Celebrity


Written by Ms Cele





Credit: YaungChi

မူဆယ် စည်ပင်ဝန်ထမ်းကောင်လေး တစ်ယောက်သဆုံး ခဲ့ရတဲ့အပေါ် စိတ်မကောင်းစွာနဲ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ အိစိကွေး

ကလေးသရုပ်ဆောင် ဘဝကနေ ယခုအချိန်ထိ ပရိတ်သတ် တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထား နိုင်ခဲ့တဲ့ အိစိကွေး တစ်ယောက် ကတော့ အောင်မြင်မှုတွေ ရယူဆဲဖြစ်ပါတယ်။လက်ရှိအချိန်ကာလ တစ်ခုကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်တန့်ထားပြီး ပရိတ်သတ်တွေနဲ့ အတူရပ်တည်ကာ မိမိတတ် စွမ်းသ၍ ကူညီလှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ အတွက်လည်း ကိုယ်တိုင်သွားရောက် လှူဒါန်းမှုတွေပြုလုပ်လျက်ရှိပါတယ်။ စေတနာရှင်ပြည်သူတစ်ချို့ လှူဒါန်းမှုတွေကိုလည်း စစ်ဘေးရှောင်ပြည်သူတွေ ဆီကို ကိုယ်တိုင်သွားရောက်ပြီး တစ်ဆင့် လှူဒါန်းမှုတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။ယနေ့ မေလ ၂၈ရက်နေ့မှာတော့ မူဆယ်မြို့မှာ ဗုံးဆပါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ဗုံးပေါက်ကွဲမှုကြောင့် စည်ပင်ဝန်ထမ်းကောင်လေးတစ်ယောက်ဟာ နေရာမှာတင်ပဲ စိတ်မကောင်းစွာ သေဆုံးခဲ့ရပါတယ်။

စည်ပင်ကောင်လေး သေဆုံးခဲ့ရတဲ့ အပေါ် စိတ်မကောင်းစွာနဲ့ပဲ အိစိကွေးတစ်ယေညက် ယခုလိုဆုမွန်ကောင်းတောင်း ပေးခဲ့ပါတယ်။“မူဆယ်စည်ပင်က ကောင်လေးရေ ကောင်းရာမွန်ရာရောက် ပါစေကွာ Rest In Peace 😞…..” ဆိုပြီး Facebookစာမျက်နှာမှာရေးသားလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit: YaungChi
Source : Ei Si Kway’s Facebook

About the author

Ms Cele

Leave a Comment