Celebrity
Written by Ms Cele
Source : Hsu Myat Noe Oo
Emily (Cele Gabar)
မီးမီးခဲ မကွယ်လွန် ခင်က သူမ ဖေ့ဘုတ်စ် အကောင့် ကို လာအပ်ထားတဲ့ အကြောင်းပြောပြ လာ ခဲ့တဲ့ ဆုမြတ်နိုးဦး
ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆုမြတ်နိုးဦး ကတော အနုပညာလောကမှာ နေရာတစ်ခုကိုအခိုင်မာရပ်တည်ထားနိုင်ခဲ့ပြီး ပရိသတ်တွေသာမက အနုပညာမောင်နှမတွေက ချစ်ခင်ရတဲ့ မင်းသမီးတစ်ယောက်ပါ ။ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး သူမရဲ့ Page လေးကနေ တဆင့် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဖော်ပြပေးလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ ။
မကြာသေးမီ ကမှ ပရိသတ် အချစ်တော် တေးသံရှင် မီးမီးခဲ ကွယ်လွန်သွားတာ နဲ့ပတ်သက်ပြီး အနုပ ညာရှင်တွေ အားလုံး စိတ်မကောင်း ဖြစ်ခဲ့ရပါတယ် ။ မင်းသမီးချောလေး ဆုမြတ်နိုးဦး ကလည်း မီးမီးခဲ မကွယ်လွန်ခင်က သူမ Facebook account ကို လာ add ထားတာကို မသိလိုက်တဲ့ အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ရေးသားဖော်ပြခဲ့ပါတယ် ။ မမီးမီးခဲက မြတ်နိုးကို fb မှာလာ add အက်ထားတာကို လုံးဝမသိလိုက်ဘူး .. အခုသူ ဆုံးတော့ စိတ်မကောင်း လို့သူ့ acc ဝင်ကြည့်ရင်းနဲ့မှ သူ add ထားတာသိ လိုက်ရတယ်… အရမ်းကို စိတ်မကောင်းဖြစ်မိတယ် အစ်မရယ် လို့သူမရဲ့ ခံစားချက်လေးကို လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ရေးသားခဲ့တာပါ ။
ပရိသတ်တွေအားလုံး ကလည်း ဒီအဖြစ်အပျက်လေးအတွက် စိတ်မကောင်းဖြစ်နေကြပြီး မီးမီးခဲ ကောင်းရာမွန်ရာ ရောက်ဖို့ အတွက် ဆုမွန်ကောင်းတွေ ပေးခဲ့ကြပါတယ် ။ ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင် တွေ ချစ်ရတဲ့ မီးမီးခဲတစ်ယောက် ကောင်းရာ ဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆယ်လီကမာ ္ဘကလည်း ဆုမွန်ကောင်းတောင်းပေးလိုက် ပါတယ်နော် ။
Source : Hsu Myat Noe Oo
Emily (Cele Gabar)
About the author
Ms Cele
Leave a Comment