Celebrity
Written by Ms Cele
Source: Chan Chan’s fb
မီးဖွားဖို့ အတွက် လိုလေသေး မရှိပြည့်စုံအာင် ဖြည့်ဆည်းပေးထားတဲ့ ယောက္ခမရဲ့ တာဝန်ကျေမှုကို ပြောပြ လာတဲ့ ချမ်းချမ်း
Melody World သီချင်းဆိုပြိုင်ပွဲကနေ နိုင်ငံကျော် အဆိုတော် တစ်ယောက်ဖြစ်လာခဲ့သူ ချမ်းချမ်း ကတော့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံကြည်ကြည်လေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိ ထားသူတစ်ယောက် ဖြစ်ပါတယ်။ ချမ်းချမ်းက အခုဆိုရင် သူမရဲ့ ဒုတိယမြောက် သမီးလေးကို မွေးဖွားဖို့ ခင်ပွန်းဖြစ်သူရဲ့ ဇာတိမြေ အီတလီနိုင်ငံကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချမ်းချမ်းက အီတလီကိုရောက်ရောက်ချင်းမှာပဲ အစစအရာရာ လိုလေသေးမရှိ ပြည့်စုံအောင် ဖြည့်ဆည်းပေးတဲ့ ယောက္ခမအကြောင်းကို အခုလိုပြောလာပါတယ်။
“အီတလီကိုချောမောစွာ ရောက်ပါပြီ။ နွေးထွေးစွာကြိုဆိုပေးလို့ကျေးဇူးတင်ပါတယ်။ တလမ်းလုးံtransit တေမှာပင်ပန်းသမျှ အိမ်ရောက်တော့အမောပြေရတယ်။ ယောက္ခမက ညအိပ်ဝတ်အနွေးထည်တွေ၊ အစားအသောက်တွေ ပြင်ဆင်ထားပေးတယ်။ ညသန်းခေါင်12 နာရီထစားတဲ့ကျွန်မအတွက် ချက်ချင်းလုပ်ပေးရှာတယ်။ ရာသီဥတု က ညဆို-4ဒီဂရီ၊ မနက်ဆို -1ဒီဂီရီ။ မနက်စာကို ၆နာရီမှာ အကုန်ထချက်ထားတယ်။ အာဟာရစုံအောင်.မုံလာဥနီ၊ ပဲစိမ်းလုံး၊ ကြက်ရင်ပုံကြော်၊ ကြက်ဥကြော်၊ Sunkist သီးဖျော်ရည်နဲ့အချိုပွဲ… ”
“မီးမီးလေးအတွက် မွေးဖွားပြီးရင် လိုအပ်မှာတွေကိုပြင်ဆင်ထားတာချစ်စရာ။ မမောနိုင်မပန်းနိုင် တတ်တင်းတွေထိုးထားရှာတယ်။ အကျႋ၊ ဖိနပ်၊ ခေါင်းစွပ်၊ ဦးထုပ် ချစ်စရာလေးတွေ။ ကဲ..ပရိတ်သတ်ကြီးရေ.. ကျွန်မချောချောမောမောရောက်ရှိပါတယ်။ ပို့သတဲ့မေတ္တာတွေကြောင့် အစစအရာရာအဆင်ပြေပါတယ်။ အားလုံးကိုချစ်တယ်…”ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
ချမ်းချမ်းကတော့ တိုင်းတစ်ပါးကို ရောက်ရောက်ချင်းမှာပဲ ခင်ပွန်းဖြစ်သူရဲ့ မိသားစုဝင်တွေ နွေးထွေးစွာ ကြိုဆိုမှုကြောင့် ပီတိဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ချမ်းချမ်းတစ်ယောက် သမီးငယ်လေးကို အောင်အောင်မြင်မြင်မွေးဖွားနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Chan Chan’s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment