Celebrity

မိသားစုအေပၚ အနစ္နာခံ ျဖည့္ဆည္းေပးၿပီး အိမ္ေထာင္ရွင္မ ပီသတဲ့ ခ်စ္ဇနီး အတြက္ ခ်စ္စကားေတြနဲ့ ေမြးေန့ ဆုေတာင္း လာတဲ့ ခင္လိႈင္

Written by Ms Cele

မိသားစုအေပၚ အနစ္နာခံ ျဖည့္ဆည္းေပးၿပီး အိမ္ေထာင္ရွင္မ ပီသတဲ့ ခ်စ္ဇနီး အတြက္ ခ်စ္စကားေတြနဲ့ ေမြးေန့ ဆုေတာင္း လာတဲ့ ခင္လိႈင္

ျပည္သူခ်စ္ အနုပညာရွင္ တစ္ေယာက္ျဖစ္တဲ့ ခင္လိႈင္ကေတာ့ အနုပညာ ေလာကမွာ နွစ္ေပါင္းသံုးဆယ္ နီးပါးေအာင္ျမင္မႈ ရရိွေနေပမယ့္ အကယ္ဒမီဆုၾကီးနဲ့ အၾကိမ္ၾကိမ္လြဲေခ်ာ္ေနဆဲ ျဖစ္ပါတယ္။ အကယ္ဒမီ ဆိုတဲ့ ဆုတံဆိပ္ၾကီးနဲ့ ေဝးကြာေနတဲ့ ခင္လိႈင္က တစ္နုိင္ငံလံုးက ပရိသတ္ေတြ အားေပးမႈကို ရရိွထားသူ တစ္ေယာက္ျဖစ္သလို ခ်စ္စရာေကာင္းတဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒီကေန့ ဒီဇင္ဘာလ (၁၂) ရက္ေန့ ကေတာ့ ခင္လိႈင္ရဲ့ အသည္းတစ္ျခမ္း ခ်စ္ဇနီးမငယ္ရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ခင္လိႈင္ကေတာ့ ခ်စ္ဇနီးရဲ့ အနစ္နာခံ အိမ္ေထာင္ရွင္မ ပီသပံုေတြကို ေျပာျပရင္း အခုလိုပဲ ေမြးေန့ဆုေတာင္း စကားေျပာ လာပါတယ္။

“သားကိုသခင္…လင္ကိုဘုရား ကြၽန္ေတာ္ငယ္ထဲက ၾကားဘူးခဲ့တဲ့ စကားေလးပါ။ အဲ့ဒီစကားေလးရဲ႕အဓိပၸါယ္ကိုေတာ့ ကြၽန္ေတာ္အခု အခ်ိန္ ေရာက္မွေသေသခ်ာခ်ာ နားလည္လာခဲ့တာပါ။ ခုလိုနားလည္ လာခဲ့ရတာလဲ ကြၽန္ေတာ့္ရဲ႕ရႈ႕မၿငီးတဲ့ ❤️❤️❤️ခ်စ္ဇနီးေၾကာင့္ေပါ့❤️❤️❤️ ကြၽန္ေတာ္လိုအပ္ေနတာမွန္သမွ် သူအလိုလိုသိတယ္။ ကြၽန္ေတာ္ျဖစ္ခ်င္တဲ့အရာမွန္သမွ် သူလိုက္ေလွ်ာတယ္။ ကြၽန္ေတာ္ဆိုးေပေတ ခဲ့သမွ် သူသည္းခံၿပီးခ်စ္ခဲ့တယ္။ သားသမီးေတြ လိုအပ္တာ မွန္သမွ် သူျဖည့္ဆည္းခဲ့တယ္”

“သားသမီးေတြအတြက္ လိုအပ္လာၿပီ ဆိုရင္ သူအလြန္ျမတ္ႏိုး တန္ဖိုးထားတဲ့ သူရဲ႕လက္ဝတ္ရတာနာ ေတြကို ေရာင္းခ်ေပးၿပီးအၿပီဳး မပ်က္ေပ်ာ္ ေနတတ္တယ္။ ကြၽန္ေတာ္ပင္ပန္းသလိုသူလဲ ထပ္တူအပင္ပန္းခံၿပီး မိသားစုအတြက္ႀကိဳးစားေပးခဲ့တဲ့ ကြၽန္ေတာ္ခ်စ္ေသာ ကြၽန္ေတာ္တို႔ကိုခ်စ္ေသာ ❤️❤️❤️ မငယ္ေလး ..သို႔မဟုက္..မေငြသိမ္း ေမြးေန႔ရက္ျမတ္မဂၤလာမွစၿပီး ဘဝတစ္ေလွ်ာက္လုံး ငယ္ေလးခ်စ္တဲ့ မိသားစုႀကီးႏွင့္ မခြဲမခြါအတူတကြ သာယာေပ်ာ္႐ႊင္ႏိုင္ပါေစ မေငြသိမ္းေရ.. မွတ္ခ်က္…ေမြးေန႔လက္ေဆာင္ ကေတာ့ ငဗစ္အလြန္”ဆိုျပီး ေမြးေန့ဆုေတာင္းေပး လာပါတယ္။

ခင္လိႈင္ကေတာ့ “သားကုိသခင္ လင္ကိုဘုရား” ဆုိတဲ့စကားကို ခ်စ္ဇနီးမငယ္ ေၾကာင့္မွ သိခြင့္ရခဲ့တယ္ဆိုျပီး ၾကည္ၾကည္နူးနူး ေျပာလာတာပဲ ျဖစ္ပါတယ္။ ခင္လိႈင္တို့ မိသားစုေလး အခုလိုပဲ ထာဝရေပ်ာ္ရႊင္ျပီး သာယာေအးခ်မ္းတဲ့ ေန႔ရက္ေတြကို ပိုင္ဆိုင္နိုင္ပါေစလို့ ဆုေတာင္းေပး လုိက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို ႔ဆုေတာင္းေပး လိုက္ ပါတယ္။

Credit:Cele Connections

မိသားစုအပေါ် အနစ်နာခံ ဖြည့်ဆည်းပေးပြီး အိမ်ထောင်ရှင်မ ပီသတဲ့ ချစ်ဇနီး အတွက် ချစ်စကားတွေနဲ့ မွေးနေ့ ဆုတောင်း လာတဲ့ ခင်လှိုင်

ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ အနုပညာ လောကမှာ နှစ်ပေါင်းသုံးဆယ် နီးပါးအောင်မြင်မှု ရရှိနေပေမယ့် အကယ်ဒမီဆုကြီးနဲ့ အကြိမ်ကြိမ်လွဲချော်နေဆဲ ဖြစ်ပါတယ်။ အကယ်ဒမီ ဆိုတဲ့ ဆုတံဆိပ်ကြီးနဲ့ ဝေးကွာနေတဲ့ ခင်လှိုင်က တစ်နိုင်ငံလုံးက ပရိသတ်တွေ အားပေးမှုကို ရရှိထားသူ တစ်ယောက်ဖြစ်သလို ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ ကတော့ ခင်လှိုင်ရဲ့ အသည်းတစ်ခြမ်း ချစ်ဇနီးမငယ်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ခင်လှိုင်ကတော့ ချစ်ဇနီးရဲ့ အနစ်နာခံ အိမ်ထောင်ရှင်မ ပီသပုံတွေကို ပြောပြရင်း အခုလိုပဲ မွေးနေ့ဆုတောင်း စကားပြော လာပါတယ်။

“သားကိုသခင်…လင်ကိုဘုရား ကျွန်တော်ငယ်ထဲက ကြားဘူးခဲ့တဲ့ စကားလေးပါ။ အဲ့ဒီစကားလေးရဲ့အဓိပ္ပါယ်ကိုတော့ ကျွန်တော်အခု အချိန် ရောက်မှသေသေချာချာ နားလည်လာခဲ့တာပါ။ ခုလိုနားလည် လာခဲ့ရတာလဲ ကျွန်တော့်ရဲ့ရှု့မငြီးတဲ့ ❤️❤️❤️ချစ်ဇနီးကြောင့်ပေါ့❤️❤️❤️ ကျွန်တော်လိုအပ်နေတာမှန်သမျှ သူအလိုလိုသိတယ်။ ကျွန်တော်ဖြစ်ချင်တဲ့အရာမှန်သမျှ သူလိုက်လျှောတယ်။ ကျွန်တော်ဆိုးပေတေ ခဲ့သမျှ သူသည်းခံပြီးချစ်ခဲ့တယ်။ သားသမီးတွေ လိုအပ်တာ မှန်သမျှ သူဖြည့်ဆည်းခဲ့တယ်”

“သားသမီးတွေအတွက် လိုအပ်လာပြီ ဆိုရင် သူအလွန်မြတ်နိုး တန်ဖိုးထားတဲ့ သူရဲ့လက်ဝတ်ရတာနာ တွေကို ရောင်းချပေးပြီးအပြီုး မပျက်ပျော် နေတတ်တယ်။ ကျွန်တော်ပင်ပန်းသလိုသူလဲ ထပ်တူအပင်ပန်းခံပြီး မိသားစုအတွက်ကြိုးစားပေးခဲ့တဲ့ ကျွန်တော်ချစ်သော ကျွန်တော်တို့ကိုချစ်သော ❤️❤️❤️ မငယ်လေး ..သို့မဟုက်..မငွေသိမ်း မွေးနေ့ရက်မြတ်မင်္ဂလာမှစပြီး ဘဝတစ်လျှောက်လုံး ငယ်လေးချစ်တဲ့ မိသားစုကြီးနှင့် မခွဲမခွါအတူတကွ သာယာပျော်ရွှင်နိုင်ပါစေ မငွေသိမ်းရေ.. မှတ်ချက်…မွေးနေ့လက်ဆောင် ကတော့ ငဗစ်အလွန်”ဆိုပြီး မွေးနေ့ဆုတောင်းပေး လာပါတယ်။

ခင်လှိုင်ကတော့ “သားကိုသခင် လင်ကိုဘုရား” ဆိုတဲ့စကားကို ချစ်ဇနီးမငယ် ကြောင့်မှ သိခွင့်ရခဲ့တယ်ဆိုပြီး ကြည်ကြည်နူးနူး ပြောလာတာပဲ ဖြစ်ပါတယ်။ ခင်လှိုင်တို့ မိသားစုလေး အခုလိုပဲ ထာဝရပျော်ရွှင်ပြီး သာယာအေးချမ်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို ့ဆုတောင်းပေး လိုက် ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment