Local News

မိမိရဲ့ မိသားစု ေတာင္ သူ႔အနား မလာဖို႔ ေျပာၿပီး ေရွ႕တန္း မွာ ကိုဗစ္ ကို တိုက္ေန တဲ့သူ တစ္ဦး ေရးထား တဲ့ စာ

Written by Ms Cele

မိမိရဲ့ မိသားစု ေတာင္ သူ႔အနား မလာဖို႔ ေျပာၿပီး ေရွ႕တန္း မွာ ကိုဗစ္ ကို တိုက္ေန တဲ့သူ တစ္ဦး ေရးထား တဲ့ စာ

လုပ္ သက္ (၂၀) ရွိပါၿပီ၊ ယခုကာလ က စိတ္ အပင္ပန္းဆုံး အခ်ိန္ပါပဲ လက္ေထာက္ ဆရာဝန္ ငါးႏွစ္ ပညာေတြသင္ယူခြင့္ ရခဲ့တယ္။ ဆရာႀကီး ဆရာမႀကီးေတြက ခ်စ္တာ မ်ားပါတယ္။ အလုပ္ပင္ပင္ ပန္းပန္းလုပ္ခဲ့ရတယ္။ ဆရာဆရာမေတြက ကၽြန္ေတာ့္ကို ဦးေဆာင္ခြဲခိုင္းတာ လူေတြရာႏွင့္ခ်ီေအာင္ ခြဲခဲ့ရဘူးတယ္။ အေယာက္တစ္ရာ မျပည့္ မေျပာင္းဘူးကြာလို႔ ေနာက္ေျပာင္ေျပာတာ ေနာက္ဆုံး ရာဂဏန္းကိုေတာ္ေတာ္ေက်ာ္တဲ့အထိ ခြဲခန္းဝင္ခဲ့ရဘူးတယ္။ ေပ်ာ္ေနတာပါပဲ။ ဖိအားေတြလည္း မရွိပါဘူး။ လူနာေတြအသက္ရွင္သြားတာျမင္ရေတာ့ ေပ်ာ္လိုက္တာ ပီတိေလ။ တိုက္နယ္ဆရာဝန္ ငါးႏွစ္ အေပ်ာ္ဆုံးကာလ လူေတြေထာင္ႏွင့္ခ်ီၿပီး ခြဲစိတ္ကုသ ေစာင့္ေရွာက္ ေပးဘူးတယ္။ သီခ်င္းတေၾကာ္ေၾကာ္ဆိုၿပီး ခြဲခဲ့တာပါပဲ။ ျပဳံးေပ်ာ္ၿပီး လူနာၾကည့္ခဲ့တာပါပဲ။ စည္းကမ္းမလိုက္နာတဲ့ လူနာေစာင့္ေတြကို သာစိတ္ဆိုးဘူးတာ ရန္လာလုပ္တဲ့ လူနာကိုေတာင္ ကုေပးခဲ့ဘူးပါတယ္။ က်ရာ ေဒသရဲ့ တိုးတက္မႈေတြကို လုပ္ေပးခဲ့ဘူးတယ္။ ျပည္သူႏွင့္တသားတည္းေနခဲ့တယ္။ ဘဝမွ တသသျဖစ္ရတဲ့ တိုက္နယ္ဆရာဝန္ဘဝ။

ၿမိဳ႕နယ္ဆရာဝန္ဘဝ ငါးႏွစ္ ဘဝရဲ့ အမွတ္အရ ဆုံးအခ်ိန္။ တာဝန္က်တဲ့ ၿမိဳ႕ႏွစ္ခုလုံးမွာ တိုးတက္ မႈေတြ အမ်ားႀကီး ေဆာင္က်ဥ္းေပး နိုင္ခဲ့တယ္။ ပုံမွန္က်န္းမာေရး ေစာင့္ေရွာက္မႈ အျပင္ အပိုထပ္ေဆာင္း ျပည္သူ႔က်န္းမာေရး အက်ိဳးျပဳလုပ္ငန္းေတြ တပုံတပင္ႏွင့္ တည္ေဆာက္ျပခဲ့တယ္။ ေအာင္ျမင္မႈ တိုင္းဟာ စိန္ေခၚမႈႀကီးေပမယ့္ လက္တကမ္းဆိုသလို ရယူျပနိုင္ခဲ့တယ္။ ျပည္သူ႔ ဂုဏ္ရည္အထူးဆုကိုရခဲ့တယ္။

ေဆးပညာမဟာသိပၸံတက္တယ္ ေနျပည္ေတာ္မွာ စီမံလက္ေထာက္ ညႊန္မႉးဘဝ။ ပညာေတြ အမ်ားႀကီးရခဲ့တယ္။ သင္ခန္းစာ ေတြ အမ်ားႀကီးေပါ့။ စိတ္က်ဥ္းက်ပ္ျခင္း ကိုခံစားခဲ့ရဘူးတယ္။ ဒါေပမယ့္ ရခဲ့တဲ့ သင္ခန္းစာေတြက အမ်ားႀကီးေနာက္ေနာင္ ဘဝလမ္း အတြက္ အက်ိဳးေပးပါတယ္။ ဒါေပမယ့္ ရာထူးမတက္ခ်င္ေနပါေစ ကိုယ့္ေၿခ ကိုယ့္လက္ ကိုယ္စြမ္းကိုယ္စ အတိုင္း လြတ္လြတ္လပ္လပ္ မွန္ရင္ေပ်ာ္ မွားရင္တာဝန္ယူတဲ့ ဘဝအေနအတိုင္းပဲ ေနေတာ့မယ္လို႔ဆုံးျဖတ္လိုက္တယ္။ ဘယ္ေတာ့မွ လြတ္လပ္မႈကို ရာထူးႏွင့္ မလဲဘူး သူမ်ားစိတ္ႏွင့္ကိုယ့္ကို မျဖစ္ေစရဘူးလို႔ သံဓိဌာန္ခ်ခဲ့တယ္။ သီေပါေဆး႐ုံအုပ္။ ေအးျမတဲ့ ရွမ္းေျမမွာ ဘဝရဲ့ အသာယာဆုံးပါပဲ။ ေဖာ္ေရြတယ္ ထက္ျမတ္တယ္ ေစတနာကိုနားလည္တယ္ ရွမ္းညီအကိုေမာင္ႏွမေတြ ႏွင့္ သုံးႏွစ္နီးပါး အလုပ္တြဲလုပ္ခဲ့တယ္။ ႐ုပ္ပိုင္းဆိုင္ရာ တိုးတက္မႈေတြ တိုင္းရင္းသားကေလးေတြအတြက္ စိတ္ပိုင္းဆိုင္ရာ ဘဝပိုင္းဆိုင္ရာတိုးတက္မႈေတြ အမ်ားႀကီးလုပ္ေပးနိုင္ခဲ့တယ္။ ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ ၏ လူမႈထူးခၽြန္ဆုကို လုပ္ေဖာ္ကိုင္ဖက္ အားလုံး ျဖစ္တဲ့ သီေပါက်န္းမာ အေနႏွင့္ရခဲ့တယ္။

ျမဝတီ။ ဘဝမွာ တာဝန္က်ဘူးတဲ့ အထဲက အေကာင္းဆုံးၿမိဳ႕။ ေဆးခန္းဖြင့္ရင္ အရမ္းေအာင္ျမင္ တဲ့ၿမိဳ႕။ ခဏတာ ေဆးခန္းဖြင့္ျဖစ္ေပမယ့္ ႀကိတ္ႀကိတ္တိုး မတတ္ မနည္း social distancing လုပ္ခဲ့ရတဲ့ၿမိဳ႕။ ၿမိဳ႕တိုင္းၿမိဳ႕တိုင္း ကၽြန္ေတာ့ကိုလာျပတဲ့လူနာကေတာ့ တစ္ေန႔တစ္ေန႔ ကၽြန္ေတာ္ စိမ္ေျပနားေၿပ ၾကည့္နိုင္တဲ့ ပမာဏကို ေရာက္တာမ်ားပါတယ္။ သုံးေလးဆယ္ေပါ့။ ရာသီတုတ္ေကြးခ်ိန္မွာ လူ ရာခ်ီၾကည့္ဘူးပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တာဝန္က်တဲ့ၿမိဳ႕ေတြရဲ့ စီးပြားေရးအေျခအေနအရ စမ္းသတ္ခကို အနည္းဆုံးယူခဲ့ပါတယ္။ ေဆးခန္းစဖြင့္ေတာ့ ၃၀၀ ေနာက္ တိုက္နယ္ဆရာဝန္ဘဝမွာ ၅၀၀ ၿမိဳ႕နယ္ဆရာဝန္ဘဝ မွာ ၁၀၀၀−၁၅၀၀ သီေပါေရာက္ေတာ့ ၂၀၀၀ ပဲ ယူခဲ့တယ္။ ျမဝတီမွာ တစ္ေယာက္ၾကည့္ ဘတ္ ၁၀၀ ရခဲ့တယ္။ ေဆးခန္းေလးသာ ဆက္ဖြင့္ျဖစ္ၿပီး တစ္ႏွစ္ေက်ာ္ ၂ႏွစ္ေနခြင့္ရရင္ မိသားစုဘဝေလး သာယာၿပီ ထင္ၿပီး ျမဝတီရဲ့စိန္ေခၚမႈအားလုံးကို ေက်ာ္ျဖတ္နိုင္ခဲ့တယ္။ သုံးလအတြင္း ေဆး႐ုံမွာ ႐ုပ္ပိုင္းဆိုင္ရာ တိုးတက္မႈ အမ်ားႀကီးရွိခဲ့သလို ဝန္ထမ္းေတြကိုလည္း စနစ္ေတြ ခံယူခ်က္ေတြရွိေအာင္ စည္း႐ုံးနိုင္သေလာက္ စည္း႐ုံးခဲ့တယ္။ ၿမိဳ႕ႏွင့္ တစ္သားတည္းျဖစ္ေနခ်ိန္ ရြက္မွာေလဝ တက္ကိုအားစိုက္ေလွာ္မယ္အလုပ္မွာ ရန္ကုန္ျပန္ပါတဲ့။ ကိုဗစ္ အတြက္ မင္းလာ ႀကိဳးစားပါတဲ့။

ရန္ကုန္ေဆး႐ုံႀကီးဟာ သိပ္ႀကီးပါတယ္။ ညႊန္ၾကားေရးမႉး ခ်ဳပ္ ကိုယ္တိုင္ ဉီးစီးတဲ့ ေဆး႐ုံမွာ ဒုညႊန္မႉးဟာ ေသးေသးေလးပါ။ ကၽြန္ေတာ္လုံးဝ မလုပ္ခ်င္တဲ့ ေနရာပါပဲ။ ကိုယ့္ထက္ အေတြ႕အၾကဳံ ပညာေတာ္တဲ့ သူေတြ ေပမယ့္ ကၽြန္ေတာ္က ကိုယ့္အားကို ကိုယ္ယုံ စြမ္းသေလာက္ ေျပးခ်င္တဲ့သူ။ ဒီလမ္းေၾကာင္းမွန္တယ္ဆို ေနာက္မဆုတ္တမ္း ပန္းတိုင္အထိေျပးခ်င္သူ။ ဒါေပမယ့္ ဒီ ပတ္ဝန္းက်င္က အဲသည္လို အခြင့္အေရးေတြ နင့္ ယဥ္ပါးတဲ့ေနရာမဟုတ္ပါဘူး။ ေနျပည္ေတာ္မွာတုန္းက လည္း စိတ္က်ဥ္းက်ပ္တယ္ဆိုေပမယ့္ ရန္ကုန္ေဆး႐ုံႀကီးမွာ ခု တာဝန္ထမ္းေဆာင္ခ်ိန္က ေရာဂါႏွင့္စစ္ထိုးေနရခ်ိန္။ ဆင္ကန္းေတာတိုး မလုပ္ခဲ့ဘူးေပမယ့္ ယုံၾကည္ရာကို အေတြ႕အၾကဳံေပၚမူတည္ ထိုးေဖာက္ စိုက္လိုက္မတ္တတ္ လုပ္ခ်င္သူ ကၽြန္ေတာ္ စိတ္ပင္ပန္းတယ္။ လူႀကီးေတြ ေဖးမေပမယ့္ စိတ္ႀကိဳက္ေျပးခြင့္ေတာ့မရေသးပါဘူး (ေရာက္တာလည္းရက္ပိုင္းကိုး/ဒါေပမယ့္ ကိုဗစ္ရဲ့တိုက္စစ္က လည္း တစ္ရက္မနား အသက္ေတြကို လာရန္ရွာေနတာကိုး)

တစ္သက္လုံး ယုံၾကည္လာတဲ့သူေတြ အလႉလာ ေပးရင္ လက္မခံရဲဘူး။ ခြင့္ျပဳခ်က္ေတာင္း ၿပီး လက္ခံရင္လည္း ေအာက္ေျခမွာ ေသခ်ာသုံး ဖို႔ ေျပာေပမယ့္ အမိန႔္ႏွင့္ယဥ္ပါးလာ သူတစ္ခ်ိဳ႕ေၾကာင့္ ေမတၱာရပ္ခံခ်က္ဟာ အရာမထင္ပါဘူး။ အလုပ္ထြက္ေတာ့မယ္ဆိုတဲ့အထိ ဆုံးျဖတ္ခ်က္ကို ခဏခဏ ရက္ပိုင္းအတြင္း ခ်ေနမိပါတယ္။ အရင္က ခဏခဏ ေျဖဘူးတဲ့ အင္တာဗ်ဴးေတြ မေျဖခ်င္ဘူး။ ကၽြန္ေတာ္က ေျပာေရးဆိုခြင့္ရွိသူ အျဖစ္ ေပးထားတာမဟုတ္ပါဘူး။ တျမန္ေန႔က အလုပ္အရမ္းမ်ားတဲ့ၾကားက ခင္မင္သူ သတင္းေထာက္က အတင္း ျပည္သူအတြက္ပါဆိုၿပီး ေမးတယ္။ ႐ုံးခန္းထဲမွာ (သူမ်ား နာမည္နဲ႔႐ုံးခန္းကို ေခတၱငွားယူထားတာပါ) Mask မတပ္ပဲ ေျဖမလို႔ေပမယ့္ တပ္လိုက္ပါမယ္ေလဆိုၿပီး တပ္လိုက္တယ္။ အျမန္ ေျဖရမွာမို႔ အလုပ္ေတြရွိေနေသးတာမို႔ တပ္သားမက်တဲ့ N95 ေျပာင္းျပန္ျဖစ္သြားတာကို သတိမထားမိဘူး။ မွန္လည္း မရွိ မၾကည့္မိဘူး။ အဲဒီမွာ လူေတြရဲ့ ေလွာင္ေျပာင္မႈကို ခံစားရတယ္။ ကၽြန္ေတာ္ ေကာင္းေအာင္ ႀကိဳးစားေနတယ္။ ရေအာင္ ခံေနတယ္။ ေျပာတဲ့ စကားေတြကို နားမေထာင္ပဲ ေလွာင္ေျပာင္ၾကတဲ့ ေဖ့ဘုတ္ ေလာကသားေတြကို စိတ္မေကာင္းျဖစ္မိတယ္။ စိတ္ဓါတ္ကို ျပဳတ္မက်ေအာင္တင္းထားေပမယ့္ ေတာင့္မခံနိုင္သေလာက္ျဖစ္သြားတယ္။ (စိတ္ႏုတယ္လို႔ ကိုယ့္ကိုယ္ကို စြပ္စြဲေနပါတယ္) စိတ္ဓါတ္က်သြားခဲ့တယ္။

မေန႔က ျပည္ေထာင္စုဝန္ႀကီးရဲ့ လမ္းညႊန္ခ်က္ႏွင့္ ဆရာႀကီး ေဒါက္တာေဇာ္ေဝစိုး ကို ကၽြန္ေတာ့္ ႀကီးၾကပ္သူ အျဖစ္ လာလုပ္ခိုင္းတယ္။ ဆရာႀကီးညႊန္ခ်ဳပ္ ႏွင့္ ဆရာႀကီးပါ ခ်ဳပ္ ႏွစ္ေယာက္ အနားမွာ အားလာျဖည့္ေပးတယ္။ လမ္းညႊန္ခ်က္ေတြေပးတယ္။ က်ေနတဲ့ စိတ္ဓါတ္ေတြ တက္သြားတယ္။ လူနာေတြ အတြက္ အားျပန္ရွိသြားတယ္။ ဆရာႀကီးပါခ်ဳပ္ ေဒါက္တာေဇာ္ေဝစိုးက PPE ကို ကိုယ္တိုင္ဝတ္ Ground level ကို ဆင္းၾကည့္တယ္။ ျပည့္က်ပ္ေနတဲ့လူနာေတြ အမ်ားႀကီးၾကားထဲ ပင္ပန္းေနတဲ့ ဆရာဝန္ေတြကို သူေတြ႕သြားတယ္။ ေမၽွာ္လင့္ခ်က္ေမွးမွိန္ေနတဲ့ လူနာေတြရဲ့ မ်က္လုံးေလးေတြ ကို သူဖတ္မိတယ္။ ဝန္ႀကီးကို ခ်က္ခ်င္းတင္ျပတယ္။ သူ႔မိတ္ေဆြေတြကို စုစည္းတယ္။ လုပ္ေဖာ္ကိုင္ဖက္ တပည့္ေတြကို စည္း႐ုံးတယ္။

အင္းလ်ား စင္တာက ကၽြန္ေတာ္တို႔ YGH က လူနာ (၃၀) ေက်ာ္ကို ခ်က္ခ်င္း လက္ခံေပးတယ္။ သမားေတာ္ႀကီး ပါေမာကၡေဒါက္တာရဲျမင့္ ႏွင့္အဖြဲ႕ တာဝန္ယူေပးေနတယ္။ ေတာ္႐ုံတန္႐ုံ ေအာက္စီဂ်င္ရႈေနရတဲ့ ကိုဗစ္လူနာ ေတြကို ဝိုင္းကူထိန္းသိမ္းေပးခဲ့တယ္။ ေဆး႐ုံအုပ္ႀကီး မမေဒါက္တာျမင့္ျမင့္ေအး ေပါင္းစပ္စီစဥ္ေပးတဲ့ လသာ(၁) ကိုဗစ္စင္တာကို ေဆးပညာႏွီးႏြယ္ဌာနမ်ားက ဝိုင္းကူေပးတယ္။ ကုတင္ ၄၀ေက်ာ္ ထြက္လာတယ္။ အရိုးအေၾကာျပန္လည္သန္စြမ္းေရးဌာနႀကီးရဲ့ ေအာက္ထပ္ကို လူနာေတြထားဖို႔ တာဝန္ခံ ပါေမာကၡ ဆရာဝန္ႀကီးက သေဘာတူခဲ့တယ္။ မနက္ျဖန္ အဲဒီဌာနကိုျပင္ပါၿပီ။ ေက်းဇူးပါ မမႀကီးခင္ဗ်ား။

ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြေရာက္လာတယ္။ ေဆး႐ုံႀကီးေပၚတီကိုရဲ့တစ္ဖက္ တစ္ခ်က္မွာ လူနာ (၆၀) ေက်ာ္ဆန႔္မယ့္ ယာယီ ကိုဗစ္ေဆာင္ (အိမ္သာ ေရခ်ိဳးခန္းပါ) ကိုတည္ေဆာက္ေပးဖို႔ ဆရာႀကီးပါခ်ဳပ္ ႏွင့္ ဆရာႀကီးညႊန္ခ်ဳပ္က စီမံေပးေနတယ္။ (၁၅)ရက္ ရက္(၂၀) အတြင္း အၿပီးတည္ေဆာက္ဖို႔ ေျပာေနၾကတယ္။ ျပည့္က်ပ္ေနတဲ့ အေရးေပၚခန္းထဲက လူနာေတြကို ရွင္းထုတ္ဖို႔ မဟာဗ်ဴဟာ အေသးစိတ္ဗ်ဴဟာေတြခ်တယ္ ကၽြန္ေတာ့္ကို ညႊန္ၾကားတယ္။ က်ေနတဲ့ စိတ္ဓါတ္ျပန္ေခါင္းေထာင္လာတယ္။ ေအာက္စီဂ်င္လိုတာလား ေလာေလာဆယ္ ပိုက္လိုင္းေတြ က တစ္မိနစ္ ၁၅ လီတာႏႈန္းမေပးနိုင္ခင္ ၅လီတာ သို႔မဟုတ္ ၁၀ လီတာ ေတြ ႏွင့္ေပးကြာဆိုၿပီး ခ်က္ခ်င္းစီစဥ္တာ အလုံး (၁၀၀) ခ်က္ခ်င္းလာပို႔မယ္ဆိုတဲ့ ကတိေပးတဲ့သူရွိလာတယ္။ ကိုယ့္ထက္ စိတ္ျမန္ၿပီး စြမ္းေဆာင္နိုင္တဲ့ အထက္လူႀကီးေအာက္မွာ တာဝန္ထမ္းေဆာင္ရတာ ေပ်ာ္လာျပန္ပါတယ္။

ေဖႀကီးလို ႔ေခၚတဲ့ ဆရာႀကီး ဦးညြန႔္သိန္း ေနေကာင္းလာပါၿပီ။ ေဖက သားနားလာ အတူ အလုပ္လုပ္ခ်င္တာကြ ဒါေပမယ့္ ေဖ ရွိတယ္ဆိုၿပီး သူ႔အဆက္အသြယ္ေတြ အားလုံးကို ကၽြန္ေတာ့္ဆီခ်ိတ္ေပးတယ္။ ညီမငယ္ သ႐ုပ္ေဆာင္ ခ်စ္သုေဝတို႔ ေခတ္သစ္ ေဖာင္ေဒးရွင္းက ဆက္သြယ္လာတယ္။ တနလၤာေန႔ကစလို႔ ကၽြန္ေတာ့္ ဝန္ထမ္းေတြ ပင္ပန္းေနလို႔ အားနည္းေနတဲ့အေရးေပၚေဆာင္သန႔္ရွင္းေရးကို ေခတ္သစ္က စီစဥ္ေပးတဲ့ စပါယ္ရွယ္ သန႔္ရွင္းေရး ဝန္ထမ္း ၃ဉီး မနက္ ၈နာရီ ညေန ၅နာရီ လာထမ္းေဆာင္ေပးမယ္။ စေနတနဂၤေႏြေတာ့ နားၾကမယ္။ လိုတာရွိ အကုန္ေျပာဆိုတဲ့ ညီမ ေဒါက္တာခ်စ္သုေဝ ကို ေက်းဇူးပါ။

ဒုကၡေရာက္တိုင္း ကူေနၾက သူငယ္ခ်င္း တစ္ဉီးက Liquid Oxygen Plant တစ္ခု လႉေပး ဖို႔ ဆက္သြယ္လာတယ္။ မေန႔က လသာ(၁) မွာ ေရေငြ႕မႈတ္ ပန္ကာလိုခ်င္တယ္ဆိုလို႔ သြားဝယ္တာ မိတ္ေဆြ အကိုႀကီး က ပိုက္ဆံရွင္းေပးထားႏွင့္တယ္။ အျမဲလိုတာျဖည့္စည္းေပးတာ ေက်းဇူးပါ အကို ။ သားႀကိဳက္တာသုံးဆိုၿပီး ေငြလာပို႔တဲ့ မိတ္ေဆြေတြ ေငြလႊဲေပးတဲ့ မိတ္ေဆြေတြကို ေက်းဇူးတင္ပါတယ္။ ယခင္တည္းက စဥ္ဆက္မျပတ္ ပံ့ပိုးလာတဲ့ မိတ္ေဆြေဟာင္းေတြဆီကသာ အလႉခံ စာရင္းသြင္းၿပီး လိုတဲ့ေနရာသုံးျဖစ္တယ္။ လက္ေထာက္ဆရာဝန္ေလးေတြ ညဘက္ စာရင္းသြင္းရင္ နားေနစရာေနရာမရွိလို႔ဆိုေတာ့ ေစတနာ့ဝန္ထမ္း သားေတြ ေနတဲ့ အေဆာင္မွာ အိပ္ရာေလးေတြ အိပ္ရာခင္း ေစာင္ ပန္ကာ စီစဥ္ေပးနိုင္ခဲ့တယ္။ ေစတနာ့ဝန္ထမ္းသားေတြ ပင္ပန္းလြန္းလို႔တစ္ရက္နားပါရေစ ဆိုတဲ့အခ်ိန္ ထမင္းပို႔မေပးနိုင္လို႔ နားတဲ့ရက္စားရန္ ပိုက္ဆံ ကို ယုံၾကည္စြာ လႉဒါန္းလာသူမ်ား ေငြထဲက တစ္ေယာက္ ငါးေထာင္စီ တစ္ရက္စာ ေပးနိုင္ခဲ့တယ္။

ေန႔စဥ္ တန္ဖိုးသင့္က အမေတြ ညီညီမေတြက အရိပ္တၾကည့္ၾကည့္ လာၾကည့္ေပးၾကတယ္။ ပင္ပန္းေနတဲ့ သမားေတာ္ေတြ ဆရာဝန္ေတြ ဝန္ထမ္းေတြ ႏွင့္စကား လိုက္ေျပာျဖစ္ေအာင္ ႀကိဳးစားေနပါတယ္။ ကိုယ္တိုင္လည္း ပင္ပန္းေနပါတယ္။ ေခ်ာ္လဲလိုက္ေသးတယ္။ ညႇို႔သူႀကီး နည္းနည္းေပါက္သြားတယ္။ ေလၽွာက္ပါမ်ားရင္ကိုက္တယ္ ဒါေပမယ့္ ႀကိဳးစားၿပီး တိုက္ေနပါတယ္။ ယဥ္ေလးကိုလည္း မွာထားပါတယ္။ ေရာဂါမကူးရေအာင္ ေနထိုင္ရင္း ေပးအပ္တဲ့တာဝန္ေက်တာထက္ လူ႔အသက္ေတြ မ်ားမ်ားကယ္နိုင္ေအာင္ႀကိဳးစားခဲ့ပါမယ္။ တကယ္လို႔ ကူးခဲ့ရင္လည္း မေသေလာက္ပါဘူး။ ဝိုင္းေတာ့ကုေပးၾကမွာပါ။ မေျပာေကာင္းမဆိုေကာင္း တစ္ခုခုျဖစ္ခဲ့ရင္ေတာင္ သားေလးအတြက္ ဆက္ရွိေနေပးပါ။ ကၽြန္ေတာ့္နားမလာပါနဲ႔ ဟင္းေတာင္ခ်က္မပို႔နဲ႔ လို႔ ေျပာထားပါတယ္။

မိတ္ေဆြမ်ား လည္း ခုရက္ပိုင္း အဆက္အသြယ္ မလုပ္ျဖစ္ရင္ စိတ္ မရွိပါနဲ႔ အေၾကာင္းမျပန္နိုင္ရင္ စိတ္မတို ပါနဲ႔ ကၽြန္ေတာ္ မအားလို႔ပါ (လူမႈ မီဒီယာမွာ တင္ျပရတာလည္း ခပ္လန႔္လန႔္ပါ− မင္းအလုပ္မအားဘူး ေျပာတာ ငါတို႔အလုပ္ အားေနတယ္ ဆိုတာလားလို႔ ကပ္သီးကပ္သတ္ ေတြး ဖတ္ မျဖစ္ၾကပါနဲ႔ အားလုံး အလုပ္မ်ားပါတယ္ အားလုံး ကၽြန္ေတာ့္ထက္ မြန္ျမတ္ၾကပါတယ္ ေၾကာက္ပါတယ္။ အထအနေတ္ြ) ဆရာႀကီး ဝန္ႀကီးကလည္း အားေပးတယ္။ ညႊန္ခ်ဳပ္ႀကီးကိုယ္တိုင္ ေဆး႐ုံအုပ္ႀကီးကို အားျဖည့္ေပးတယ္။ ပါခ်ဳပ္ ဆရာႀကီးေဒါက္တာေဇာ္ေဝစိုးကိုယ္တိုင္ ကၽြန္ေတာ့္နားလာ ႀကီ:ၾကပ္ေပးတယ္။ လိုတာေျပာ အကုန္ျဖည့္စည္းေပးတယ္။ ကၽြန္ေတာ္တို႔ နိုင္မွာပါ။ ကၽြန္ေတာ္တို႔ေက်ာ္လႊားနိုင္မွာပါ။ ကၽြန္ေတာ္တို႔ အသက္ေတြကို ကယ္နိုင္မွာပါ။ ကၽြန္ေတာ္တို႔ ႀကိဳးစားေနပါတယ္… ကၽြန္ေတာ္ႀကိဳးစားေနပါတယ္…..

Nanda Win

မိမိရဲ့ မိသားစု တောင် သူ့အနား မလာဖို့ ပြောပြီး ရှေ့တန်း မှာ ကိုဗစ် ကို တိုက်နေ တဲ့သူ တစ်ဦး ရေးထား တဲ့ စာ

လုပ် သက် (၂၀) ရှိပါပြီ၊ ယခုကာလ က စိတ် အပင်ပန်းဆုံး အချိန်ပါပဲ လက်ထောက် ဆရာဝန် ငါးနှစ် ပညာတွေသင်ယူခွင့် ရခဲ့တယ်။ ဆရာကြီး ဆရာမကြီးတွေက ချစ်တာ များပါတယ်။ အလုပ်ပင်ပင် ပန်းပန်းလုပ်ခဲ့ရတယ်။ ဆရာဆရာမတွေက ကျွန်တော့်ကို ဦးဆောင်ခွဲခိုင်းတာ လူတွေရာနှင့်ချီအောင် ခွဲခဲ့ရဘူးတယ်။ အယောက်တစ်ရာ မပြည့် မပြောင်းဘူးကွာလို့ နောက်ပြောင်ပြောတာ နောက်ဆုံး ရာဂဏန်းကိုတော်တော်ကျော်တဲ့အထိ ခွဲခန်းဝင်ခဲ့ရဘူးတယ်။ ပျော်နေတာပါပဲ။ ဖိအားတွေလည်း မရှိပါဘူး။ လူနာတွေအသက်ရှင်သွားတာမြင်ရတော့ ပျော်လိုက်တာ ပီတိလေ။ တိုက်နယ်ဆရာဝန် ငါးနှစ် အပျော်ဆုံးကာလ လူတွေထောင်နှင့်ချီပြီး ခွဲစိတ်ကုသ စောင့်ရှောက် ပေးဘူးတယ်။ သီချင်းတကြော်ကြော်ဆိုပြီး ခွဲခဲ့တာပါပဲ။ ပြုံးပျော်ပြီး လူနာကြည့်ခဲ့တာပါပဲ။ စည်းကမ်းမလိုက်နာတဲ့ လူနာစောင့်တွေကို သာစိတ်ဆိုးဘူးတာ ရန်လာလုပ်တဲ့ လူနာကိုတောင် ကုပေးခဲ့ဘူးပါတယ်။ ကျရာ ဒေသရဲ့ တိုးတက်မှုတွေကို လုပ်ပေးခဲ့ဘူးတယ်။ ပြည်သူနှင့်တသားတည်းနေခဲ့တယ်။ ဘဝမှ တသသဖြစ်ရတဲ့ တိုက်နယ်ဆရာဝန်ဘဝ။

မြို့နယ်ဆရာဝန်ဘဝ ငါးနှစ် ဘဝရဲ့ အမှတ်အရ ဆုံးအချိန်။ တာဝန်ကျတဲ့ မြို့နှစ်ခုလုံးမှာ တိုးတက် မှုတွေ အများကြီး ဆောင်ကျဉ်းပေး နိုင်ခဲ့တယ်။ ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှု အပြင် အပိုထပ်ဆောင်း ပြည်သူ့ကျန်းမာရေး အကျိုးပြုလုပ်ငန်းတွေ တပုံတပင်နှင့် တည်ဆောက်ပြခဲ့တယ်။ အောင်မြင်မှု တိုင်းဟာ စိန်ခေါ်မှုကြီးပေမယ့် လက်တကမ်းဆိုသလို ရယူပြနိုင်ခဲ့တယ်။ ပြည်သူ့ ဂုဏ်ရည်အထူးဆုကိုရခဲ့တယ်။

ဆေးပညာမဟာသိပ္ပံတက်တယ် နေပြည်တော်မှာ စီမံလက်ထောက် ညွှန်မှူးဘဝ။ ပညာတွေ အများကြီးရခဲ့တယ်။ သင်ခန်းစာ တွေ အများကြီးပေါ့။ စိတ်ကျဉ်းကျပ်ခြင်း ကိုခံစားခဲ့ရဘူးတယ်။ ဒါပေမယ့် ရခဲ့တဲ့ သင်ခန်းစာတွေက အများကြီးနောက်နောင် ဘဝလမ်း အတွက် အကျိုးပေးပါတယ်။ ဒါပေမယ့် ရာထူးမတက်ချင်နေပါစေ ကိုယ့်ခြေ ကိုယ့်လက် ကိုယ်စွမ်းကိုယ်စ အတိုင်း လွတ်လွတ်လပ်လပ် မှန်ရင်ပျော် မှားရင်တာဝန်ယူတဲ့ ဘဝအနေအတိုင်းပဲ နေတော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ ဘယ်တော့မှ လွတ်လပ်မှုကို ရာထူးနှင့် မလဲဘူး သူများစိတ်နှင့်ကိုယ့်ကို မဖြစ်စေရဘူးလို့ သံဓိဌာန်ချခဲ့တယ်။ သီပေါဆေးရုံအုပ်။ အေးမြတဲ့ ရှမ်းမြေမှာ ဘဝရဲ့ အသာယာဆုံးပါပဲ။ ဖော်ရွေတယ် ထက်မြတ်တယ် စေတနာကိုနားလည်တယ် ရှမ်းညီအကိုမောင်နှမတွေ နှင့် သုံးနှစ်နီးပါး အလုပ်တွဲလုပ်ခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ တိုင်းရင်းသားကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ဘဝပိုင်းဆိုင်ရာတိုးတက်မှုတွေ အများကြီးလုပ်ပေးနိုင်ခဲ့တယ်။ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ၏ လူမှုထူးချွန်ဆုကို လုပ်ဖော်ကိုင်ဖက် အားလုံး ဖြစ်တဲ့ သီပေါကျန်းမာ အနေနှင့်ရခဲ့တယ်။

မြဝတီ။ ဘဝမှာ တာဝန်ကျဘူးတဲ့ အထဲက အကောင်းဆုံးမြို့။ ဆေးခန်းဖွင့်ရင် အရမ်းအောင်မြင် တဲ့မြို့။ ခဏတာ ဆေးခန်းဖွင့်ဖြစ်ပေမယ့် ကြိတ်ကြိတ်တိုး မတတ် မနည်း social distancing လုပ်ခဲ့ရတဲ့မြို့။ မြို့တိုင်းမြို့တိုင်း ကျွန်တော့ကိုလာပြတဲ့လူနာကတော့ တစ်နေ့တစ်နေ့ ကျွန်တော် စိမ်ပြေနားပြေ ကြည့်နိုင်တဲ့ ပမာဏကို ရောက်တာများပါတယ်။ သုံးလေးဆယ်ပေါ့။ ရာသီတုတ်ကွေးချိန်မှာ လူ ရာချီကြည့်ဘူးပါတယ်။ ဒါပေမယ့် ကျွန်တော်တာဝန်ကျတဲ့မြို့တွေရဲ့ စီးပွားရေးအခြေအနေအရ စမ်းသတ်ခကို အနည်းဆုံးယူခဲ့ပါတယ်။ ဆေးခန်းစဖွင့်တော့ ၃၀၀ နောက် တိုက်နယ်ဆရာဝန်ဘဝမှာ ၅၀၀ မြို့နယ်ဆရာဝန်ဘဝ မှာ ၁၀၀၀−၁၅၀၀ သီပေါရောက်တော့ ၂၀၀၀ ပဲ ယူခဲ့တယ်။ မြဝတီမှာ တစ်ယောက်ကြည့် ဘတ် ၁၀၀ ရခဲ့တယ်။ ဆေးခန်းလေးသာ ဆက်ဖွင့်ဖြစ်ပြီး တစ်နှစ်ကျော် ၂နှစ်နေခွင့်ရရင် မိသားစုဘဝလေး သာယာပြီ ထင်ပြီး မြဝတီရဲ့စိန်ခေါ်မှုအားလုံးကို ကျော်ဖြတ်နိုင်ခဲ့တယ်။ သုံးလအတွင်း ဆေးရုံမှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု အများကြီးရှိခဲ့သလို ဝန်ထမ်းတွေကိုလည်း စနစ်တွေ ခံယူချက်တွေရှိအောင် စည်းရုံးနိုင်သလောက် စည်းရုံးခဲ့တယ်။ မြို့နှင့် တစ်သားတည်းဖြစ်နေချိန် ရွက်မှာလေဝ တက်ကိုအားစိုက်လှော်မယ်အလုပ်မှာ ရန်ကုန်ပြန်ပါတဲ့။ ကိုဗစ် အတွက် မင်းလာ ကြိုးစားပါတဲ့။

ရန်ကုန်ဆေးရုံကြီးဟာ သိပ်ကြီးပါတယ်။ ညွှန်ကြားရေးမှူး ချုပ် ကိုယ်တိုင် ဉီးစီးတဲ့ ဆေးရုံမှာ ဒုညွှန်မှူးဟာ သေးသေးလေးပါ။ ကျွန်တော်လုံးဝ မလုပ်ချင်တဲ့ နေရာပါပဲ။ ကိုယ့်ထက် အတွေ့အကြုံ ပညာတော်တဲ့ သူတွေ ပေမယ့် ကျွန်တော်က ကိုယ့်အားကို ကိုယ်ယုံ စွမ်းသလောက် ပြေးချင်တဲ့သူ။ ဒီလမ်းကြောင်းမှန်တယ်ဆို နောက်မဆုတ်တမ်း ပန်းတိုင်အထိပြေးချင်သူ။ ဒါပေမယ့် ဒီ ပတ်ဝန်းကျင်က အဲသည်လို အခွင့်အရေးတွေ နင့် ယဉ်ပါးတဲ့နေရာမဟုတ်ပါဘူး။ နေပြည်တော်မှာတုန်းက လည်း စိတ်ကျဉ်းကျပ်တယ်ဆိုပေမယ့် ရန်ကုန်ဆေးရုံကြီးမှာ ခု တာဝန်ထမ်းဆောင်ချိန်က ရောဂါနှင့်စစ်ထိုးနေရချိန်။ ဆင်ကန်းတောတိုး မလုပ်ခဲ့ဘူးပေမယ့် ယုံကြည်ရာကို အတွေ့အကြုံပေါ်မူတည် ထိုးဖောက် စိုက်လိုက်မတ်တတ် လုပ်ချင်သူ ကျွန်တော် စိတ်ပင်ပန်းတယ်။ လူကြီးတွေ ဖေးမပေမယ့် စိတ်ကြိုက်ပြေးခွင့်တော့မရသေးပါဘူး (ရောက်တာလည်းရက်ပိုင်းကိုး/ဒါပေမယ့် ကိုဗစ်ရဲ့တိုက်စစ်က လည်း တစ်ရက်မနား အသက်တွေကို လာရန်ရှာနေတာကိုး)

တစ်သက်လုံး ယုံကြည်လာတဲ့သူတွေ အလှူလာ ပေးရင် လက်မခံရဲဘူး။ ခွင့်ပြုချက်တောင်း ပြီး လက်ခံရင်လည်း အောက်ခြေမှာ သေချာသုံး ဖို့ ပြောပေမယ့် အမိန့်နှင့်ယဉ်ပါးလာ သူတစ်ချို့ကြောင့် မေတ္တာရပ်ခံချက်ဟာ အရာမထင်ပါဘူး။ အလုပ်ထွက်တော့မယ်ဆိုတဲ့အထိ ဆုံးဖြတ်ချက်ကို ခဏခဏ ရက်ပိုင်းအတွင်း ချနေမိပါတယ်။ အရင်က ခဏခဏ ဖြေဘူးတဲ့ အင်တာဗျူးတွေ မဖြေချင်ဘူး။ ကျွန်တော်က ပြောရေးဆိုခွင့်ရှိသူ အဖြစ် ပေးထားတာမဟုတ်ပါဘူး။ တမြန်နေ့က အလုပ်အရမ်းများတဲ့ကြားက ခင်မင်သူ သတင်းထောက်က အတင်း ပြည်သူအတွက်ပါဆိုပြီး မေးတယ်။ ရုံးခန်းထဲမှာ (သူများ နာမည်နဲ့ရုံးခန်းကို ခေတ္တငှားယူထားတာပါ) Mask မတပ်ပဲ ဖြေမလို့ပေမယ့် တပ်လိုက်ပါမယ်လေဆိုပြီး တပ်လိုက်တယ်။ အမြန် ဖြေရမှာမို့ အလုပ်တွေရှိနေသေးတာမို့ တပ်သားမကျတဲ့ N95 ပြောင်းပြန်ဖြစ်သွားတာကို သတိမထားမိဘူး။ မှန်လည်း မရှိ မကြည့်မိဘူး။ အဲဒီမှာ လူတွေရဲ့ လှောင်ပြောင်မှုကို ခံစားရတယ်။ ကျွန်တော် ကောင်းအောင် ကြိုးစားနေတယ်။ ရအောင် ခံနေတယ်။ ပြောတဲ့ စကားတွေကို နားမထောင်ပဲ လှောင်ပြောင်ကြတဲ့ ဖေ့ဘုတ် လောကသားတွေကို စိတ်မကောင်းဖြစ်မိတယ်။ စိတ်ဓါတ်ကို ပြုတ်မကျအောင်တင်းထားပေမယ့် တောင့်မခံနိုင်သလောက်ဖြစ်သွားတယ်။ (စိတ်နုတယ်လို့ ကိုယ့်ကိုယ်ကို စွပ်စွဲနေပါတယ်) စိတ်ဓါတ်ကျသွားခဲ့တယ်။

မနေ့က ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်နှင့် ဆရာကြီး ဒေါက်တာဇော်ဝေစိုး ကို ကျွန်တော့် ကြီးကြပ်သူ အဖြစ် လာလုပ်ခိုင်းတယ်။ ဆရာကြီးညွှန်ချုပ် နှင့် ဆရာကြီးပါ ချုပ် နှစ်ယောက် အနားမှာ အားလာဖြည့်ပေးတယ်။ လမ်းညွှန်ချက်တွေပေးတယ်။ ကျနေတဲ့ စိတ်ဓါတ်တွေ တက်သွားတယ်။ လူနာတွေ အတွက် အားပြန်ရှိသွားတယ်။ ဆရာကြီးပါချုပ် ဒေါက်တာဇော်ဝေစိုးက PPE ကို ကိုယ်တိုင်ဝတ် Ground level ကို ဆင်းကြည့်တယ်။ ပြည့်ကျပ်နေတဲ့လူနာတွေ အများကြီးကြားထဲ ပင်ပန်းနေတဲ့ ဆရာဝန်တွေကို သူတွေ့သွားတယ်။ မျှော်လင့်ချက်မှေးမှိန်နေတဲ့ လူနာတွေရဲ့ မျက်လုံးလေးတွေ ကို သူဖတ်မိတယ်။ ဝန်ကြီးကို ချက်ချင်းတင်ပြတယ်။ သူ့မိတ်ဆွေတွေကို စုစည်းတယ်။ လုပ်ဖော်ကိုင်ဖက် တပည့်တွေကို စည်းရုံးတယ်။

အင်းလျား စင်တာက ကျွန်တော်တို့ YGH က လူနာ (၃၀) ကျော်ကို ချက်ချင်း လက်ခံပေးတယ်။ သမားတော်ကြီး ပါမောက္ခဒေါက်တာရဲမြင့် နှင့်အဖွဲ့ တာဝန်ယူပေးနေတယ်။ တော်ရုံတန်ရုံ အောက်စီဂျင်ရှုနေရတဲ့ ကိုဗစ်လူနာ တွေကို ဝိုင်းကူထိန်းသိမ်းပေးခဲ့တယ်။ ဆေးရုံအုပ်ကြီး မမဒေါက်တာမြင့်မြင့်အေး ပေါင်းစပ်စီစဉ်ပေးတဲ့ လသာ(၁) ကိုဗစ်စင်တာကို ဆေးပညာနှီးနွယ်ဌာနများက ဝိုင်းကူပေးတယ်။ ကုတင် ၄ဝကျော် ထွက်လာတယ်။ အရိုးအကြောပြန်လည်သန်စွမ်းရေးဌာနကြီးရဲ့ အောက်ထပ်ကို လူနာတွေထားဖို့ တာဝန်ခံ ပါမောက္ခ ဆရာဝန်ကြီးက သဘောတူခဲ့တယ်။ မနက်ဖြန် အဲဒီဌာနကိုပြင်ပါပြီ။ ကျေးဇူးပါ မမကြီးခင်ဗျား။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရောက်လာတယ်။ ဆေးရုံကြီးပေါ်တီကိုရဲ့တစ်ဖက် တစ်ချက်မှာ လူနာ (၆၀) ကျော်ဆန့်မယ့် ယာယီ ကိုဗစ်ဆောင် (အိမ်သာ ရေချိုးခန်းပါ) ကိုတည်ဆောက်ပေးဖို့ ဆရာကြီးပါချုပ် နှင့် ဆရာကြီးညွှန်ချုပ်က စီမံပေးနေတယ်။ (၁၅)ရက် ရက်(၂၀) အတွင်း အပြီးတည်ဆောက်ဖို့ ပြောနေကြတယ်။ ပြည့်ကျပ်နေတဲ့ အရေးပေါ်ခန်းထဲက လူနာတွေကို ရှင်းထုတ်ဖို့ မဟာဗျူဟာ အသေးစိတ်ဗျူဟာတွေချတယ် ကျွန်တော့်ကို ညွှန်ကြားတယ်။ ကျနေတဲ့ စိတ်ဓါတ်ပြန်ခေါင်းထောင်လာတယ်။ အောက်စီဂျင်လိုတာလား လောလောဆယ် ပိုက်လိုင်းတွေ က တစ်မိနစ် ၁၅ လီတာနှုန်းမပေးနိုင်ခင် ၅လီတာ သို့မဟုတ် ၁၀ လီတာ တွေ နှင့်ပေးကွာဆိုပြီး ချက်ချင်းစီစဉ်တာ အလုံး (၁၀၀) ချက်ချင်းလာပို့မယ်ဆိုတဲ့ ကတိပေးတဲ့သူရှိလာတယ်။ ကိုယ့်ထက် စိတ်မြန်ပြီး စွမ်းဆောင်နိုင်တဲ့ အထက်လူကြီးအောက်မှာ တာဝန်ထမ်းဆောင်ရတာ ပျော်လာပြန်ပါတယ်။

ဖေကြီးလို ့ခေါ်တဲ့ ဆရာကြီး ဦးညွန့်သိန်း နေကောင်းလာပါပြီ။ ဖေက သားနားလာ အတူ အလုပ်လုပ်ချင်တာကွ ဒါပေမယ့် ဖေ ရှိတယ်ဆိုပြီး သူ့အဆက်အသွယ်တွေ အားလုံးကို ကျွန်တော့်ဆီချိတ်ပေးတယ်။ ညီမငယ် သရုပ်ဆောင် ချစ်သုဝေတို့ ခေတ်သစ် ဖောင်ဒေးရှင်းက ဆက်သွယ်လာတယ်။ တနင်္လာနေ့ကစလို့ ကျွန်တော့် ဝန်ထမ်းတွေ ပင်ပန်းနေလို့ အားနည်းနေတဲ့အရေးပေါ်ဆောင်သန့်ရှင်းရေးကို ခေတ်သစ်က စီစဉ်ပေးတဲ့ စပါယ်ရှယ် သန့်ရှင်းရေး ဝန်ထမ်း ၃ဉီး မနက် ၈နာရီ ညနေ ၅နာရီ လာထမ်းဆောင်ပေးမယ်။ စနေတနင်္ဂနွေတော့ နားကြမယ်။ လိုတာရှိ အကုန်ပြောဆိုတဲ့ ညီမ ဒေါက်တာချစ်သုဝေ ကို ကျေးဇူးပါ။

ဒုက္ခရောက်တိုင်း ကူနေကြ သူငယ်ချင်း တစ်ဉီးက Liquid Oxygen Plant တစ်ခု လှူပေး ဖို့ ဆက်သွယ်လာတယ်။ မနေ့က လသာ(၁) မှာ ရေငွေ့မှုတ် ပန်ကာလိုချင်တယ်ဆိုလို့ သွားဝယ်တာ မိတ်ဆွေ အကိုကြီး က ပိုက်ဆံရှင်းပေးထားနှင့်တယ်။ အမြဲလိုတာဖြည့်စည်းပေးတာ ကျေးဇူးပါ အကို ။ သားကြိုက်တာသုံးဆိုပြီး ငွေလာပို့တဲ့ မိတ်ဆွေတွေ ငွေလွှဲပေးတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်။ ယခင်တည်းက စဉ်ဆက်မပြတ် ပံ့ပိုးလာတဲ့ မိတ်ဆွေဟောင်းတွေဆီကသာ အလှူခံ စာရင်းသွင်းပြီး လိုတဲ့နေရာသုံးဖြစ်တယ်။ လက်ထောက်ဆရာဝန်လေးတွေ ညဘက် စာရင်းသွင်းရင် နားနေစရာနေရာမရှိလို့ဆိုတော့ စေတနာ့ဝန်ထမ်း သားတွေ နေတဲ့ အဆောင်မှာ အိပ်ရာလေးတွေ အိပ်ရာခင်း စောင် ပန်ကာ စီစဉ်ပေးနိုင်ခဲ့တယ်။ စေတနာ့ဝန်ထမ်းသားတွေ ပင်ပန်းလွန်းလို့တစ်ရက်နားပါရစေ ဆိုတဲ့အချိန် ထမင်းပို့မပေးနိုင်လို့ နားတဲ့ရက်စားရန် ပိုက်ဆံ ကို ယုံကြည်စွာ လှူဒါန်းလာသူများ ငွေထဲက တစ်ယောက် ငါးထောင်စီ တစ်ရက်စာ ပေးနိုင်ခဲ့တယ်။

နေ့စဉ် တန်ဖိုးသင့်က အမတွေ ညီညီမတွေက အရိပ်တကြည့်ကြည့် လာကြည့်ပေးကြတယ်။ ပင်ပန်းနေတဲ့ သမားတော်တွေ ဆရာဝန်တွေ ဝန်ထမ်းတွေ နှင့်စကား လိုက်ပြောဖြစ်အောင် ကြိုးစားနေပါတယ်။ ကိုယ်တိုင်လည်း ပင်ပန်းနေပါတယ်။ ချော်လဲလိုက်သေးတယ်။ ညှို့သူကြီး နည်းနည်းပေါက်သွားတယ်။ လျှောက်ပါများရင်ကိုက်တယ် ဒါပေမယ့် ကြိုးစားပြီး တိုက်နေပါတယ်။ ယဉ်လေးကိုလည်း မှာထားပါတယ်။ ရောဂါမကူးရအောင် နေထိုင်ရင်း ပေးအပ်တဲ့တာဝန်ကျေတာထက် လူ့အသက်တွေ များများကယ်နိုင်အောင်ကြိုးစားခဲ့ပါမယ်။ တကယ်လို့ ကူးခဲ့ရင်လည်း မသေလောက်ပါဘူး။ ဝိုင်းတော့ကုပေးကြမှာပါ။ မပြောကောင်းမဆိုကောင်း တစ်ခုခုဖြစ်ခဲ့ရင်တောင် သားလေးအတွက် ဆက်ရှိနေပေးပါ။ ကျွန်တော့်နားမလာပါနဲ့ ဟင်းတောင်ချက်မပို့နဲ့ လို့ ပြောထားပါတယ်။

မိတ်ဆွေများ လည်း ခုရက်ပိုင်း အဆက်အသွယ် မလုပ်ဖြစ်ရင် စိတ် မရှိပါနဲ့ အကြောင်းမပြန်နိုင်ရင် စိတ်မတို ပါနဲ့ ကျွန်တော် မအားလို့ပါ (လူမှု မီဒီယာမှာ တင်ပြရတာလည်း ခပ်လန့်လန့်ပါ− မင်းအလုပ်မအားဘူး ပြောတာ ငါတို့အလုပ် အားနေတယ် ဆိုတာလားလို့ ကပ်သီးကပ်သတ် တွေး ဖတ် မဖြစ်ကြပါနဲ့ အားလုံး အလုပ်များပါတယ် အားလုံး ကျွန်တော့်ထက် မွန်မြတ်ကြပါတယ် ကြောက်ပါတယ်။ အထအနတေ်ွ) ဆရာကြီး ဝန်ကြီးကလည်း အားပေးတယ်။ ညွှန်ချုပ်ကြီးကိုယ်တိုင် ဆေးရုံအုပ်ကြီးကို အားဖြည့်ပေးတယ်။ ပါချုပ် ဆရာကြီးဒေါက်တာဇော်ဝေစိုးကိုယ်တိုင် ကျွန်တော့်နားလာ ကြီ:ကြပ်ပေးတယ်။ လိုတာပြော အကုန်ဖြည့်စည်းပေးတယ်။ ကျွန်တော်တို့ နိုင်မှာပါ။ ကျွန်တော်တို့ကျော်လွှားနိုင်မှာပါ။ ကျွန်တော်တို့ အသက်တွေကို ကယ်နိုင်မှာပါ။ ကျွန်တော်တို့ ကြိုးစားနေပါတယ်… ကျွန်တော်ကြိုးစားနေပါတယ်…..

Nanda Win

About the author

Ms Cele

Leave a Comment