Celebrity


Written by Ms Cele





Credit:Cele Zone

မုန့်စားရင်း အပီအပြင် အိပ်ငိုက်နေတဲ့ သားလေးကို ဗီဒီယိုလေးရိုက်ပြီး မှတ်တမ်းတင်ခဲ့တဲ့ မေမေမိုးယုစံ

မင်းသမီးချောလေး မိုးယုစံ ကတော့ သွယ်လျ လှပတဲ့ ခန္ဓာကိုယ်လေးနဲ့ မိန်းကလေးချင်း အားကျရလောက် အောင်ကို လှနိုင်လွန်းတဲ့ သူလေးပါပဲနော် ။ ခေါင်းအစခြေအဆုံး အပြစ်ပြောစရာ မရှိရလောက်အောင် အလှတရား တွေကို ပိုင်ဆိုင် ထားတဲ့ မိုးယုက ကလေးတစ်ယောက် ရရှိတာတောင် လှနေဆဲဖြစ်ပါတယ်။

အထူးသဖြင့် မိုးယုစံက ကလေးမေမေလို့ မထင်ရ လောက်အောင်ကို အရွယ်တင်နုပျို နေပြီး လက်ရှိမှာတော့ မိုးယုက ချစ်ရတဲ့ ခင်ပွန်းရယ် သားလေးနဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက် ထားတာ ဖြစ်ပါတယ် ။ မိုးယုအနေနဲ့ အခုလို Stay At Home ကာလ မှာတော့ မိသားစုလေးနဲ့ အတူ ပျော်စရာ အချိန်လေးတွေကို ဖြတ်သန်းနေတယ်လို့လည်း သိရပါတယ် ။

မိုးယုကသူမရဲ့ လှုပ်ရှားမှုပုံရိပ်လေး တွေအပြင်သားလေးရဲ့ ဗီဒီယိုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ ရှိရာ အခုလည်း မုန့်တွေလည်း စားချင် အိပ်လည်း အိပ်ငိုက်နေတဲ့ သားလေးကို သဘောတွေကျပြီး ဗီဒီယိုလေး ရိုက်ကာ ခုလိုဖော်ပြခဲ့တာတွေ့ရပါတယ် ။ ဗီဒီယိုလေးထဲမှာ Austin လေးတစ်ယောက် အိပ်ငိုက်နေတာ အရမ်းချစ်စရာကောင်း လွန်းတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Credit:Cele Zone

About the author

Ms Cele

Leave a Comment