း ကတော့ The Voice Myanmar မှာ နီနီခင်ဇော် ရဲ့ Team အဖွဲ့သားတွေနဲ့ အတူတူ ကြိုးစားနေပြီး အကောင်းဆုံး ဆက်လက် ယှဉ်ပြိုင်သွား မှာလို့ ပြောပြခဲ့ပါသေးတယ်။

ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှု တစ်ခုမှာတော့ သက်ရတနာကျော်ဝင်းက မိဘ တွေလို စီးပွားရေး မသောင်းကျန်း ချင်ဘူး လို့ အစချီပြီး သူမနေချင်တဲ့ Life Style လေးတစ်ခုကိုပြောပြ လာခဲ့တာပဲဖြစ်ပါတယ်

တဘဝလုံးမှာ ဘာဖြစ်ချင်လည်းဆိုတော့ အေးအေးချမ်းချမ်းနဲ့ အရမ်းကြီး ပိုက်ဆံမရှိရင်တောင် ကားကို Aircon ကောင်းကောင်းလေးနဲ့ တိုက်ခန်း တခန်းလောက်နဲ့ ပရဟိတ ကောင်းကောင်း ဆက်လုပ်နိုင်ရင်ရပြီ

ဘာလို့ဆို အဖေကိုကြည့်ရင်လည်း သူစီးပွားရေး လုပ်ပြီးတော့ အရမ်း Stress များတာတွေလည်းရှိတယ် အဲ့လိုဘဝလည်း မဖြစ်ချင်ဘူး သူတို့ ၂ ယောက်လုံး Stress များတယ်ကွာ ညီမသူတို့ဘဝလို မျိုးကြီးမဖြစ်ချင်ဘူး ကိုယ့်ဟာကိုယ်အေးဆေးပျော်နေရင် ရပြီ အရမ်းကြီး ဘယ်ဟာမှကို မသောင်းကျန်းပဲနဲ့ လုံလောက်ရင်ရပြီလို့ ပြောချင်တာပါ” လို့ ပြောလာခဲ့တာဖြစ်ပါတယ်

သက်ရတနာကျော်ဝင်းက သူမအနေနဲ့ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်အချိန်ကလွဲရင် မြန်မာနိုင်ငံမှာရှိနေသမျှ ပရဟိတ အလုပ်တွေကို လုပ်ဆောင်သွားမယ်လို့ ပြောပြခဲ့ပါသေးတယ်
အိမ်မှာနေရတာထက် သက်တူရွယ်တူ လူငယ်တွေနဲ့ အတူတူ ပရဟိတလုပ် နေရတာကို ပိုပျော်တယ်လို့လည်း ဆိုလာခဲ့တာဖြစ်ပါတယ်

သက်ရတနာကျော်ဝင်းကတော့ မိဘတွေနဲ့မတူတဲ့ နေထိုင်မှုပုံစံတစ်ခုနဲ့ပဲ နေချင်တဲ့ အကြောင်း ပြောပြခဲ့တာပါ ပရိသတ်ကြီးရေ အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်နော်။

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment