Celebrity


Written by Ms Cele






Credit

မီးဘေးအန္တရာယ်ကာကွယ်ရန် ပြည်သူတွေကို မီးသတ်ဆေးဗူးတွေ လိုက်လံလှူဒါန်းပေးနေတဲ့ စမိုင်းလ်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုအပြည့်အဝ ရရှိထားတဲ့ မင်းသမီးချောလေး စမိုင်းလ်ကတော့ ပျော်ရွှင်စရာ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး လှူဒါန်းမှုတွေကိုလည်း အဆက်မပြတ်လုပ်နေတဲ့သူတွေဖြစ်ပါတယ်။

အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေ အရပ်ရပ်ကြောင့်စမိုင်းလ် တစ်ယောက်လည်း ပရိသတ်တွေကို တတ်နိုင်တဲ့ဘက်ကနေ အဆက်မပြတ်လှူဒါန်းနေတာကိုတွေ့ရပါတယ်။

အရှိန်အဟုန်ပြင်းပြင်းနဲ ့လုပ်ဆောင်နေကြတဲ့ လူထုလှုပ်ရှားမှုတွေဟာ ဆိုရင်တစ်ရက်ပြီးတစ်ရက် အားကောင်းလာနေတာဖြစ်ပြီး အနုပညာရှင်တွေ ကလည်း တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်အားဖြည့်နေကြတာဖြစ်ပါတယ်နော်။ စမိုင်းလ်ဟာလည်း လူထုပရိသတ်တွေကိုနေ့စဉ် ရက်ဆက်လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပြီး ဒီနေ့မှာဆိုရင်လည်း မီးသတ်ဆေးဗူးတွေကိုလှူဒါန်းပေး ခဲ့တာဖြစ်ပါတယ်

စမိုင်းလ်ဟာအခုလို လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကိုFacebook စာမျက်နှာမှာ မီးဘေးအန္တရာယ် ကာကွယ်ရန် မီးသတ်ဆေးဗူးတွေ အိမ်တွေကို လိုက်ပေးအားလုံး ဘေးအန္တရာယ်များမှ ကင်းကြပါစေဆိုပြီး ရေးသားကာတင်ပေးလာခဲ့ပါတယ်။ ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင် ပါတယ်နော်။

Credit

About the author

Ms Cele

Leave a Comment