Celebrity


Written by Ms Cele





Credit:Cele Zone
Photo – ထိပ်ထားသခင်

မနေ့က အမေစုမွေးနေ့မှာ ပန်းလေးတွေပန်ဆင်ကာ ချစ်စရာအမူအယာလေးတွေနဲ့ အသဲယားစရာကောင်းနေတဲ့ ထိပ်ထားသခင်

ထိပ်ထားသခင် ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝ သိမ်းပိုက်ထားတဲ့ မြန်မာနိုင်ငံရဲ့ အသက် အငယ်ဆုံး အနုပညာရှင်လေးပဲ ဖြစ်ပါတယ်နော်။ အသည်းယားစရာ ကောင်းတဲ့ ဗီဒီယိုလေးတွေနဲ့ လူသိများ အောင်မြင်လာခဲ့ တာလည်းဖြစ်ပါတယ် ။ အခုဆိုရင် ထိပ်ထားလေးက ကလေးသရုပ်ဆောင်တစ်ဦး အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေခဲ့ပါတယ် ။

ဝဝကစ်ကစ် လေးနဲ့ ချစ်စရာကောင်းတဲ့ ထိပ်ထားလေး ကိုတော့ ပရိသတ်တွေသာမက အနုပညာရှင်တွေ အကုန်လုံးကပါ ချစ်မဝဖြစ်နေရတာ ပါ။တီတီတာတာ စကားပြောဟန်လေးတွေနဲ့ ချစ်စရာ အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်း ကျော်လေးဖြစ်လာတဲ့ ထိပ်ထားသခင်ကတော့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့အတူ အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ဆောင်နေပြီဖြစ်ကာ ပရိသတ်တွေလည်းအခိုင်မာရရှိထားတာပါနော် ။

ဒီနေ့ မှာလည်း ပန်းလေးတွေကို ခေါင်းမှာ ပန်ဆင်ရင်း အသည်းယားစရာ အမူအရာလေးတွေ မျိုးစုံပေးကာ ချစ်စရာကောင်းလွန်း နေခဲ့ပါတယ် ။ အသက်ငယ်ပေမယ့် အရွယ်လေးနဲ့ မလိုက်အောင် အိုက်တင်လေးတွေ မျိုးစုံပေးတတ်နေတာလည်း သူရဲ့ အနုပညာ ပါရမီလို့ ဆိုရမှာပါပဲ ။ ပရိသတ်ကြီး အတွက် ထိပ်ထားလေးရဲ့ ချစ်စရာပုံရိပ်လေးတွေ ကို ဝေမျှပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – ထိပ်ထားသခင်

About the author

Ms Cele

Leave a Comment