Celebrity


Written by Ms Cele





Credit:Cele Zone
Source:Moe Yu San

မိသားစုစုံစုံလင်လင်နဲ့ ကမ်းခြေလေးမှာ ပျော်ပျော်ရွှင်ရွှင် သွားရောက် အပန်းဖြေနေတဲ့မိုးယုစံ

မင်းသမီးချောလေး မိုးယုစံကတော့ တစ်ချိန်က ရုပ်ရှင်ဇာတ်ကားကြီး ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ကာ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို အချိန်အပြည့်အဝ ပေးနေတဲ့ သူမကတော့ အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေကိုသာ ရိုက်ကူးလျက်ရှိနေတာပဲဖြစ်ပါတယ်။

ချစ်ရတဲ့ခင်ပွန်းနဲ့ အတူ ကြည်နူးစရာကောင်းတဲ့ မိသားစု ဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက်အပြင် ဒုတိယသားရတနာလေးကိုပါ လွယ်ထားနေရပြီပဲ ဖြစ်ပါတယ်။ ခုဆိုရင် လရင့်နေပြီဖြစ်ပြီး သားသားလေးကို ဖေဖော်ဝါရီလထဲမှာ မွေးဖွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အခုမှာတော့ ဒုတိယရင်သွေးလေးကို မမွေးဖွားခင် မိသားစုစုံစုံလင်လင်နဲ့ ကမ်းခြေလေးမှာ ပျော်ပျော်ရွှင်ရွှင် သွားရောက် အပန်းဖြေနေတာလည်း ဖြစ်ပါတယ်။ မိသားစု ပုံလေးတွေကြည့်ပြီး အရမ်းကြည်နူးအားကျစရာ ကောင်းလွန်းလို့ ကိုယ်ပါအပျော်တွေကူးစက် မိတာအမှန်ပါပဲနော်။ပရိသတ်ကြီးလည်း မိုးယုတို့ရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် ပြန်လည်မျှဝေပေး လိုက်ပါတယ်။

Credit:Cele Zone
Source:Moe Yu San

About the author

Ms Cele

Leave a Comment