Celebrity

မီးဘေးသင့်ပြည်သူများအတွက် စိတ်မကောင်းစွာနဲ့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ မေတ္တာပို့သနေတဲ့ နှိုင်းယှဉ်မြင့်မိုရ်

Written by Ms Cele




Source: Nhying Shin’s Fb
TWWH(Pay Phu Hlwar)

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားပြီးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို များစွာရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်နော်။လတ်တလောမှာတော့ရန်ကုန်အပါအဝင် နေရာဒေသတော်တော်များများမှာ မီးလောင်မှုတွေ ဖြစ်ပွားနေပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ တော်တော်များများ ဆုံးရှုံးခဲ့ကြရပါတယ်။

ယခုလိုမီးလောင်မှုတွေဖြစ်ပွားနေပြီးပြည်သူတွေဒုက္ခရောက်နေကြတာကို အားလုံးကစိတ်မကောင်းဖြစ်နေကြတာပါနော်။နှိုင်းယှဉ်ကလည်း မီးလောင်မှုကြောင့် ဒုက္ခရောက်နေကြရတဲ့ပြည်သူတွေအတွက် ကြေကွဲဝမ်းနည်းနေရကြောင်းပြောပြထားပါတယ်။မီးဘေးသင့်ပြည်သူတွေရဲ့ အပူသောကတွေက ကြီးမားကြသလို သူမအနေနဲ့ မြန်မာပြည်သူပြည်သားတွေ အမြန်ဆုံး အေးချမ်းစေဖို့ ရင်ထဲကနေနက်နက်နဲနဲ မေတ္တာပို့ဆုတောင်းပေးနေတဲ့ အကြောင်းတွေကိုသူမရဲ့ဖေ့ဘွတ်စာမျက်နှာမှာရေးသားတင်ပြထားတာကိုတွေ့ရပါတယ်နော်။

နှိုင်းယှဉ်က”အားလည်းနာပါတယ် သနားလည်း သနားမိတယ်.. လေးလည်း လေးစားပါတယ် အိမ်ထဲမှာ နေနေရတာ‌​တောင် ပူလောင်နေကြတာ တွေးကြည့်တာနဲ့ ကိုယ်ချင်းစာပါတယ် မီးဘေးထဲ ပါသွားတဲ့ သူတွေရဲ့ အပူသောကတွေလည်း ကြီးကြမှာပါ🙏🙏🙏 ကျွန်မ ဘုရားဖင်ဖူးထောင်းထောင်မရှိခိုး မေတ္တာ မပို့တတ်ပေမယ့် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အမြန်အေးချမ်းကြပါစေလို့ နက်နက်နဲနဲ မေတ္တာပို့ ပေးပါတယ်🙏🙏🙏ပါးစပ်က ရွတ်တာမဟုတ်ပါဘူးရှင်🙏🙏🙏ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ မေတ္တာပို့ပေးပါတယ်ရှင်..”ဆိုပြီးရေးသားထားပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: Nhying Shin’s Fb
TWWH(Pay Phu Hlwar)

About the author

Ms Cele

Leave a Comment