Celebrity

မေန႕က သၾကၤန္အႀကိဳေန႔မွာ အေဆာင္ေနထိုင္သူ ျပည္သူမ်ားအတြက္ ေထာက္ပံ့လႉဒါန္းမႈေတြျပဳလုပ္ေပးခဲ့တဲ့ ခန႔္စည္သူ

Written by Ms Cele

မေန႕က သၾကၤန္အႀကိဳေန႔မွာ အေဆာင္ေနထိုင္သူ ျပည္သူမ်ားအတြက္ ေထာက္ပံ့လႉဒါန္းမႈေတြျပဳလုပ္ေပးခဲ့တဲ့ ခန႔္စည္သူ

(၂) လေက်ာ္ၾကာျမင့္ေနၿပီျဖစ္တဲ့ ဒီလူထု လႈပ္ရွားမႈႀကီးေၾကာင့္ ျမန္မာနိုင္ငံ အႏွံအျပားရွိ ျပည္သူေတြဟာ အခက္အခဲေတြ မ်ိဳးစုံၾကဳံေတြ႕ေနရသလို စိုးရိမ္ပူပန္မႈေတြမ်ားစြာနဲ႔ ေနရာညပါ ေနထိုင္ေနၾကရတာပါ။ဒီလို အေျခအေနေတြမွာ အားလုံးက တစ္ေယာက္ အခက္အခဲကို တစ္ေယာက္ကူညီေဖးမရင္း အေကာင္းဆုံး ေက်ာ္ျဖတ္ေနၾကတာလည္းျဖစ္ပါတယ္။

ခုလို အခ်ိန္ေတြမွာ လက္လုပ္လက္စား ျပည္သူေတြကလည္း လုပ္ငန္းတာဝန္ေတြကို မထမ္းေဆာင္နိုင္တာေၾကာင့္ စားဝတ္ေနေရး အခက္အခဲေတြကို ၾကဳံေတြ႕ေနရသလို အပစ္အခတ္ေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ေနရာေတြမွာဆိုရင္လည္း ျပည္သူေတြဟာ အိုးအိမ္ေတြကို စြန႔္ခြာကာ ထြက္ေျပး တိမ္းေရွာင္ေနရတာပါ။

ဒီလို အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရး အခက္အခဲျဖစ္ေနတဲ့ ျပည္သူေတြကို အႏုပညာရွင္ေတြ ပရဟိတအဖြဲ႕အစည္းေတြကလည္း တတ္နိုင္သေလာက္ ကူညီလႉဒါန္းမႈေတြ ျပဳလုပ္ေပးေနတာလည္း ျဖစ္ပါတယ္။အခုလည္း ခန႔္စည္သူက သၾကၤန္အႀကိဳေန႔မွာ လွိုင္သာယာရွိ အေဆာင္ေနထိုင္သူ ျပည္သူမ်ားအတြက္ မိတ္ေဆြမ်ားနဲ႔ စုေပါင္းကာ လိုအပ္တဲ့ အစားအေသာက္ ပစၥည္းမ်ားကို သြားေရာက္လႉဒါန္းခဲ့တာျဖစ္ပါတယ္။ အလႉပုံေလးေတြနဲ႔အတူ ” လွိုင္သာယာၿမိဳ႕နယ္(၃)ရပ္ကြက္အတြင္းရွိ အေဆာင္မ်ားတြင္ စုေပါင္း ငွားရမ္း ေနထိုင္ၾကရေသာ အေျခခံလူတန္းစား အိမ္ေထာင္စုမ်ားအတြက္ ဆန္၊ဆီ၊ပဲ၊ၾကက္သြန္၊ဆပ္ျပာ၊Maggi စြယ္စုံသုံးဟင္းခတ္မႈန႔္၊MILOထုပ္၊အေျခခံစားေသာက္ကုန္မ်ားႏွင့္ ဟင္းသီးဟင္းရြက္မ်ားကို ေဝငွလႉဒါန္းခဲ့ပါတယ္။ ခက္ခဲရွားပါးေနတဲ့ အခ်ိန္မွာ အားတက္သေရာ ပါဝင္လႉဒါန္းေပးၾကသူမ်ားကိုလည္း အထူးပဲ ေက်းဇူးတင္ရွိပါတယ္။” ဆိုတဲ့ စာေလးကို ေရးသားေဝမၽွထားရာ ျပန္လည္ေဖာ္ျပေပး လိုက္ပါတယ္။

Credit:Cele Zone
Photo – Kyaw Soe Win

မနေ့က သင်္ကြန်အကြိုနေ့မှာ အဆောင်နေထိုင်သူ ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းမှုတွေပြုလုပ်ပေးခဲ့တဲ့ ခန့်စည်သူ

(၂) လကျော်ကြာမြင့်နေပြီဖြစ်တဲ့ ဒီလူထု လှုပ်ရှားမှုကြီးကြောင့် မြန်မာနိုင်ငံ အနှံအပြားရှိ ပြည်သူတွေဟာ အခက်အခဲတွေ မျိုးစုံကြုံတွေ့နေရသလို စိုးရိမ်ပူပန်မှုတွေများစွာနဲ့ နေရာညပါ နေထိုင်နေကြရတာပါ။ဒီလို အခြေအနေတွေမှာ အားလုံးက တစ်ယောက် အခက်အခဲကို တစ်ယောက်ကူညီဖေးမရင်း အကောင်းဆုံး ကျော်ဖြတ်နေကြတာလည်းဖြစ်ပါတယ်။

ခုလို အချိန်တွေမှာ လက်လုပ်လက်စား ပြည်သူတွေကလည်း လုပ်ငန်းတာဝန်တွေကို မထမ်းဆောင်နိုင်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရသလို အပစ်အခတ်တွေနဲ့ ရင်ဆိုင်နေရတဲ့ နေရာတွေမှာဆိုရင်လည်း ပြည်သူတွေဟာ အိုးအိမ်တွေကို စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေရတာပါ။

ဒီလို အကြောင်း အမျိုးမျိုးကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို အနုပညာရှင်တွေ ပရဟိတအဖွဲ့အစည်းတွေကလည်း တတ်နိုင်သလောက် ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။အခုလည်း ခန့်စည်သူက သင်္ကြန်အကြိုနေ့မှာ လှိုင်သာယာရှိ အဆောင်နေထိုင်သူ ပြည်သူများအတွက် မိတ်ဆွေများနဲ့ စုပေါင်းကာ လိုအပ်တဲ့ အစားအသောက် ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အလှူပုံလေးတွေနဲ့အတူ ” လှိုင်သာယာမြို့နယ်(၃)ရပ်ကွက်အတွင်းရှိ အဆောင်များတွင် စုပေါင်း ငှားရမ်း နေထိုင်ကြရသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဆန်၊ဆီ၊ပဲ၊ကြက်သွန်၊ဆပ်ပြာ၊Maggi စွယ်စုံသုံးဟင်းခတ်မှုန့်၊MILOထုပ်၊အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ဝေငှလှူဒါန်းခဲ့ပါတယ်။ ခက်ခဲရှားပါးနေတဲ့ အချိန်မှာ အားတက်သရော ပါဝင်လှူဒါန်းပေးကြသူများကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။” ဆိုတဲ့ စာလေးကို ရေးသားဝေမျှထားရာ ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Kyaw Soe Win

About the author

Ms Cele

Leave a Comment