Celebrity

မေကြးျမိဳ့မွာ အစုရွယ္ယာ ပါဝင္ထားတဲ့ KTV အဖမ္းခံ ရတာနဲ့ ပက္သတ္ျပီး ပြင့္ပြင့္လင္းလင္း ေျပာျပလိုက္တဲ့ ေျပဇင္

Written by Ms Cele

မေကြးျမိဳ့မွာ အစုရွယ္ယာ ပါဝင္ထားတဲ့ KTV အဖမ္းခံ ရတာနဲ့ ပက္သတ္ျပီး ပြင့္ပြင့္လင္းလင္း ေျပာျပလိုက္တဲ့ ေျပဇင္

တစ္ကမၻာလံုး ျပင္းျပင္း ထန္ထန္ခံစားေနရတဲ့ Covid-19 ေရာဂါက ျပည္သူေတြရဲ့ အသက္ အိုးအိမ္ေတြကိုသာမက ေနာက္ဆက္တြဲ မွာလည္း စီးပြားေရး၊ စားဝတ္ေနေရးေတြကိုပါ ၾကပ္တည္း လာေစခဲ့တာပဲ ျဖစ္ပါတယ္။ လုပ္ငန္းရွင္ စီးပြားေရး သမားၾကီးေတြလည္း လုပ္ငန္းေတြ ရပ္ဆိုင္းထားျပီး ထိခိုက္မႈေတြရိွသလို ဝန္ထမ္းေတြနဲ့ သာမာန္လက္လုပ္လက္စားေတြကလည္း စားဝတ္ေနေရးအတြက္ အသက္အႏၱရာယ္ၾကားထဲကေန ရုန္းကန္လာေနၾကရတာပဲ ျဖစ္ပါတယ္။ အနုပညာရွင္ေတြအေနနဲ့လည္း သူတို့ရဲ့ အနုပညာအလုပ္ေတြကို ရပ္နားထားရတာမို့ အျခားစီးပြားေရးလုပ္ငန္းေတြကို တြဲဖက္လုပ္ကိုင္လာရသလို တခ်ိဳ့ဆို အလုပ္မရိွပဲ ထုိင္ေနရတာ ျဖစ္ပါတယ္။ သရုပ္ေဆာင္ ေျပဇင္ကလည္း အနုပညာအလုပ္ေတြရပ္နားထားခ်ိန္မွာ သူအစုရွယ္ယာပါဝင္ထားတဲ့ မေကြးျမိဳ့က KTV ေလး ခိုးဖြင့္လို့ အဖမ္းခံရတာနဲ့ ပက္သတ္ျပီး ေျပာလာပါတယ္။

“မေကြးမွာ ktv တစ္ခု ဒီကာလမွာ ခိုးဖြင့္လို႔ အဖမ္းခံရတယ္တဲ့။ အသိမိတ္ေဆြ တခ်ိဳ႕က ကြၽန္ေတာ့္ကိုစိတ္ပူၿပီး သတင္းလွမ္း ေမးၾကတယ္။ ကြၽန္ေတာ္က မေကြးက သူငယ္ခ်င္းတခ်ိဳ႕နဲ႔ အစု႐ွယ္ယာ ဘားနဲ႔ KTV ေလးဖြင့္ ထားတာကိုး… စိတ္ပူၾကမွာေပါ့။ အစု႐ွယ္ယာဆိုလို႔ အထင္လည္း သိပ္မႀကီးၾကနဲ႔ဦး။ ကြၽန္ေတာ္ပါဝင္တဲ့႐ွယ္ယာက အနည္းဆံုးပဲ။ေငြပိုေငြလ်ွံ႐ွိလို႔ ႐ွယ္ယာပါထားတာမဟုတ္ပါဘူး။ ၂၀၁၆ေလာက္က စီးေနတဲ့ကားေလးကိုေရာင္းၿပီး႐ွယ္ယာထည့္ထားတာပါ။ တကယ္ေတာ့ ဒါေတြက မေျပာျပသင့္တဲ့အေၾကာင္းတရားေတြပါ။ လူဆိုတာ ကိုယ့္အေၾကာင္းနဲ႔ကိုယ္ပဲေလ။”

“အက်ိဳးအျမတ္လိုခ်င္လို႔ ရင္းႏွီးျမဳပ္ႏွံတဲ့ သေဘာပါ။ ၂၀၁၇မွာ ဆိုင္စတင္ေဆာက္လုပ္ ျပင္ဆင္တာ ဟာ ၂၀၁၈ႏွစ္ကုန္မွ စဖြင့္ႏိုင္ခဲ့ပါတယ္။ ဆိုင္စဖြင့္တဲ့ အခ်ိန္မွာ ktv မဖြင့္ႏိုင္ေသး ပါဘူး။ Bar သာ စဖြင့္ရင္း ရလာတဲ့ေငြအနည္းငယ္နဲ႔ ျဖည္းျဖည္းခ်င္း ktvအခန္းေလးေတြ တိုးခ်ဲ့ခဲ့ရတယ္။ ၁ခန္းမွ ၂ခန္း ၂ခန္းမွ၈ခန္းထိ ျဖစ္ဖို႔ အခ်ိန္ တစ္ႏွစ္ေလာက္ရင္းႏွီးခဲ့ရပါတယ္။ ဒါေတြအားလံုးကို လက္႐ွိ႐ွယ္ယာအမ်ားဆံုးနဲ႔ ဦးစီးဦးေဆာင္လုပ္ေပးေနတဲ့ မေကြးကၿမိဳ႕ခံသူငယ္ခ်င္းအသိဆံုးပါ။ ဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕ bar&ktv ကို ၂၀၁၉ႏွစ္ကုန္မွ အလံုးစံု အေခ်ာသတ္ဖြင့္ႏိုင္ခဲ့ပါတယ္.”

“ကြၽန္ေတာ္တို႔ ktv ေလးက family ktv ပါ။ အက်ိဳးအျမတ္လိုခ်င္လို႔ စီးပြားေရး လုပ္တယ္ဆိုေပမယ့္ မသမာတဲ့နည္းလမ္း တစ္ခုမွ မသံုးခဲ့ပါဘူး။ အစိုးရကခ်မွတ္တဲ့ စည္းကမ္း စံခ်ိန္စံၫႊန္း ေတြနဲ႔ အညီ လိုင္စင္ကအစ အခြန္ပါမက်န္ လစ္ဟင္းမႈ မ႐ွိေအာင္ သူငယ္ခ်င္း ျဖစ္သူ မေကြးသားက စြမ္းစြမ္းတမံ ေဆာင္ရြက္ခဲ့တာပါ။ ဆိုင္ဖြင့္ဖြင့္ခ်င္း မွာ ေႂကြးလိုက္ရတဲ့ FOC ဆိုတာ မနည္းမေနာ။ FOC ဆိုတာကို နားလည္ ခဲ့လို႔ ကိုယ္ ကိုယ္တိုင္ FOC မျဖစ္ေအာင္ ေနထိုင္က်င့္ၾကံခဲ့ပါတယ္။”

“ဒီကာလဆိုးႀကီးမွာ ကိုယ့္ထက္ ဒုကၡေရာက္ေနသူေတြ ဒုနဲ႔ေဒးပါ။ ဒါကို ကိုယ့္ဒုကၡမွဒုကၡလို႔ သတ္မွတ္ရင္ မတရားရာက်လိမ့္မယ္။ ဘယ္သူ႔ကိုအျပစ္တင္ရမွန္းမသိတဲ့ ေရာဂါကပ္ဆိုးႀကီးကို ၾကံဳေနရတဲ့ အခ်ိန္မွာ ဘယ္သူ႔ကိုမွအျပစ္မတင္ခ်င္ဘူး။ ဒါ ကြၽန္ေတာ့္ရင္တြင္းစကားပါ။ ေန႔စဥ္ကူးစက္မႈမ်ားေနတာကို ေန႔စဥ္အျပင္ထြက္ေနတဲ့သူေတြကို အျပစ္တင္လို႔မရဘူး။ တေန႔လုပ္တေန႔စားေတြ စားဝတ္ေနေရးအရမ္းခက္ခဲေနၾကပါတယ္။ စည္းကမ္းခ်က္ေတြ ထုတ္ထားေပမယ့္ ဥပေဒနဲ႔အညီေဆာင္ရြက္ႏိုင္ျခင္းမ႐ွိတဲ့ အစိုးရကိုလည္းအျပစ္မတင္ရက္ပါဘူး။ အစိုးရကိုယ္တိုင္ ကိုင္တြယ္ဖို႔ခက္ခဲတဲ့အေျခအေနတစ္ခုပါ။”

“ထိုအေျခအေန အခ်ိန္ ကာလႀကီးမွာ လူတိုင္းဟာ စိတ္ဘဝင္ မက်ျဖစ္ၾကရပါတယ္။ ထြက္ေပါက္ကို fbေပၚ႐ွာၾကပံုရပါတယ္။ ကြၽန္ေတာ္ လည္း ထြက္ေပါက္တစ္ခုကို fbေပၚ႐ွာပါရေစ။ ကြၽန္ေတာ္တို႔ရဲ႕ bar&ktv ေလးဟာ ဆယ္တန္းစာေမးပြဲစေျဖတဲ့အခ်ိန္ထဲက စီမံခ်က္ဆိုတဲ့ အသံုးအႏႈန္းတစ္ခုေၾကာင့္ ခဏပိတ္ေပးရပါတယ္။ စာေမးပြဲေတြၿပီးေတာ့ ကိုဗစ္စတင္လာလို႔ ဆက္လက္ပိတ္ေပးရပါတယ္။ ကိုဗစ္ပထမလိႈင္းၿပီးေတာ့ ခဏျပန္ဖြင့္ခြင့္ရပါတယ္။ လုပ္ငန္းစတင္ျပန္လည္ပတ္ဖို႔ အားယူတုန္း ဒုတိယလိႈင္းေၾကာင့္ ျပန္ပိတ္ထားရတာ ဒီေန႔အထိပါပဲ။ ဘယ္ေတာ့ျပန္ဖြင့္ခြင့္ရမယ္ဆိုတာ မေသခ်ာေသးပါဘူး။ ပါဆယ္ေရာင္းတာ ဘယ္လိုမွမကိုက္ပါဘူး။ေကတီဗီကိုလည္း ဘယ္သူမွပါဆယ္မဆိုၾကပါဘူး။ ကြၽန္ေတာ္တို႔ ဆိုင္ကို ျဖဳတ္ လိုက္ဖို႔ဆိုတာ ကြၽန္ေတာ္တို႔အတြက္မျဖစ္ႏိုင္ပါဘူး။ ကိုယ့္ဒုကၡနဲ႔ကိုယ္ ၾကံ့ၾကံ့ခံၾကရပါတယ္။”

“လက္႐ွိအခ်ိန္မွာ ဆိုင္ကရတဲ့ ဝင္ေငြ လံုးဝမ႐ွိပါဘူး။ေ ႐ွ႕မွာ႐ွိခဲ့လား ဆိုေတာ့လည္း မ႐ွိခဲ့ပါဘူး။ ဝင္ေငြဆိုတာ အျမတ္ေငြကိုေျပာတာ မဟုတ္ပါ။ ရင္းထားတဲ့အရင္းႏွီးကိုေမ့ၿပီး ဆိုင္ကိုေကာင္းသထက္ေကာင္းေအာင္ ႀကိဳးစားလုပ္ကိုင္ေနၾကတဲ့အတြက္ အရင္းျပန္မရရင္ေတာင္ ဝင္လာတဲ့ဝင္ေငြကို ဆက္လက္ရင္းႏွီးေနၾကတာပါ။ ကြၽန္ေတာ္အလုပ္မ႐ွိတာ တစ္ႏွစ္႐ွိပါၿပီ။ ဆိုေတာ့က Ktv ေတြ Barေတြ စားေသာက္ဆိုင္ေတြ ခိုးဖြင့္ၾကတာကို အျပစ္မျမင္ၾကေစခ်င္ဘူး။ ခိုးဖြင့္လို႔ ဖမ္းခံရရင္လည္း ဝမ္းမသာၾကေစခ်င္ဘူး။ ခ်မွတ္ထားတဲ့ စည္းကမ္းေတြကို မလိုက္နာပဲ ခိုးလုပ္ေနၾကသူေတြဟာ ကိုယ့္ကိုကိုယ္အသိဆံုးပါ။အဆိုးဆံုးကေတာ့ ” ခိုး”ဆိုတဲ့အသံုးအႏႈန္းကို မသံုးၾကပါနဲ႔ဗ်ာ။”

“ကြၽန္ေတာ္တို႔ မခိုးၾကပါဘူး။ သူ႔စီးပြား ကိုယ့္စီးပြား ကိုယ္ခ်င္းစာေပးၾကပါ။ ေခတ္ေကာင္းေကာင္း မေကာင္းေကာင္း ႐ူးခ်င္ေယာင္ေဆာင္ ေနၾကသူေတြ အမ်ားႀကီးပါ။ အ႐ူးကြက္ေတြနင္းၿပီး “ခိုးဖြင့္တာအဖမ္းခံရတာေတာင္နဲေသး ဆိုင္ကိုရာသက္ပန္ပိတ္ျပစ္”၊ “လိုင္စင္သိမ္း ေထာင္ခ်”၊ “ဥပေဒမလိုက္နာတဲ့သူေတြ ၄ပဲ” တို႔ဘာတို႔ေတြ မေျပာၾကပါနဲ႔ဗ်ာ။ အဆိုးဆံုးက “က်န္းမာေရးဝန္ထမ္းေတြကို ကိုယ္ခ်င္းမစာဘူး”လို႔ မေျပာၾကပါနဲ႔ဗ်ာ။ မက်န္းမာခ်င္တဲ့လူ ကမၻာေပၚမွာတစ္ေယာက္မွမ႐ွိဘူး။ ကိုယ္ခ်င္းစာၾကပါ။ တရားဥပေဒ အမွန္အကန္စိုးမိုးတဲ့တေန႔ ကြၽန္ေတာ္ခ်မ္းသာရမယ္လို႔ အိမ္ကဘုရားမွာထိုင္ဆုေတာင္းရင္း ကြၽန္ေတာ့္ကိုစိတ္ပူေပးၾကသူအားလံုးကို ေက်းဇူးအထူးတင္႐ွိပါသည္။ ” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ေျပဇင္ ကေတာ့ မေကြးျမိဳ့မွာ သူအစုရွယ္ယာ ပါဝင္ထားတဲ့ KTV ေလး အဖမ္းခံရတာနဲ့ ပက္သတ္ျပီး ရင္တြင္းခံစားခ်က္ ကို ပြင့္ပြင့္လင္းလင္း ေျပာျပလာ တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

မကွေးမြို့မှာ အစုရှယ်ယာ ပါဝင်ထားတဲ့ KTV အဖမ်းခံ ရတာနဲ့ ပက်သတ်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တဲ့ ပြေဇင်

တစ်ကမ္ဘာလုံး ပြင်းပြင်း ထန်ထန်ခံစားနေရတဲ့ Covid-19 ရောဂါက ပြည်သူတွေရဲ့ အသက် အိုးအိမ်တွေကိုသာမက နောက်ဆက်တွဲ မှာလည်း စီးပွားရေး၊ စားဝတ်နေရေးတွေကိုပါ ကြပ်တည်း လာစေခဲ့တာပဲ ဖြစ်ပါတယ်။ လုပ်ငန်းရှင် စီးပွားရေး သမားကြီးတွေလည်း လုပ်ငန်းတွေ ရပ်ဆိုင်းထားပြီး ထိခိုက်မှုတွေရှိသလို ဝန်ထမ်းတွေနဲ့ သာမာန်လက်လုပ်လက်စားတွေကလည်း စားဝတ်နေရေးအတွက် အသက်အန္တရာယ်ကြားထဲကနေ ရုန်းကန်လာနေကြရတာပဲ ဖြစ်ပါတယ်။ အနုပညာရှင်တွေအနေနဲ့လည်း သူတို့ရဲ့ အနုပညာအလုပ်တွေကို ရပ်နားထားရတာမို့ အခြားစီးပွားရေးလုပ်ငန်းတွေကို တွဲဖက်လုပ်ကိုင်လာရသလို တချို့ဆို အလုပ်မရှိပဲ ထိုင်နေရတာ ဖြစ်ပါတယ်။ သရုပ်ဆောင် ပြေဇင်ကလည်း အနုပညာအလုပ်တွေရပ်နားထားချိန်မှာ သူအစုရှယ်ယာပါဝင်ထားတဲ့ မကွေးမြို့က KTV လေး ခိုးဖွင့်လို့ အဖမ်းခံရတာနဲ့ ပက်သတ်ပြီး ပြောလာပါတယ်။

“မကွေးမှာ ktv တစ်ခု ဒီကာလမှာ ခိုးဖွင့်လို့ အဖမ်းခံရတယ်တဲ့။ အသိမိတ်ဆွေ တချို့က ကျွန်တော့်ကိုစိတ်ပူပြီး သတင်းလှမ်း မေးကြတယ်။ ကျွန်တော်က မကွေးက သူငယ်ချင်းတချို့နဲ့ အစုရှယ်ယာ ဘားနဲ့ KTV လေးဖွင့် ထားတာကိုး… စိတ်ပူကြမှာပေါ့။ အစုရှယ်ယာဆိုလို့ အထင်လည်း သိပ်မကြီးကြနဲ့ဦး။ ကျွန်တော်ပါဝင်တဲ့ရှယ်ယာက အနည်းဆုံးပဲ။ငွေပိုငွေလျှံရှိလို့ ရှယ်ယာပါထားတာမဟုတ်ပါဘူး။ ၂၀၁၆လောက်က စီးနေတဲ့ကားလေးကိုရောင်းပြီးရှယ်ယာထည့်ထားတာပါ။ တကယ်တော့ ဒါတွေက မပြောပြသင့်တဲ့အကြောင်းတရားတွေပါ။ လူဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ်ပဲလေ။”

“အကျိုးအမြတ်လိုချင်လို့ ရင်းနှီးမြုပ်နှံတဲ့ သဘောပါ။ ၂၀၁ရမှာ ဆိုင်စတင်ဆောက်လုပ် ပြင်ဆင်တာ ဟာ ၂၀၁၈နှစ်ကုန်မှ စဖွင့်နိုင်ခဲ့ပါတယ်။ ဆိုင်စဖွင့်တဲ့ အချိန်မှာ ktv မဖွင့်နိုင်သေး ပါဘူး။ Bar သာ စဖွင့်ရင်း ရလာတဲ့ငွေအနည်းငယ်နဲ့ ဖြည်းဖြည်းချင်း ktvအခန်းလေးတွေ တိုးချဲ့ခဲ့ရတယ်။ ၁ခန်းမှ ၂ခန်း ၂ခန်းမှ၈ခန်းထိ ဖြစ်ဖို့ အချိန် တစ်နှစ်လောက်ရင်းနှီးခဲ့ရပါတယ်။ ဒါတွေအားလုံးကို လက်ရှိရှယ်ယာအများဆုံးနဲ့ ဦးစီးဦးဆောင်လုပ်ပေးနေတဲ့ မကွေးကမြို့ခံသူငယ်ချင်းအသိဆုံးပါ။ ဆိုတော့ ကျွန်တော်တို့ရဲ့ bar&ktv ကို ၂၀၁၉နှစ်ကုန်မှ အလုံးစုံ အချောသတ်ဖွင့်နိုင်ခဲ့ပါတယ်.”

“ကျွန်တော်တို့ ktv လေးက family ktv ပါ။ အကျိုးအမြတ်လိုချင်လို့ စီးပွားရေး လုပ်တယ်ဆိုပေမယ့် မသမာတဲ့နည်းလမ်း တစ်ခုမှ မသုံးခဲ့ပါဘူး။ အစိုးရကချမှတ်တဲ့ စည်းကမ်း စံချိန်စံညွှန်း တွေနဲ့ အညီ လိုင်စင်ကအစ အခွန်ပါမကျန် လစ်ဟင်းမှု မရှိအောင် သူငယ်ချင်း ဖြစ်သူ မကွေးသားက စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာပါ။ ဆိုင်ဖွင့်ဖွင့်ချင်း မှာ ကြွေးလိုက်ရတဲ့ FOC ဆိုတာ မနည်းမနော။ FOC ဆိုတာကို နားလည် ခဲ့လို့ ကိုယ် ကိုယ်တိုင် FOC မဖြစ်အောင် နေထိုင်ကျင့်ကြံခဲ့ပါတယ်။”

“ဒီကာလဆိုးကြီးမှာ ကိုယ့်ထက် ဒုက္ခရောက်နေသူတွေ ဒုနဲ့ဒေးပါ။ ဒါကို ကိုယ့်ဒုက္ခမှဒုက္ခလို့ သတ်မှတ်ရင် မတရားရာကျလိမ့်မယ်။ ဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိတဲ့ ရောဂါကပ်ဆိုးကြီးကို ကြုံနေရတဲ့ အချိန်မှာ ဘယ်သူ့ကိုမှအပြစ်မတင်ချင်ဘူး။ ဒါ ကျွန်တော့်ရင်တွင်းစကားပါ။ နေ့စဉ်ကူးစက်မှုများနေတာကို နေ့စဉ်အပြင်ထွက်နေတဲ့သူတွေကို အပြစ်တင်လို့မရဘူး။ တနေ့လုပ်တနေ့စားတွေ စားဝတ်နေရေးအရမ်းခက်ခဲနေကြပါတယ်။ စည်းကမ်းချက်တွေ ထုတ်ထားပေမယ့် ဥပဒေနဲ့အညီဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အစိုးရကိုလည်းအပြစ်မတင်ရက်ပါဘူး။ အစိုးရကိုယ်တိုင် ကိုင်တွယ်ဖို့ခက်ခဲတဲ့အခြေအနေတစ်ခုပါ။”

“ထိုအခြေအနေ အချိန် ကာလကြီးမှာ လူတိုင်းဟာ စိတ်ဘဝင် မကျဖြစ်ကြရပါတယ်။ ထွက်ပေါက်ကို fbပေါ်ရှာကြပုံရပါတယ်။ ကျွန်တော် လည်း ထွက်ပေါက်တစ်ခုကို fbပေါ်ရှာပါရစေ။ ကျွန်တော်တို့ရဲ့ bar&ktv လေးဟာ ဆယ်တန်းစာမေးပွဲစဖြေတဲ့အချိန်ထဲက စီမံချက်ဆိုတဲ့ အသုံးအနှုန်းတစ်ခုကြောင့် ခဏပိတ်ပေးရပါတယ်။ စာမေးပွဲတွေပြီးတော့ ကိုဗစ်စတင်လာလို့ ဆက်လက်ပိတ်ပေးရပါတယ်။ ကိုဗစ်ပထမလှိုင်းပြီးတော့ ခဏပြန်ဖွင့်ခွင့်ရပါတယ်။ လုပ်ငန်းစတင်ပြန်လည်ပတ်ဖို့ အားယူတုန်း ဒုတိယလှိုင်းကြောင့် ပြန်ပိတ်ထားရတာ ဒီနေ့အထိပါပဲ။ ဘယ်တော့ပြန်ဖွင့်ခွင့်ရမယ်ဆိုတာ မသေချာသေးပါဘူး။ ပါဆယ်ရောင်းတာ ဘယ်လိုမှမကိုက်ပါဘူး။ကေတီဗီကိုလည်း ဘယ်သူမှပါဆယ်မဆိုကြပါဘူး။ ကျွန်တော်တို့ ဆိုင်ကို ဖြုတ် လိုက်ဖို့ဆိုတာ ကျွန်တော်တို့အတွက်မဖြစ်နိုင်ပါဘူး။ ကိုယ့်ဒုက္ခနဲ့ကိုယ် ကြံ့ကြံ့ခံကြရပါတယ်။”

“လက်ရှိအချိန်မှာ ဆိုင်ကရတဲ့ ဝင်ငွေ လုံးဝမရှိပါဘူး။ေ ရှ့မှာရှိခဲ့လား ဆိုတော့လည်း မရှိခဲ့ပါဘူး။ ဝင်ငွေဆိုတာ အမြတ်ငွေကိုပြောတာ မဟုတ်ပါ။ ရင်းထားတဲ့အရင်းနှီးကိုမေ့ပြီး ဆိုင်ကိုကောင်းသထက်ကောင်းအောင် ကြိုးစားလုပ်ကိုင်နေကြတဲ့အတွက် အရင်းပြန်မရရင်တောင် ဝင်လာတဲ့ဝင်ငွေကို ဆက်လက်ရင်းနှီးနေကြတာပါ။ ကျွန်တော်အလုပ်မရှိတာ တစ်နှစ်ရှိပါပြီ။ ဆိုတော့က Ktv တွေ Barတွေ စားသောက်ဆိုင်တွေ ခိုးဖွင့်ကြတာကို အပြစ်မမြင်ကြစေချင်ဘူး။ ခိုးဖွင့်လို့ ဖမ်းခံရရင်လည်း ဝမ်းမသာကြစေချင်ဘူး။ ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာပဲ ခိုးလုပ်နေကြသူတွေဟာ ကိုယ့်ကိုကိုယ်အသိဆုံးပါ။အဆိုးဆုံးကတော့ ” ခိုး”ဆိုတဲ့အသုံးအနှုန်းကို မသုံးကြပါနဲ့ဗျာ။”

“ကျွန်တော်တို့ မခိုးကြပါဘူး။ သူ့စီးပွား ကိုယ့်စီးပွား ကိုယ်ချင်းစာပေးကြပါ။ ခေတ်ကောင်းကောင်း မကောင်းကောင်း ရူးချင်ယောင်ဆောင် နေကြသူတွေ အများကြီးပါ။ အရူးကွက်တွေနင်းပြီး “ခိုးဖွင့်တာအဖမ်းခံရတာတောင်နဲသေး ဆိုင်ကိုရာသက်ပန်ပိတ်ပြစ်”၊ “လိုင်စင်သိမ်း ထောင်ချ”၊ “ဥပဒေမလိုက်နာတဲ့သူတွေ ၄ပဲ” တို့ဘာတို့တွေ မပြောကြပါနဲ့ဗျာ။ အဆိုးဆုံးက “ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ်ချင်းမစာဘူး”လို့ မပြောကြပါနဲ့ဗျာ။ မကျန်းမာချင်တဲ့လူ ကမ္ဘာပေါ်မှာတစ်ယောက်မှမရှိဘူး။ ကိုယ်ချင်းစာကြပါ။ တရားဥပဒေ အမှန်အကန်စိုးမိုးတဲ့တနေ့ ကျွန်တော်ချမ်းသာရမယ်လို့ အိမ်ကဘုရားမှာထိုင်ဆုတောင်းရင်း ကျွန်တော့်ကိုစိတ်ပူပေးကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ပြေဇင် ကတော့ မကွေးမြို့မှာ သူအစုရှယ်ယာ ပါဝင်ထားတဲ့ KTV လေး အဖမ်းခံရတာနဲ့ ပက်သတ်ပြီး ရင်တွင်းခံစားချက် ကို ပွင့်ပွင့်လင်းလင်း ပြောပြလာ တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment