Celebrity


Written by Ms Cele





Credit:Cele Gabar

မိသားစုလိုက် ပျော်ပျော် ရွှင်ရွှင် Staycation သွားခဲ့တဲ့ စန္ဒီမြင့်လွင် တို့ မိသားစု

အဆိုတော် သရုပ်ဆောင် စန္ဒီမြင့်လွင် ကတော့ အောင်မြင်တဲ့ Female Rapper တစ်ယောက်ဖြစ်ပြီး ချစ်စရာ သမီးလေးနဲ့အတူ ကြည်နူး အားကျစရာ မိသားစုဘဝလေး ကိုလည်း ပိုင်ဆိုင်ထား တဲ့သူပါ ။ Treasure လေးလို့ ချစ်စနိုးခေါ်ကြတဲ့ သမီးလေး ခင်လင်းထင် ကတော့မိသားစုရဲ့ အချစ်တွေကို ရရှိထား သလို ပရိသတ်တွေ အသည်းယားလွန်းလို့ အရမ်းချစ် နေကြတာပါ ။

Treasure လေးရဲ့ တဖြည်းဖြည်း အရွယ်ရောက် လာပုံတွေနဲ့ ချစ်စဖွယ် လှုပ်ရှားမှုလေး တွေကို မေမေဒီးဒီက လူမှုကွန်ရက် စာမျက်နှာထက် ကနေ အမြဲ မျှဝေပေးလေ့ ရှိပါတယ် ။ လတ်တလော မှာတော့ ပီးခဲ့တဲ့တစ်ပါတ် staycation သွားတုန်းက ပုံလေးတွေ အကုန်တင်ပေးလိုက်ပါပြီ။ ယူတို့အသည်း ပုံတွေ အများကြီးပါတယ် အောက်ဆုံးအထိ ကြည့်ပေးနော် ဆိုတဲ့စာသားလေး နဲ့အတူ မိသားစု စုံစုံလင်လင်နဲ့ ပျော်ရွှင်နေတဲ့ Treasure လေး ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာ ခဲ့ပါတယ် ။

ဒီးဒီ ကတော့ ချစ်ရတဲ့ ခင်ပွန်း ၊ သမီးလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အတွက် ပရိသတ် တွေက သူမအစား ဝမ်းသာနေကြသလို သူမတို့ မိသားစုပုံလေး တွေကို အရမ်းကို ချစ်ကြောင်း မှတ်ချက်တွေရေးသား ထားကြပါတယ် ။ Treasure လေး ရဲ့ ချစ်ပရိသတ်ကြီး အတွက်လည်း ပုံလေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment