Celebrity

မီးရႈိ႕ဖ်က္ဆီးခံရလို႕ ျပာက်သြားတဲ့ ေပါက္ၿမိဳ႕နယ္က ကင္းမရြာေလးကို ကူညီလႉဒါန္းဖို႔အတြက္ တိုက္တြန္းလိုက္တဲ့ အိစိေကြး

Written by Ms Cele

မီးရႈိ႕ဖ်က္ဆီးခံရလို႕ ျပာက်သြားတဲ့ ေပါက္ၿမိဳ႕နယ္က ကင္းမရြာေလးကို ကူညီလႉဒါန္းဖို႔အတြက္ တိုက္တြန္းလိုက္တဲ့ အိစိေကြး

ကေလး သ႐ုပ္ေဆာင္ ဘဝကေန ယခုအခ်ိန္ထိ ပရိတ္သတ္ေတြရဲ့ ခ်စ္ခင္ အားေပးမႈကို ပိုင္ဆိုင္ထား နိုင္ခဲ့တဲ့ အိစိေကြးတစ္ေယာက္ ကေတာ့ ေအာင္ျမင္မႈေတြ ရယူဆဲျဖစ္ပါတယ္။လက္ရွိအခ်ိန္ကာလ တစ္ခုေၾကာင့္ အႏုပညာ လႈပ္ရွားမႈေတြကို ရပ္တန္႔ထားၿပီး ပရိတ္သတ္ေတြနဲ႔ အတူရပ္တည္ကာ မိမိတတ္စြမ္းသ၍ ကူညီလႉဒါန္းမႈေတြ ျပဳလုပ္လ်က္ရွိပါတယ္။ စစ္ေကာင္စီမွ အာဏာသိမ္းကာစကတည္းက ျပည္သူေတြနဲ႔အတူ အာဏာသိမ္းစစ္ေကာင္စီကို ဆန္႔က်င္ျပတဲ့ေနရာမွာလည္း တက္ႂကြစြာပါဝင္ လႈပ္ရွားခဲ့ပါတယ္။ ​စစ္ေဘးေရွာင္ျပည္သူေတြအတြက္လည္း ကိုယ္တိုင္သြားေရာက္ လႉဒါန္းမႈေတြျပဳလုပ္လ်က္ရွိပါတယ္။

ေစတနာရွင္ျပည္သူ တစ္ခ်ိဳ႕ လႉဒါန္းမႈေတြ ကိုလည္း စစ္ေဘးေရွာင္ျပည္သူေတြ ဆီကို ကိုယ္တိုင္သြား ေရာက္ၿပီး တစ္ဆင့္လႉဒါန္းမႈေတြကို ျပဳလုပ္ေပးလ်က္ရွိပါတယ္။ယေန႔မွာေတာ့ စစ္ေကာင္စီရဲ့ မီးရွို႔ဖ်က္ဆီးျခင္းခံ ခဲ့ရတဲ့ ေပါက္ၿမိဳ႕နယ္က ကင္းမရြာေလးကို ကူညီလႉဒါန္းဖို႔အတြက္ သူကိုယ္တိုင္ ဦးေဆာင္ကာ လႉဒါန္းၾကဖို႔ တိုက္တြန္းလာခဲ့ပါတယ္။“မေကြးတိုင္း ပခုကၠဴခရိုင္ ေပါက္ၿမိဳ႕နယ္ ကင္းမရြာ မွာ မီးေလာင္ခဲ့ၿပီး ရြာထဲ က်န္ရစ္ခဲ့တဲ့ သက္ႀကီးရြယ္အိုေတြနဲ႔ မသန္စြမ္းတဲ့ ျပည္သူေတြအကုန္ မီးထဲမွာ ေသဆုံးခဲ့ရပါတယ္ အိမ္ေၿခ ၂၅၀ ရွိၿပီး လူဦးေရ ၁၀၀၀ ေက်ာ္ရွိပါတယ္။

ကၽြန္ေတာ္တို႔ ကူရေအာင္ဗ်ာ ထုံးစံအတိုင္း တစ္ေယာက္ကို ၁၀၀၀ ၂၀၀၀ကစ ၿပီး လႉလို႔ရပါတယ္ 🙏🏻 လူတိုင္း အခက္အခဲျဖစ္ေနတာ သိေပမယ့္ ၁၀၀၀ ဆိုတဲ့အတိုင္းအတာက စုလိုက္ရင္ အက်ိဳးရွိတဲ့ အလႉျဖစ္မွာပါ “ဟူ၍ ေရးသားထားၿပီး သူ႔အေနနဲ႔ ရြာေလးမို႔လို႔ဆိုၿပီး မ်က္ႏွာမလႊဲၾကပါနဲ႔ဗ်ာ ဆိုၿပီးေတာင္းဆို လာခဲ့ပါတယ္။ေငြေတြကို K pay – 09965180220မွ တစ္ဆင့္ လႉဒါန္းနိုင္သလို Wave money – 09965180220မွလည္း လႉဒါန္းနိုင္တဲ့အေၾကာင္း သူရဲ့ လူမႈစာမ်က္ႏွာကေန အလႉခံတိုက္တြန္း ထားပါတယ္။

Credit:YaungChi
Source – Eisi Kway’s Facebook

မီးရှို့ဖျက်ဆီးခံရလို့ ပြာကျသွားတဲ့ ပေါက်မြို့နယ်က ကင်းမရွာလေးကို ကူညီလှူဒါန်းဖို့အတွက် တိုက်တွန်းလိုက်တဲ့ အိစိကွေး

ကလေး သရုပ်ဆောင် ဘဝကနေ ယခုအချိန်ထိ ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးမှုကို ပိုင်ဆိုင်ထား နိုင်ခဲ့တဲ့ အိစိကွေးတစ်ယောက် ကတော့ အောင်မြင်မှုတွေ ရယူဆဲဖြစ်ပါတယ်။လက်ရှိအချိန်ကာလ တစ်ခုကြောင့် အနုပညာ လှုပ်ရှားမှုတွေကို ရပ်တန့်ထားပြီး ပရိတ်သတ်တွေနဲ့ အတူရပ်တည်ကာ မိမိတတ်စွမ်းသ၍ ကူညီလှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ စစ်ကောင်စီမှ အာဏာသိမ်းကာစကတည်းက ပြည်သူတွေနဲ့အတူ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြတဲ့နေရာမှာလည်း တက်ကြွစွာပါဝင် လှုပ်ရှားခဲ့ပါတယ်။ ​စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း ကိုယ်တိုင်သွားရောက် လှူဒါန်းမှုတွေပြုလုပ်လျက်ရှိပါတယ်။

စေတနာရှင်ပြည်သူ တစ်ချို့ လှူဒါန်းမှုတွေ ကိုလည်း စစ်ဘေးရှောင်ပြည်သူတွေ ဆီကို ကိုယ်တိုင်သွား ရောက်ပြီး တစ်ဆင့်လှူဒါန်းမှုတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။ယနေ့မှာတော့ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးခြင်းခံ ခဲ့ရတဲ့ ပေါက်မြို့နယ်က ကင်းမရွာလေးကို ကူညီလှူဒါန်းဖို့အတွက် သူကိုယ်တိုင် ဦးဆောင်ကာ လှူဒါန်းကြဖို့ တိုက်တွန်းလာခဲ့ပါတယ်။“မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် ကင်းမရွာ မှာ မီးလောင်ခဲ့ပြီး ရွာထဲ ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတဲ့ ပြည်သူတွေအကုန် မီးထဲမှာ သေဆုံးခဲ့ရပါတယ် အိမ်ခြေ ၂၅၀ ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိပါတယ်။

ကျွန်တော်တို့ ကူရအောင်ဗျာ ထုံးစံအတိုင်း တစ်ယောက်ကို ၁၀၀၀ ၂ဝဝဝကစ ပြီး လှူလို့ရပါတယ် 🙏🏻 လူတိုင်း အခက်အခဲဖြစ်နေတာ သိပေမယ့် ၁၀၀၀ ဆိုတဲ့အတိုင်းအတာက စုလိုက်ရင် အကျိုးရှိတဲ့ အလှူဖြစ်မှာပါ “ဟူ၍ ရေးသားထားပြီး သူ့အနေနဲ့ ရွာလေးမို့လို့ဆိုပြီး မျက်နှာမလွှဲကြပါနဲ့ဗျာ ဆိုပြီးတောင်းဆို လာခဲ့ပါတယ်။ငွေတွေကို K pay – 09965180220မှ တစ်ဆင့် လှူဒါန်းနိုင်သလို Wave money – 09965180220မှလည်း လှူဒါန်းနိုင်တဲ့အကြောင်း သူရဲ့ လူမှုစာမျက်နှာကနေ အလှူခံတိုက်တွန်း ထားပါတယ်။

Credit:YaungChi
Source – Eisi Kway’s Facebook

About the author

Ms Cele

Leave a Comment