Celebrity


Written by Ms Cele





Credit:Cele Zone
Source: May Khalar

မိသားစု စုံစုံလင်လင်နဲ့ ဗောဓိရိပ်ငြိမ် ဆရာတော်ကြီးထံ သွားရောက်လှူဒါန်းမှုပြုခဲ့တဲ့ မေခလာတို့မိသားစု

ပရိသတ်ကြီးရေ အနုပညာလောကမှာ ဆွဲဆောင်မှုရှိတဲ့ အမိုက်စား အသံပါဝါကို ပိုင်ဆိုင်ထားပြီး ဝါရင့်ဂီတ အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်မေခလာ ကတော့ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကို အမြဲဖျော်ဖြေတတ် သူလေးဖြစ်ပါတယ်။မေခလာကတော့ လက်ရှိမှာ သာယာအေးချမ်းတဲ့ မိသားစုလေးနဲ့အတူ ပျော်ရွှင်စွာနေထိုင်ပြီး အေးချမ်းစွာ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

နှစ်ကာလတွေကြာမြင့် နေပေမယ့်လည်း ခုချိန်ထိ သူမရဲ့ သီချင်းတွေက ပရိသတ်တွေကြား ရေပန်းစား လူကြိုက်များနေဆဲပါ ။ချိုသာတဲ့ အသံချိုချိုလေးတွေ အပြင် ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းကောင်းတွေ များစွာ ထွက်ရှိခဲ့တာဖြစ်ပြီး အောင်မြင်တဲ့ အနုပညာရှင်အဖြစ် ရပ်တည်လျှောက်လှမ်းနေတဲ့ မေခလာကတော့ ခုချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားတာ လည်းဖြစ်ပါတယ် ။

သူရဲ့လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေနဲ့အဆက်အသွယ် မပြတ်ရအောင် အမြဲဖော်ပြလေ့ရှိရာ အခုလည်း နှစ်သစ် အလှူလေးအဖြစ် ဗောဓိရိပ်ငြိမ် ဆရာတော်ကြီးထံမှာ မိသားစု စုံစုံညီညီအလှူအတန်းတွေသွားလုပ်ခဲ့တဲ့ အလှူမှတ်တမ်းပုံလေးတွေကို ဝေမျှလာတာဖြစ်ပါတယ်။ ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန်ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Credit:Cele Zone
Source: May Khalar

About the author

Ms Cele

Leave a Comment